• Follow Us on

Home ကန့်ဘလူမြို့တွင် ပဲစင်းငုံခင်းထဲ၌ မိုင်းပေါက်ကွဲ၍ အမျိုးသားတစ်ဦး ဒဏ်ရာရ

ကန့်ဘလူမြို့တွင် ပဲစင်းငုံခင်းထဲ၌ မိုင်းပေါက်ကွဲ၍ အမျိုးသားတစ်ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၃၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ဆည်ကြီးကျေးရွာတွင် အမျိုသားတစ်ဦး ပဲစင်းငုံခင်း ထဲ၌ တောင်ယာလုပ်ငန်းလုပ်ကိုင်စဉ် PDF များထောင်ထားသည့် မိုင်းမှာပေါက်ကွဲ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၂၉ ရက် နံနက် ၉ နာရီကျော်တွင် ဆည်ကြီးကျေးရွာတွင် နေသည့်အမျိုးသားမှာ ထိုကျေးရွာ အရှေ့ ဘက် (၂) မိုင်ခန့်အကွာတွင်ရှိသည့် ပဲစင်းသုံခင်းထဲတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်စဉ် PDF များ ထောင် ထားသည့် မိုင်းမှာပေါက်ကွဲ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မိုင်းပေါက်ကွဲမူကြောင့် ထိုအမျိုးသား၏ ဘယ်ဘက်လက် ဖျံ/ ဘယ်ဘက်ခြေသလုံး/ ဘယ်ဘက်ခြေမျက်စေ့ မိုင်းစထိမှန်ဒဏ်၍ (မစိုးရိမ်ရ) သည့် ဒဏ်ရာရရှိသောကြောင့် ကန့်ဘလူမြိုနယ်ပြည် သူ့ဆေးရုံတွင် ဆေးကုသ ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post