• Follow Us on

Home YMBA အသင်း ဦးဆောင်မှုဖြင့် တပ်မတော်ဆေးရုံ ခုတင်-၅၀၀ နှင့် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး ခုတင်-၅၀၀ သို့ PE ဝတ်စုံနှင့် Surgical Mask များ ပေးအပ်လှူဒါန်း


Share this post

ရန်ကုန်၊ စက်တင်ဘာ – ၁၀




#PeopleMedia #YMBA

(unicode)
YMBA အသင်း ဦးဆောင်မှုဖြင့် တပ်မတော်ဆေးရုံ ခုတင်-၅၀၀ နှင့် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး ခုတင်-၅၀၀ သို့ PE ဝတ်စုံနှင့် Surgical Mask များ ပေးအပ်လှူဒါန်း
…………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၁၀

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA)မှဦးဆောင်ပြီး မြန်မာအိပ်မက် အလင်းရှင်အသင်းမှ ရန်ကုန်မြို့၊ တပ်မတော်ဆေးရုံ ခုတင်-၅၀၀ သို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်စေရန်အတွက် PPE ဝတ်စုံနှင့် Surgical Mask များလှူဒါန်းခဲ့သည်။

ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းကြီး (YMBA) အသင်းမှ ဗဟိုဥက္ကဋ္ဌနှင့် မြန်မာအိပ်မက်အလင်းရှင် အသင်းမှအလှူရှင်များသည် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါအထူးကုဆေးရုံကြီး ခုတင်-၅၀၀ သို့သွားရောက်ပြီး PPE ဝတ်စုံနှင့် Surgical Mask များပေးအပ်လှူဒါန်းခဲ့သည်။

ယင်းသို့လှူဒါန်းရာတွင် YMBA အသင်းကြီး၏ဦးဆောင်မှုဖြင့် မြန်မာအိပ်မက်အလင်းရှင်အသင်း အလှူရှင်များက တပ်မတော်ဆေးရုံ ခုတင်-၅၀၀သို့ PPE ဝတ်စုံ အစုံ ၇၀၊ Surgical Mask အခု ၁၀၀၀ နှင့် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး ခုတင်-၅၀၀ သို့ PPE ဝတ်စုံ ၆၁ စုံ၊ Surgical Mask အခု ၁၀၀၀ တို့အား ပေးအပ်လှူဒါန်းခဲ့သည်။

#PeopleMedia #YMBA


Share this post