• Follow Us on

Home YMBA အသင်းသူ/သားများအနေဖြင့် YMBA ဗဟိုအမှုဆောင်များအား ကြိုတင်အသိပေးတင်ပြခြင်းမရှိဘဲ မိမိသဘောဆန္ဒအလျောက် မီဒီယာများကိုဖြေကြားခွင့်မပြု

YMBA အသင်းသူ/သားများအနေဖြင့် YMBA ဗဟိုအမှုဆောင်များအား ကြိုတင်အသိပေးတင်ပြခြင်းမရှိဘဲ မိမိသဘောဆန္ဒအလျောက် မီဒီယာများကိုဖြေကြားခွင့်မပြု

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

YMBA အသင်းသူ/သားများအနေဖြင့် YMBA ဗဟိုအမှုဆောင်များအား ကြိုတင်အသိပေးတင်ပြခြင်းမရှိဘဲ မိမိသဘောဆန္ဒအလျောက် မီဒီယာများကိုဖြေကြားခွင့်မပြုကြောင်း YMBA အသင်းကြီးက သတင်းထုတ် ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် YMBA ၏ ဗဟိုအမူဆောင်များအား ကြိုတင်အသိပေးတင်ပြခြင်းမရှိဘဲ၊ ပြောရေး ဆိုခွင့်မရှိဘဲ မိမိတို့သဘောဆန္ဒအလျောက် မည်သည့်မီဒီယာမှဖြေကြားခြင်းမပြုရန်ထုတ်ပြန်ထားသည်။

အဆိုပါ သတင်းထုတ်ပြန်မှုတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ဥက္ကဋ္ဌ ဦးရဲထွန်းက “မလိုလားအပ် သော ပြဿနာများ မပေါ်ပေါက်စေရေးနှင့် တိကျမှန်ကန်သော အချက်အလက်သာဖြစ်စေရန်အတွက် အသင်း ခွဲအသီးသီးနှင့် တာဝန်ရှိ အသင်းသူ/သားများတို့သည် ယနေ့ ဇန်နဝါရီ ၁၀ ရက်မှစတင်၍ YMBA ဗဟိုအမှု ဆောင်များအား ကြိုတင်အသိပေးတင်ပြခြင်းမရှိဘဲ၊ ပြောရေးဆိုခွင့်မရှိဘဲ မိမိတို့ သဘောဆန္ဒအလျောက် မည်သည့်မီဒီယာနှင့်မဆို အင်တာဗျူးခြင်း၊ မီဒီယာများ၏ဖုန်းဖြင့်မေးသည့် မေးခွန်းများ ဖြေကြားခြင်းများကို လုံးဝမပြုလုပ်ကြရန် အထူးလေးနက်စွာ အသိပေးအကြောင်းကြားပါသည်” ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ People Media က YMBA အတွင်းရေးမှူးကို ဆက်သွယ်ရာ၌ ဆက်သွယ်၍ မရခဲ့ပါ။

#PeopleMedia #YMBA #သတင်းထုတ်ပြန်မှု

(unicode)
…………………………………………








Share this post