• Follow Us on
Latest News

Home YMBA အသင္းႀကီးက တပ္ခ်ဳပ္ကုိ သတုိးသီရိအဂၢမဟာမဂၤလဓမၼေဇတိကဓဇဘြဲ႕ေတာ္ ဂုဏ္ျပဳခ်ီးျမွင့္

YMBA အသင္းႀကီးက တပ္ခ်ဳပ္ကုိ သတုိးသီရိအဂၢမဟာမဂၤလဓမၼေဇတိကဓဇဘြဲ႕ေတာ္ ဂုဏ္ျပဳခ်ီးျမွင့္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ဗုဒၶဘာသာကလ်ာဏယုဝအသင္းႀကီး (YMBA) ႏွစ္(၁၀၀)ျပည့္ အမ်ဳိးသားေအာင္ပြဲေန႔ အခမ္းအနား၌ တပ္မ ေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကုိ သတုိးသီရိအဂၢမဟာမဂၤလဓမၼေဇတိကဓဇ ဘြဲ႕ေတာ္ ဂုဏ္ျပဳခ်ီးျမွင့္ခဲ့သည္။
 
အဆုိပါအခမ္းအနား၌ နိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႕ဥကၠ႒ မႏၲေလးၿမိဳ႕၊ ဗန္းေမာ္ေက်ာင္းတိုက္ပဓာန နာယက အဘိဓဇမဟာရ႒ဂု႐ု အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက ေဒါက္တာ ဘဒၵႏၲ ကုမာရာ ဘိဝံသ၊ သီတဂူ ကမာၻ႔ဗုဒၶတကၠသိုလ္မ်ားႏွင့္ သီတဂူေဆး႐ုံေတာ္မ်ား၏ အဓိပတိ အဘိဓဇမဟာရ႒ဂု႐ု အဘိဓဇ အဂၢမဟာသဒၶ မၼေဇာတိက အဂၢမဟာပ႑ိတ မဟာဓမၼ ကထိက ဗဟုဇန ဟိတဓရ ေ႐ႊက်င္နိကာယဥပဥကၠ႒ တြဲဖက္ေ႐ႊ က်င္သာသနာပိုင္ သီတဂူဆရာေတာ္ ေဒါက္တာ ဘဒၵႏၲဉာဏိႆရ၊ အဂၢမဟာပ႑ိတနိုင္ငံေတာ္ ဩဝါဒါစရိယ ေ႐ႊတိဂုံေစတီေတာ္ေဂါပကအဖြဲ႕ ဩဝါဒါစရိယဘဒၵႏၲတိေလာကာဘိဝံသ (႐ြာမဆရာေတာ္ဘုရားႀကီး)တို႔ တက္ ေရာက္ခ်ီးျမႇင့္ခဲ့သည္။
 
ထုိ႔အတူ YMBA အသင္းႀကီး၏ ရာသက္ပန္နာယကႀကီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ အဂၢမဟာမဂၤလဓမၼ ေဇာတိကဓဇ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္း၊ ညွိႏွိုင္းကြပ္ကဲေရးမွဴး(ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ)ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ YMBA အသင္းဥကၠ႒ ဦးရဲထြန္း၊ တြဲဖက္ဥကၠ႒ ဦးစိန္သန္း၊ ဒုတိယဥကၠ႒ ေဒါက္တာ ေအာင္မင္းေက်ာ္သူ၊ YMBA အသင္းသားမ်ားတက္ေရာက္ခဲ့ၾကသည္။
 
#PeopleMedia #YMBA
 
(unicode)
YMBA အသင်းကြီးက တပ်ချုပ်ကို သတိုးသီရိအဂ္ဂမဟာမင်္ဂလဓမ္မဇေတိကဓဇဘွဲ့တော် ဂုဏ်ပြုချီးမြှင့်
…………………………………………………….
 
ရန်ကုန်၊ ဒီဇင်ဘာ – ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား၌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သတိုးသီရိအဂ္ဂမဟာမင်္ဂလဓမ္မဇေတိကဓဇ ဘွဲ့တော် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
 
အဆိုပါအခမ်းအနား၌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာ ဘိဝံသ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓ မ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မ ကထိက ဗဟုဇန ဟိတဓရ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ တွဲဖက်ရွှေ ကျင်သာသနာပိုင် သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊ အဂ္ဂမဟာပဏ္ဍိတနိုင်ငံတော် ဩဝါဒါစရိယ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယဘဒ္ဒန္တတိလောကာဘိဝံသ (ရွာမဆရာတော်ဘုရားကြီး)တို့ တက် ရောက်ချီးမြှင့်ခဲ့သည်။
 
ထို့အတူ YMBA အသင်းကြီး၏ ရာသက်ပန်နာယကကြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ YMBA အသင်းဥက္ကဋ္ဌ ဦးရဲထွန်း၊ တွဲဖက်ဥက္ကဋ္ဌ ဦးစိန်သန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်မင်းကျော်သူ၊ YMBA အသင်းသားများတက်ရောက်ခဲ့ကြသည်။
 
#PeopleMedia #YMBA

Share this post