• Follow Us on
Latest News

Home ကွမ်းခြံကုန်းမြို့တွင် PDF လာရောက်ပစ်ခတ်မှုကြောင့် ရာအိမ်မှူးနှင့် အသက် ၁၄ နှစ်အရွယ်မြေးဖြစ်သူ သေဆုံး

ကွမ်းခြံကုန်းမြို့တွင် PDF လာရောက်ပစ်ခတ်မှုကြောင့် ရာအိမ်မှူးနှင့် အသက် ၁၄ နှစ်အရွယ်မြေးဖြစ်သူ သေဆုံး

Share this post

နေပြည်တော်၊ ဧပြီ ၂၅

 

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့ ကသစ်ကုန်းကျေးရွာတွင် ဧပြီလ ၂၄ ရက် ည ၈ နာရီ ၁၅ အချိန်က ရာအိမ်မှူး၏ နေအိမ်ကို PDF အကြမ်းဖက်သမားများက သေနတ်များဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ရာအိမ်မှူးနှင့် အသက် ၁၄ နှစ်အရွယ် မြေးဖြစ်သူတို့ သေဆုံးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ကွမ်းခြံကုန်းမြို့ ကသစ်ကုန်းကျေးရွာနေ ရာအိမ်မှူး ဦးသိန်းဝင်း ၆၂ နှစ်သည် နေအိမ်တွင် မိသားစု ဝင်များနှင့်အတူ ရှိနေစဉ် PDF အကြမ်းဖက်သမားများ ရောက်ရှိလာပြီး နေအိမ်အတွင်း ဝင်ရောက်၍ သေနတ် များဖြင့်ပစ်ခတ်ခဲ့သဖြင့် မြေးဖြစ်သူ မောင်အာကာလင်းဗိုလ် ၁၄ နှစ် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး   ရာအိမ်မှူးဦးသိန်းဝင်းမှာ နေအိမ်အနီးတွင် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

 

အလားတူ ရာအိမ်မှူး၏ သားဖြစ်သူ ဦးကျော်စိုးသန့် ၄၃ နှစ်တွင် ကျည်ထိဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post