• Follow Us on

Home Yars တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကို ကြားဖြတ်ပစ်ချနိုင်တဲ့ ဒုံးကာစနစ်မရှိဟု ရုရှားဆို


Share this post






(Unicode)
Yars တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကို ကြားဖြတ်ပစ်ချနိုင်တဲ့ ဒုံးကာစနစ်မရှိဟု ရုရှားဆို
…………………………………………………………

ရုရှားထုတ် ၅ ဆက်မြောက် Yars တိုက်ချင်းပစ်ပဲ့ထိန်းဒုံးတွေကို ကြားဖြတ်ပစ်ချနိုင်တဲ့ ဒုံးကာကွယ်ရေး စနစ်မရှိသေးဘူးလို့ ရှရှားမဟာဗျူဟာဒုံးတပ်ဖွဲ့က Red Star သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

“ဒီမစ်ဇိုင်းတွေက သိပ္ပံနဲ့ နည်းပညာနယ်ပယ်မှာ နောက်ဆုံးပေါ် အောင်မြင်မှုဖြစ်ပါတယ်။ နည်းပညာပိုင်း အရရှုပ်ထွေးပြီး ရုပ်ပိုင်းဆိုင်ရာအရလည်း ကြားဖြတ်ပစ်ချနိုင်တဲ့ ဒုံးကာကွယ်ရေးစနစ်မရှိသေးပါဘူး” လို့ ရုရှားဒုံးတပ်ဖွဲ့ရဲ့ အကြီးအကဲတစ်ဦးက ပြောကြားခဲ့ပါတယ်။

Yars တိုက်ချင်းပစ်ပဲ့ထိန်းဒုံးစနစ်ဟာ Topol-M ဒုံးစနစ်ကို အဆင့်မြှင့်ထားတာဖြစ်ပါတယ်။

Ref; https://www.thedailystar.net/

#PeopleMedia #International


Share this post