စစ်ကိုင်းမှာ ဆားတောင် PDF အဖွဲ့ဝင် (၃၅)ဦး တပ်မတော်ထံ လက်နက်ချပြီးနောက် ဒေသကာကွယ်ရေးအတွက် ပြည်သူ့စစ်အဖြစ် ရပ်တည်မည်
PUBLISHED - November 21, 2026
စစ်ကိုင်း၊ နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှာ ဆားတောင်ပြည်သူ့စစ်ဌာနေအဖွဲ့ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာလ (၂၁)ရက် နံနက် (၈)နာရီခန့်က ကျင်းပပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၂)ရက်က တပ်မတော်ထံ ဂျိန်းစိုး Local PDF အဖွဲ့ဝင် (၂၃)ဦး၊ ဆားတောင်မိုးကြိုးအမည်ခံ PDF အဖွဲ့မှ (၁၂)ဦး၊ ကျား (၂၉)ဦး၊ မ (၃)ဦး၊ မိသားစုဝင် (၃)ဦး စုစုပေါင်း (၃၅)ဦးတို့ အလင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။
ယင်းသို့ အလင်းဝင်ရောက်လာတဲ့ PDF အဖွဲ့ဝင် (၃၅)ဦးအနက် (၂၃)ဦးဟာ ဆားတောင်ပြည်သူ့စစ်ဌာနေအဖွဲ့အဖြစ် တပ်မတော်နဲ့ ပူးပေါင်းကာ နယ်မြေ လုံခြုံရေး ဆောင်ရွက်ဖို့အတွက် အောက်တိုဘာလ (၁၂)ရက်ကနေ နိုဝင်ဘာလ (၂၀)ရက်ထိ အခြေခံစစ်ပညာသင်တန်း တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ယင်းနောက် ယနေ့ နိုဝင်ဘာလ (၂၁)ရက်မှာတော့ ဆားတောင်ပြည်သူ့စစ်ဌာနေအဖွဲ့ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာတော့ အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်းက နှုတ်ခွန်းဆက် အမှာစကားပြောကြားရာမှာ ပြည်သူ့စစ်အဖွဲ့ဝင်များ အနေနဲ့ မိမိတို့နေထိုင်တဲ့ မြို့၊ ရွာ၊ ကျေးလက်ဒေသရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများကို အရေးကြုံလာပါက အသက်ကို ပဓာနမထားဘဲ ကာကွယ်စောင့်ရှောက်သွားဖို့နဲ့ ပြဘ်သူလူထုကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်ခြင်းမှ ရှောင်ကျဉ်ပြီး စစ်မြေပြင်မှာ ရန်သူကို နေလိုမီးလို ကျင့်ကြံဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
၎င်းနောက်မှာတော့ ဗိုလ်မှူးကြီး ကျော်မင်းထွန်းက ဆားတောင်ပြည်သူ့စစ်ဌာနေ အဖွဲ့ဝင်တွေကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ လက်နက် အပြည့်အစုံ တပ်ဆင်ပေးမည်ဖြစ်ပြီး လိုအပ်တဲ့အရာများကို တောင်းခံနိုင်ကြောင်းနဲ့ အစွမ်းကုန် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
#PeopleMedia