• Follow Us on
Latest News

Home YMBA နှင့် ရုရှားတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်ဦးဆောင်သောအဖွဲ့ဝင်များနှင့် တွေ့ဆုံ၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေး

YMBA နှင့် ရုရှားတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်ဦးဆောင်သောအဖွဲ့ဝင်များနှင့် တွေ့ဆုံ၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၆

 

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ YMBA အသင်းအစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီ တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ၏ ဗဟိုဥက္ကဋ္ဌ ဦးရဲထွန်းအပါအဝင် အမှုဆောင်အဖွဲ့ဝင်များနှင့် ရုရှားတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်၊ ရုရှား-မြန်မာသံရုံးမှ သံမှူး ဦးဆောင်သောအဖွဲ့တွေ့ဆုံခဲ့ကြောင်း သိရ သည်။

 

ထိုသို့ တွေ့ဆုံရာတွင် ပညာရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြပြီး အပြန်အလှန် အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

၁၉၀၆ ခုနှစ်မှ စတင်တည်ထောင်ခဲ့သော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA သည် အသင်းကြီး၏အဓိက လုပ်ငန်းစဉ်များဖြစ်သော အမျိုးဘာသာ သာသနာပညာလုပ်ငန်းများကို အင်တိုက် အားတိုက်ဆောင်ရွက် လျက်ရှိရာ ယခုအချိန်တွင် အသင်းဝင်အင်အားဆယ်သိန်း ကျော်ရှိခဲ့ပြီဖြစ်သည်။

 

#PeopleMedia


Share this post