• Follow Us on
Latest News

Home စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန် သဘာဝ၊ သယံဇာတအရင်းအမြစ်များရှိပြီးဖြစ်သည့်အတွက် ထုတ်လုပ်မှုဆိုင်ရာနည်းပညာများကို ပူးပေါင်းလိုက်မည်ဆိုပါက စားရေရိက္ခာပေါများပြီး လူနေမှုဘဝဖွံ့ဖြိုးတိုး တက်သည့် နိုင်ငံတစ်ခုအဖြစ် မလွဲမသွေ‌ဖြစ်လာမည်ဟု ယုံကြည်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန် သဘာဝ၊ သယံဇာတအရင်းအမြစ်များရှိပြီးဖြစ်သည့်အတွက် ထုတ်လုပ်မှုဆိုင်ရာနည်းပညာများကို ပူးပေါင်းလိုက်မည်ဆိုပါက စားရေရိက္ခာပေါများပြီး လူနေမှုဘဝဖွံ့ဖြိုးတိုး တက်သည့် နိုင်ငံတစ်ခုအဖြစ် မလွဲမသွေ‌ဖြစ်လာမည်ဟု ယုံကြည်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၉ (People Media)

 

မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးသာမက မွေးမြူရေးလုပ်ငန်းကိုပါ လုပ်ကိုင်နိုင်ရန် လိုအပ်သည့် သဘာဝသယံဇာ တ အရင်းအမြစ်များရှိပြီးဖြစ်သည့်အတွက် မျိုးကောင်းမျိုးသန့်များနှင့် ထုတ်လုပ်မှုဆိုင်ရာနည်းပညာများကို ပူးပေါင်းလိုက်မည်ဆိုပါက နိုင်ငံတော်အစိုးရ၏ မူဝါဒရည်မှန်းချက်ဖြစ်သည့် စားရေရိက္ခာပေါများပြီး လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုအဖြစ် မလွဲမသွေ‌ဖြစ်လာမည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောသည်။

 

ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ကိုးရွာသပြေကုန်းကျေးရွာအနီးရှိ စက်စက်ယို ကွင်း၌ ကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၀၂၂ ခုနှစ်၊ မွေးမြူရေးတိရစ္ဆာန် ပြပွဲ၊ ပြိုင်ပွဲ၌ န-စ-ကဥက္ကဋ္ဌက အထက်ပါအတိုင်းပြောဆိုခဲ့သည်။

 

“မိမိတို့နိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်နေကြသည့်အတွက် စိုက်ပျိုး မွေးမြူရေးကိုအခြေခံတဲ့ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ထား ဆောင်ရွက်ကြဖို့ အရေးကြီးတယ်။ မိမိတို့နိုင်ငံမှာ စိုက်ပျိုးရေးကိုသာမက မွေးမြူရေးလုပ်ငန်းကိုပါ လုပ်ကိုင်နိုင်ရေး လိုအပ်တဲ့ သဘာဝသယံဇာတ အရင်းအမြစ်များရှိပြီးဖြစ်တဲ့အတွက် မျိုးကောင်းမျိုးသန့်တွေနဲ့ ထုတ်လုပ်မှုဆိုင်ရာနည်းပညာတွေကို ပူးပေါင်းလိုက်မယ်ဆိုရင် နိုင်ငံတော်အစိုးရရဲ့ မူဝါဒရည်မှန်းချက်ဖြစ်တဲ့ စားရေရိက္ခာပေါများပြီး လူနေမှုဘဝဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုအဖြစ် မလွဲမသွေ‌ဖြစ်လာမယ်လို့ ယုံကြည် တယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

“ကမ္ဘာပေါ်တွင်လည်း တိရစ္ဆာန် သားငါများ မွေးမြူသည့် နိုင်ငံများရှိသကဲ့သို့ သားငါးများတင်သွင်းသည့် နိုင်ငံ များလည်းများစွာရှိကြောင်း၊ အိမ်နီးနားချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံ တို့ မှလည်း မိမိတို့နိုင်ငံမှ မွေးမြူရေးထုတ်ကုန်ပစ္စည်းများကို တင်သွင်းနေသည့်နိုင်ငံများဖြစ်ကြောင်း၊ ဒေသ တွင်းနှင့် နိုင်ငံတကာဈေးကွက်များကို တင်ပို့ရောင်းချနိုင်ရေးအတွက် ကုန်သွယ်မှုဆိုင်ရာနှင့် တိရစ္ဆာန်ရောဂါ ကင်းရှင်းရေးဆိုင်ရာ သဘောတူညီချက်များကို တိုးချဲ့ဆောင်ရွက်လျက်ရှိသည်ကို ပြောကြားလိုကြောင်း၊ တရားဝင်တင်ပို့ခြင်းများ ရှိသကဲ့သို့ တရားမဝင်တင်ပို့ရောင်းချခြင်းများရှိသော်လည်း စနစ်တကျမွေးမြူရောင်း ချခြင်းမရှိသည့်အတွက် နိုင်ငံတွင်ဆုံးရှုံးနစ်နာမှုများရှိနေသည်ကို တွေ့ရှိရကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောကြားသည်။

 

#PeopleMedia #နစက #မွေးမြူရေး

 

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post