• Follow Us on

Home YUTONG Bus ပေါ်မှ တရားမဝင်တင်ဆောင်လာသည့် လက်ကိုင်ဖုန်း အလုံး (၁၇၀၀) ကျော် ဖမ်းဆီးရမိ

YUTONG Bus ပေါ်မှ တရားမဝင်တင်ဆောင်လာသည့် လက်ကိုင်ဖုန်း အလုံး (၁၇၀၀) ကျော် ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၉ (People Media)

 

YUTONG Bus ပေါ်မှ တရားမဝင် တင်ဆောင်လာသည့် လက်ကိုင်ဖုန်း အလုံး (၁၇၀၀) ကျော်ကို ဖမ်းဆီးရမိခဲ့ ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၇ ရက်တွင် စုံစမ်းစစ်ဆေးရေးအရာရှိ (မန္တလေး)နှင့် စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဌာနခွဲ၊ အကောက်ခွန်ဦးစီးဌာနမှ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး (၂၁/၃)မိုင်ခန့်တွင် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ယာဉ်အမှတ်၊ 1F/8750 (YUTONG Bus) ပေါ်တွင် တရားဝင်စာ ရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိဘဲ တင်ဆောင်လာသည့် ဖုန်းမျိုးစုံ ၁၇၀၅ လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀,၆၄၄,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော YUTONG Bus တစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀,၀၀၀,၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၀,၆၄၄,၀၀၀ ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

ဖမ်းဆီးရမိသည့်ပစ္စည်းများကို အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများ ကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia #အကောက်ခွန်မဲ့

 

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post