• Follow Us on

Home YBS ကားေပါင္း ၅၉၀ ေက်ာ္ YPS ကတ္စနစ္ျဖင့္ ဇူလိုင္ ၂၁ ရက္ စတင္ မည္

YBS ကားေပါင္း ၅၉၀ ေက်ာ္ YPS ကတ္စနစ္ျဖင့္ ဇူလိုင္ ၂၁ ရက္ စတင္ မည္

Share this post

ရန္ကုန္၊ ဇူလုိင္ ၇

YBS ကားေပါင္း ၅၉၀ ေက်ာ္ YPS ကတ္စနစ္ျဖင့္ ဇူလိုင္ ၂၁ ရက္ စတင္အသုံးျပဳမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္း ေဒသႀကီး YTRA သတင္းစာရွင္းလင္းပြဲမွ သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး YRTA ႐ုံးခ်ဳပ္တြင္ ဇူလိုင္ ၈ ရက္ က်င္းပေသာ သတင္းစာရွင္းလင္းပြဲတြင္ YPS ကတ္ စနစ္ စတင္အသုံးျပဳမည့္ အစီအစဥ္အား ၎ကုမၸဏီမွ chief marketing ေဒၚရီရီခင္က သတင္းမီဒီယာမ်ားသို႔ ေျပာသည္။

“ကြ်န္မတို႔ စၿပီးမိတ္ဆက္မဲ့ ၂၁ ရက္ေန႔မွာ Ybpc က ယာဥ္လိုင္းအားလုံးလမ္းေၾကာင္း ၁၀ ခုေပါ့။ ယာဥ္လိုင္းက အားလုံး ၇ လိုင္း၊ ေနာက္ဗႏၶဳလဆိုရင္ လမ္းေၾကာင္း ၆ ခုယာဥ္လိုင္း ၅ လိုင္းေပါ့။ အားလုံးေပါင္း ဘတ္စ္ကား အေရအတြက္က ၅၉၇ စီးေပါ့။ အဲဒါကိုစၿပီးေတာ့ မိတ္ဆက္အေနနဲ႔စၿပီး သုံးဖို႔လုပ္ပါမယ္။ ၂၁ ရက္မွာ စပါမယ္’’ ဟု ၎ကေျပာသည္။

အဆိုပါ YPS ကတ္မ်ားကို GRG ဆိုင္ေပါင္း ၁၀၂ ဆိုင္တြင္ ကတ္တစ္ကတ္တန္ဖိုး ၂၀၀၀ က်ပ္ႏႈန္း၊ ေငြျဖည့္ႏိုင္ သည့္ ႏႈန္းက်ပ္ ၁၀၀၀ မွ ၅၀၀၀ ထိျဖည့္သြင္းႏိုင္ေၾကာင္းသိရသည္။

“ကတ္ကို ျပည္သူလူထုက ရင္းႏွီးေအာင္ထပ္ၿပီး ဘတ္စ္ကားအေရအတြက္ကို တိုးသြားမယ္။ လိုင္းေတြကို တိုး သြားမယ္။ ခရီးသြားျပည္သူေတြလည္း အဆင္ေျပမယ္။ ကတ္ကိုအသုံးျပဳတာလည္း သူတို႔အသားက်လာမယ္။ ဒုတိယအေနနဲ႔ YUPT ကေတာ့ ၂၁ လိုင္းကားေပါင္း ၆၇၄ စီးကို ကတ္စနစ္ ၾသဂုတ္လထဲမွာ ထပ္ၿပီး ထည့္သြင္း မယ္လို႔ ရည္မွန္းထားပါတယ္’’ဟု YPS chief marketing ေဒၚရီရီခင္ကထပ္မံေျပာသည္။

အဆိုပါ ကတ္စနစ္ကို အသုံးျပဳသည့္အတြက္ ေငြစကၠဴကို ပုံးထဲထည့္သြင္းစီးနင္းသည့္ ခရီးသည္မ်ားအတြက္ လည္း အခက္အခဲမရွိေစဘဲ ေငြစကၠဴအသုံးျပဳသူမွာလည္း ဆက္လက္အသုံးျပဳႏိုင္ေၾကာင္း YRTA မွ တြဲဖက္ အတြင္းေရးမွဴး ဦးလွေအာင္ကလည္းေျပာသည္။

#PeopleMedia #YBS #YPS

(unicode)
YBS ကားပေါင်း ၅၉၀ ကျော် YPS ကတ်စနစ်ဖြင့် ဇူလိုင် ၂၁ ရက် စတင် မည်
…………………………………………………

ရန်ကုန်၊ ဇူလိုင် ၇

YBS ကားပေါင်း ၅၉၀ ကျော် YPS ကတ်စနစ်ဖြင့် ဇူလိုင် ၂၁ ရက် စတင်အသုံးပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး YTRA သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး YRTA ရုံးချုပ်တွင် ဇူလိုင် ၈ ရက် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် YPS ကတ် စနစ် စတင်အသုံးပြုမည့် အစီအစဉ်အား ၎င်းကုမ္ပဏီမှ chief marketing ဒေါ်ရီရီခင်က သတင်းမီဒီယာများသို့ ပြောသည်။

“ကျွန်မတို့ စပြီးမိတ်ဆက်မဲ့ ၂၁ ရက်နေ့မှာ Ybpc က ယာဉ်လိုင်းအားလုံးလမ်းကြောင်း ၁၀ ခုပေါ့။ ယာဉ်လိုင်းက အားလုံး ၇ လိုင်း၊ နောက်ဗန္ဓုလဆိုရင် လမ်းကြောင်း ၆ ခုယာဉ်လိုင်း ၅ လိုင်းပေါ့။ အားလုံးပေါင်း ဘတ်စ်ကား အရေအတွက်က ၅၉၇ စီးပေါ့။ အဲဒါကိုစပြီးတော့ မိတ်ဆက်အနေနဲ့စပြီး သုံးဖို့လုပ်ပါမယ်။ ၂၁ ရက်မှာ စပါမယ်’’ ဟု ၎င်းကပြောသည်။

အဆိုပါ YPS ကတ်များကို GRG ဆိုင်ပေါင်း ၁၀၂ ဆိုင်တွင် ကတ်တစ်ကတ်တန်ဖိုး ၂၀၀၀ ကျပ်နှုန်း၊ ငွေဖြည့်နိုင် သည့် နှုန်းကျပ် ၁၀၀၀ မှ ၅၀၀၀ ထိဖြည့်သွင်းနိုင်ကြောင်းသိရသည်။

“ကတ်ကို ပြည်သူလူထုက ရင်းနှီးအောင်ထပ်ပြီး ဘတ်စ်ကားအရေအတွက်ကို တိုးသွားမယ်။ လိုင်းတွေကို တိုး သွားမယ်။ ခရီးသွားပြည်သူတွေလည်း အဆင်ပြေမယ်။ ကတ်ကိုအသုံးပြုတာလည်း သူတို့အသားကျလာမယ်။ ဒုတိယအနေနဲ့ YUPT ကတော့ ၂၁ လိုင်းကားပေါင်း ၆၇၄ စီးကို ကတ်စနစ် ဩဂုတ်လထဲမှာ ထပ်ပြီး ထည့်သွင်း မယ်လို့ ရည်မှန်းထားပါတယ်’’ဟု YPS chief marketing ဒေါ်ရီရီခင်ကထပ်မံပြောသည်။

အဆိုပါ ကတ်စနစ်ကို အသုံးပြုသည့်အတွက် ငွေစက္ကူကို ပုံးထဲထည့်သွင်းစီးနင်းသည့် ခရီးသည်များအတွက် လည်း အခက်အခဲမရှိစေဘဲ ငွေစက္ကူအသုံးပြုသူမှာလည်း ဆက်လက်အသုံးပြုနိုင်ကြောင်း YRTA မှ တွဲဖက် အတွင်းရေးမှူး ဦးလှအောင်ကလည်းပြောသည်။

#PeopleMedia #YBS #YPS


Share this post