• Follow Us on

Home YBS ယာဉ်လိုင်းတစ်ချို့ ယာဉ်စီးခ (၄၀၀) ကျပ် ပြောင်းလဲကောက်ခံမည်ဟု ကြေညာ၊ YRTC မှ ယာဉ်စီးခ တိုးမြှင့်ကောက်ခံမည်မဟုတ်ပါကြောင်း ထုတ်ပြန်

YBS ယာဉ်လိုင်းတစ်ချို့ ယာဉ်စီးခ (၄၀၀) ကျပ် ပြောင်းလဲကောက်ခံမည်ဟု ကြေညာ၊ YRTC မှ ယာဉ်စီးခ တိုးမြှင့်ကောက်ခံမည်မဟုတ်ပါကြောင်း ထုတ်ပြန်

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ (People Media)

 

ယနေ့မှစ၍ YBS ယာဉ်လိုင်းတစ်ချို့ ယာဉ်စီးခ (၄၀၀) ကျပ် ပြောင်းလဲကောက်ခံမည်ဟု အဆိုပါယာဉ်လိုင်းများ တွင် ကြေညာစာများကပ်ထားသော်လည်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) မှ ယနေ့တွင် ယာဉ်စီးခတိုးမြင့်ကောက်ခံမည်မဟုတ်ပါကြောင်း ထုတ်ပြန်ထားသည်။

 

လက်ရှိ ရန်ကုန်မြို့အတွင်း ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်လိုင်းတော်တော်များများမှာ ယခင် ယာဉ်စီးခ ၂၀၀ ကျပ်အစား ၃၀၀ ကျပ်ဖြင့် ပြောင်းလဲကောက်ခံလျက်ရှိသည့်အပြင် ယနေ့မှစ၍ ဂိတ်စ ဂိတ်ဆုံးခရီးစဉ်အား ၄၀၀ ကျပ်ထိ တိုးမြှင့်ကောက်ခံရန် စီစဉ်နေကြခြင်းဖြစ်သည်။

 

ယာဉ်စီးခများ တိုးမြှင့်ကောက်ခံမည့် သတင်းနှင့်ပတ်သက်ပြီး ယနေ့ (YRTC) မှ “ဖေဖော်ဝါရီလ ၂၂ ရက်နေ့ YBS ယာဉ်စီးခနှုန်းပြောင်းလဲရန်မရှိပါကြောင်း အသိပေးအပ်ကြောင်း” ထုတ်ပြန်ထားသည်။

 

ယနေ့ YBS ယာဉ်စီးနှုန်းထားပြောင်းလဲကောက်ခံမည့်ယာဉ်လိုင်းများအား မည်သို့ အရေးယူဆောင်ရွက်မည်ကို တော့ YRTC မှ ပြောဆိုထားမရှိပေ။

 

YBS ယာဉ်လိုင်း တော်တော်များများ ယာဉ်စီးခတိုးမြှင့်ကောက်ခံနေကြသော်လည်း ဗန္ဓုလသယ်ယူပို့ဆောင်ရေး လက်အောက်ရှိ ယာဉ်လိုင်းများနှင့် OMNI Focus လက်အောက်ရှိ ယာဉ်လိုင်းများမှာတော့ ယခင် ယာဉ်စီးခ ဈေးနှုန်းတိုင်းသာ ပုံမှန်တိုင်းကောက်ခံနေလျက်ရှိကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post