YBS-58 ယာဉ်ပေါ်တွင် အနုကြမ်းစီးခြင်းမဟုတ်ကြောင်း ထုတ်ပြန်
PUBLISHED - March 13, 2024
ရန်ကုန်၊ မတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ ညောင်တန်းအိမ်ယာအနီးတွင် ယမန်နေ့ ညနေပိုင်းအချိန်က YBS-58 ယာဉ်ပေါ်တွင် အနုကြမ်းစီး ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း လူမှုကွန်ယက်စာမျက်နှာများတွင် ရေးသား ဖော်ပြကြောင်းတွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။
ဖြစ်စဉ်အားစစ်ဆေးခဲ့ရာ YBS-58 ယာဉ်အမှတ် 9P-8757 သည် သီတာဆိပ်မှတ်တိုင်၌ မတ်လ ၁၂ ရက် ညနေ ၃ နာရီ ၃၃ အချိန် ခရီးသည်များဆင်းရန်ရပ်နားစဉ် ယာဉ်နောက်ပိုင်းမှ ဂျင်းဘောင်းဘီဝတ်အမျိုးသားတစ်ဦး အား ယာဉ်အရှေ့ပိုင်း သံဃာထိုင်ခုံနားတွင်ရပ်နေသည့် ဘောင်းဘီဝတ် ဦးထုပ်ဆောင်းထားသူတစ်ဦးမှ အော် ဟစ်ပြေးကပ်လာပြီး မင်းဖုန်းဘယ်နှစ်လုံးပါသလဲ၊ ယခုထုတ်ပေးဟု အော်ဟစ်ခြင်းခဲ့ပြီး ပြေးဆင်းရန် မကြိုး စားနှင့် လုပ်ပလိုက်မည်ဖြစ်ကြောင်း အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့သည့်အတွက် လူငယ်မှ ဖုန်းအားစလွယ်သိုင်း လွယ်အိတ်ထဲမှ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း စီစစ်တွေ့ရှိရကြောင်း၊ ခရီးသည်အများစုမှလည်း မှင်သက်ငေး ကြည့်နေကြကြောင်းတွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။
YBS ခရီးသည်တင်ယာဉ်များတွင် CCTV အပြည့်တပ်ဆင်ထားကြောင်း၊ ဖြစ်စဉ်များအားလုံးအား CCTV တွင် ပြတ်ပြတ်သားသားမြင်တွေ့ရသဖြင့် ခရီးသည်များစိုးရိမ်သောကဖြစ်ရန်မလိုအပ်ကြောင်း၊ ဖြစ်စဉ်မှာလည်း ဓါးပြတိုက်ခြင်း မဟုတ်ပါကြောင်း ထုတ်ပြန်ထားသည်။
ယာဉ်လိုင်းပေါ်တွင် ဖြစ်ပွားခဲ့သည့် အမျိုးသား ၂ ဦးနှင့် ပတ်သက်ပြီး YUPT Public Co.,Ltd မှ မည်သည့် အကြောင်းကြောင့် ထိုကဲ့သို့ ဖြစ်ပွားသည်ကို ရှင်းလင်းထားခြင်း မရှိပေ။
#PeopleMedia