YRTA ကထွက်သည့်စာသည် ယာဉ်လိုင်းနဲ့ ခရီးသည်တွေကြား ရန်တိုက်ပေးသလိုဖြစ်နေကြောင်း YRTA ကို တုန့်ပြန်ပြောဆိုလိုက်သည့် အေးချစ်မြိုင်ယာဉ်လိုင်း

PUBLISHED - January 23, 2021
“အမှန်က ကျွန်တော်တို့ကို ရန်တိုက်ပေးလိုက်တာဗျ ကားလိုင်းတွေကို သူတို့နဲ့မဆိုင်ဘူးဆိုပြီး သူတို့က ခေါင်းရှောင်သွားတာပေါ့၊ YRTA အနေနဲ့ ဘာသဘောထားမှတ်ချက်မှပြုမထားဘူးပေါ့။ အမှန်က အဲ့ဒါ First wave ကထွက်ထားတဲ့စာကြီး အဲ့ဒါကိုပြန်ရည်ညွှန်းတာ” ဟု အေးချစ်မြိုင်ယာဉ်လိုင်း တာဝန်ခံကိုမွှေး
ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) သည် COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းများ လိုက်နာရမည့် ယာဉ်လိုင်းပြေးဆွဲမယ့်ကိစ္စ ရပ်များ ညွှန်ကြားပါစာကို ဇန်နဝါရီ (၂၀)ရက်နေ့၌ ထုတ်ပြန်ခဲ့သည်။ အဆိုပါ ညွှန်ကြားစာသည် ယာဉ်လိုင်းများ ပြေးဆွဲနိုင်သည့် တိကျသော ညွှန်ကြားချက်၊ တာဝန်ယူမှု တာဝန်ခံမှုမရှိသည့် YRTA ၏ ရပ်တည်ချက်နှင့် ပတ်သက်၍ People Media က အေးချစ်မြိုင်ယာဉ်လိုင်းမှ တာဝန်ခံကိုမွှေးနှင့် ဆက်သွယ်မေးမြန်းလိုက်သည်။
People Media ။ ။ အဝေးပြေးယာဉ်လိုင်းတွေ ပြန်ပြေးဆွဲဖို့ ညွှန်ကြားချက်ရပြီလား။
အေးချစ်မြိုင်ယာဉ်လိုင်း ။ ။ မရသေးဘူး။ မရသေးဘူး။ YRTA က စာထွက်လိုက်တာက သူကခေါင်းရှောင်တဲ့ သဘောမျိုးပဲထွက်လိုက်တာ။ လောလောဆယ်တော့ ဒေသန္တရအမိန့်တွေနဲ့ထွက်လို့မရဘူး။ ရန်ကုန်တိုင်း YRTA ကထွက်တဲ့စာက ပြည်သူတွေကမေးတယ်ပေါ့ ဟိုတလောတုန်းက လိုင်းပေါ်မှာအောင်မင်္ဂလာဆိုပြီး တော့ ပို့စ်တစ်ခုတက်လာတယ်။ ကားသေးတွေနဲ့ ခရီးသည်တွေ တင်တယ်ပေါ့ ကားပိုင်ရှင်တွေကလည်း ငြီး တယ်ဘာညာပေါ့။ Cover လုပ်သွားတာသူကိုယ့်သူ cover လုပ်သွားတာ အဲ့လိုမျိုးပါ။
People Media ။ ။ YRTA ကထုတ်တဲ့စာအပေါ်ဘယ်လိုသဘောရလဲ။
အေးချစ်မြိုင်ယာဉ်လိုင်း ။ ။ အမှန်က ကျွန်တော်တို့ကို ရန်တိုက်ပေးလိုက်တာဗျ ကားလိုင်းတွေကို သူတို့နဲ့ မဆိုင်ဘူးဆိုပြီး သူတို့က ခေါင်းရှောင်သွားတာပေါ့၊ YRTA အနေနဲ့ ဘာသဘောထားမှတ်ချက်မှပြုမထားဘူးပေါ့။ အမှန်က အဲ့ဒါ First wave ကထွက်ထားတဲ့စာကြီး အဲ့ဒါကိုပြန်ရည်ညွှန်းတာ။ အဲ့စာကို သူတို့က ပြန်ကိုးကားပြီး သူတို့က အဲ့တိုင်းလုပ်ခွင့်ပြုထားတယ်ပေါ့။ ကျွန်တော်တို့တစ်ခါ ရက်ပိုင်းလေးကားတွေပြန်ထွက်ခွင့်ရသေးတယ် လေ Second wave မတိုင်ခင် အဲ့တုန်းကထွက်ထားတဲ့စာကို ပြန်တင်ပြီး အဲ့တုန်းကအတိုင်းပဲ သူတို့ကနောက် ထပ်စာမထွက်ထားဘူးပေါ့ ခရီးသည်မရလို့မထွက်ရတာပါဆိုပြီး ကျွန်တော်တို့ကိုပြန်ပြောတာ။ ဒါမယ့် ဒေသန္တရ ညွှန်ကြားချက်တွေကရှိပြီးသားတွေ လုံးဝလူမတင်ခဲ့ပါနဲ့ဆိုတာကရှိပြီးသား။
People Media ။ ။ YRTA ကပြေးဆွဲခွင့် ပိတ်မထားဘူးပြောတယ် ဒါဆိုဘာလိုမဆွဲကြရတာလဲ။
အေးချစ်မြိုင်ယာဉ်လိုင်း ။ ။ အဲ့ဒါက ဒီတိုင်းဆိုမပိတ်ဘူးဗျ ဒေသန္တရအမိန့်တွေနဲ့ သူတို့ မြို့နယ်တွေက အဝင်မခံဘူးလေ။ သူတို့ဒေသခံတွေက အဝင်မခံထားဘူးလေ။ နောက်းပြီတော့ ရန်ကုန်တိုင်း YRTA ကသာ ပိတ်မထားဘူးပြောတာ နယ်က YRTA တွေကပိတ်ထားတာလေ။ ရန်ကုန်က YRTA ကခွင့်ပြုတယ် ခွင့်မပြုဘူး ပြောမထားဘူး နယ်ကတော့ တရားဝင်ပိတ်ထားတယ်။
People Media ။ ။ ခရီးသည်တွေက လှမ်းစုံစမ်းတာမျိုးရှိလား။
အေးချစ်မြိုင်ယာဉ်လိုင်း ။ ။ အများကြီးပေါ့။ အများကြီးပေါ့။ အရေးကြီးလို့ပါ ဘယ်လိုလုပ်ရမလဲဘာညာပေါ့။ သူတို့အတွက်က ကားလေးတွေနဲ့ သွားလို့ရတယ် ဟိုရောက်ရင် Quarantine ဝင်ရင်ရတယ်ပေါ့နော် ကျွန်တော်တို့ကားကြီးတွေကြတော့မြို့ထဲကို ပေးအဝင်မခံတာအပြင်မှာပဲရပ်ရတာ။
People Media ။ ။ ပြေးဆွဲမှုရပ်ထားတဲ့ကာလအတွင်းမှာ ယာဉ်လိုင်းတွေဘယ်လောက် ဝင်ငွေနစ်နာကြလဲ။
အေးချစ်မြိုင်ယာဉ်လိုင်း ။ ။ အဆင်ပြေသလိုသွားနေကြရတာပါပဲ။ ဝန်ထမ်းလျော့လိုက်ရတာတွေရှိတယ်။ တစ်ချို့ ကားအကောင်းတွေဆိုကုန်တင်ဖို့အဆင်မပြေဘူးပေါ့ အဲ့ကြတော့လုံး၀ ရပ်နားလိုက်ရတယ်။ တစ်ချို့ ကြတော့လည်း ဘဏ်နဲ့ချိတ်ပြီးဝယ်ထားတဲ့ကားတွေရှိတယ်။အဲ့ လိုတွေကြတော့ လစဉ်အတိုးပေးရတာတို့ သွင်းရတာတို့ရှိတယ်။ ပြောရမယ်ဆိုရင်အတော့ ဘယ်လောက်နစ်နာသွားတယ်တော့ပြောလို့မရဘူး ထိတော့ ထိခိုက်ကြတာပေါ့ ကမ္ဘာတစ်ဝှမ်းဆိုတော့လည်း တစ်ဦးတစ်ယောက်မှ မဟုတ်တာ။
People Media ။ ။ ဘာအခက်အခဲတွေလည်းရှိလဲ။
အေးချစ်မြိုင်ယာဉ်လိုင်း ။ ။ ရှိတယ်။ ရှိတယ်ဆိုတာ အများဆုံးက အခြေခံ လူတန်းစားပဲဗျ။ ဝန်ထမ်းလေးတွေ ဘာလေးတွေကြတော့ အလုပ်လက်မဲ့သဘောမျိုးကိုဖြစ်သွားတာပေါ့။ အရင်ကဆို ၄၊ ၅၊ ၁၀ ယောက် လောက်ငှားနိုင်တယ်။ အခုဆိုတော့ ၃ ယောက်လောက်ပဲငှားနိုင်တော့တာပေါ့။ ယာဉ်မောင်းနဲ့ ယာဉ် နောက်လိုက်ပေါ့။ ဆေးစစ်တယ်ဆိုတာကလည်း မလွယ်ဘူးလေ ဆေးစစ်ကုန်ကျစရိတ်ရှိသေးတယ်လေ။ နှစ်ယောက်ဆိုရင် ၃ သောင်းလောက်ကုန်သွားတာပေါ့။
People Media ။ ။ ဒီထက်ကြာလာရင် ထိခိုက်မှု ဘယ်လောက်ရှိနိုင်မလဲ။
အေးချစ်မြိုင်ယာဉ်လိုင်း ။ ။ ကျွန်တော်တစ်ယောက်ထဲအမြင်ပေါ့နော် တစ်ဖြည်းဖြည်းနဲ့ နေသားကြနေပြီ။ အရေထူလာတဲ့သဘောမျိုးဖြစ်နေတယ်။ စဖြစ်ခါစအတိုင်းမဟုတ်တော့ဘူး အားလုံးကမျှော်လင့်ချက်တစ်ခုပဲရှိ တော့တယ်။
People Media ။ ။ ပုံမှန် ပြန်ပြေးဆွဲခွင့်ရဖို့ အစိုးရကို ဘယ်လိုတောင်းဆိုချင်လဲ။
အေးချစ်မြိုင်ယာဉ်လိုင်း ။ ။ YRTA ကပြောထားတဲ့အတိုင်းပဲ သတ်မှတ်ချက်လုပ်လိုက်ပေါ့နော် ဟိုရောက်လို့ Quarantine center ရှိရင်တန်းပို့လိုက်ပေါ့နော်။ အဲ့လိုသွားခွင့်ရရင်တော့ အဆင်ပြေတာပေါ့။ သူတို့လည်း သူတို့စည်းကမ်းနဲ့ပေါ့ အဲ့လိုစည်းကမ်းနဲ့သွားရင်တော့ လက်ခံပေးမယ်။ အဲ့လိုသွားမှပဲဖြစ်မှာပါ။
Photo – အောင်မင်္ဂလာ
#PeopleMedia #YRTA #အေးချစ်မြိုင်
(unicode)
……………………………………………………………………