• Follow Us on

Home စီးပွားရေးလုပ်ငန်းရှင်တွေ စိုးရိမ်ပူပန်နေတဲ့ကြားက အနိမ့်ဆုံးလုပ်ခမြှင့်တင်ရေးအစီအစဉ်ကို ဆရက်ထာ ကာကွယ်ပြောဆို

စီးပွားရေးလုပ်ငန်းရှင်တွေ စိုးရိမ်ပူပန်နေတဲ့ကြားက အနိမ့်ဆုံးလုပ်ခမြှင့်တင်ရေးအစီအစဉ်ကို ဆရက်ထာ ကာကွယ်ပြောဆို

Share this post

နိုင်ငံတကာ၊ မေ ၈

 

လုပ်အားခတိုးမြှင့်ရေး အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေက စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေချိန်မှာ တစ်နိုင်ငံလုံး တစ်ရက်အနိမ့်ဆုံးလုပ်အားလ ဘတ် ၄၀၀ (၁၀. ၈၈ ဒေါ်လာ) သတ်မှတ်မယ့် အစီအစဉ်ဟာ နိုင်ငံ့စီးပွားရေးအတွက် လိုအပ်တဲ့ဆောင်ရွက်ချက်တစ်ရပ်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရက် ထာထာဗီဆင်က အင်္ဂါနေ့ (မေလ ၇ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

နိုင်ငံတွင်း စားသုံးမှုမြှင့်တင်ရာမှာ အထောက်အကူပြုနိုင်တဲ့ တစ်နိုင်ငံလုံး အနိမ့်ဆုံးလုပ်ခတိုးမြှင့်ရေးအစီအ စဉ်ကို အောက်တိုဘာလကစတင်ဖို့ စီစဉ်ထားကြောင်း ထိုင်းအစိုးရက ပြီးခဲ့တဲ့သီတင်းပတ်က ပြောပါတယ်။

 

“အနိမ့်ဆုံးလုပ်ခမြှင့်တင်ရေးဟာ စီးပွားရေးရေးမောင်းနှင်အားမှာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်တဲ့ အ ခြေခံလူတန်းစားတွေရဲ့ ဘဝနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို မြှင့်တင်တာဖြစ်ပါတယ်။ သူတို့ရဲ့ အ သက်မွေးဝမ်းကျောင်းလုပ်ငန်းတွေဟာ အရေးကြီးပါတယ်။” လို့ အစိုးရအဖွဲ့အစည်းအဝေးအပြီး မစ္စတာဆရက် ထာက သတင်းထောက်တွေကို ပြောပါတယ်။

 

လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း လုပ်အားခတွေဟာ ၁၀% သာ မြင့်တက်လာခဲ့ကြောင်း ၎င်းက ပြောပါတယ်။

 

အနိမ့်ဆုံးလုပ်ခတိုးမြှင့်ရေးဟာ ဖီယူထိုင်းပါတီရဲ့ ရွေးကောက်ပွဲကာလ အဓိက မဲဆွယ်ကတိကဝတ်ဖြစ်ပြီး ပါတီ အနေနဲ့ ၂၀၂၇ ခုနှစ်မတိုင်ခင် အနိမ့်ဆုံးလုပ်ခကို ဘတ် ၆၀၀ အထိ မြှင့်တင်သွားနိုင်ရေး ရည်မှန်းချက် ချမှတ် ထားပါတယ်။

 

ဒီအစီအစဉ်ဟာ နိုင်ငံ့စီးပွားရေးနဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းအားကို ထိခိုက်စေမှာဖြစ်တဲ့အတွက် ၎င်းတို့အနေနဲ့ သဘော မတူကြောင်း ထိုင်းကုန်သည်ကြီးများအသင်းက ပြောပါတယ်။

 

အစိုးရအနေနဲ့ ရှေ့ပြေးအစီအစဉ်အဖြစ် ပြည်နယ်လေးငါးခုမှာ အနိမ့်ဆုံးလုပ်ခကို ဘတ် ၄၀၀ အဖြစ် သတ်မှတ် ခဲ့ပြီးဖြစ်ပါတယ်။

 

ဆရက်ထာအစိုးရမတိုင်ခင် အစိုးရကလည်း ၂၀၂၂ ခုနှစ်က အနိမ့်ဆုံးလုပ်ခကို ၅.၀၂% မြှင့်တင်ခဲ့ပါတယ်။

 

ပြည်သူတွေ စားဝတ်နေရေးပြေလည်စေဖို့ အစိုးရက ဒီဇယ်ဈေးနှုန်းကိုလည်း တစ်လီတာကို ၃၃ ဘတ် (ဝ.၈၉ ဒေါ်လာ) အတွင်းမှာပဲရှိနေအောင် ဆက်လက်ထိန်းသိမ်းထားမှာဖြစ်ကြောင်း ဆရက်ထာက ပြောပါတယ်။

 

အစိုးရအနေနဲ့ LPG ဂက်စ် (သဘာဝဓာတ်ငွေ့ရည်) ဈေးနှုန်းကို ဖြေလျှော့ပေးသွားမှာဖြစ်သလို လျှပ်စစ်ဓာတ် အားခတချို့ကိုလည်း လျှော့ချပေးသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ထိုင်းနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ဧပြီလမှာ ခုနစ်လအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် အကောင်းဘက် ကို ဦးတည်ခဲ့ပေမဲ့ ၁၂ လ ဆက်တိုင် ဗဟိုဘဏ်ရည်မှန်းချက်ဘောင်ထဲကနေ ၁% ကနေ ၃% အထိ လျော့ကျ သွားခဲ့တယ်လို့ ဆိုပါတယ်။

 

ဗဟိုဘဏ်ရည်မှန်းချက်ဟာ သင့်လျော်တဲ့အနေအထားမှာရှိနေဆဲပဲဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှုန်း သတ်မှတ် ဘောင်ထဲကို ပြန်လည်ရောက်ရှိလာအောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာကို အစိုးရအနေနဲ့ ဗဟိုဘဏ်နဲ့ ဆွေးနွေးသွားမှာဖြစ်ကြောင်း ဒုတိယဘဏ္ဍာရေးဝန်ကြီးပိုပေါင်းမ်ရိုဂျာနာဆာကူလ်က အင်္ဂါနေ့ကပြောပါတယ်။

 

“ငွေကြေးဖောင်းပွမှု ရည်မှန်းချက်ဘောင်က ပြဿနာတစ်ရပ်မဟုတ်ပါဘူး။ ဒါပေမဲ့ ပြဿနာက ငွေကြေးဖောင်း ပွမှုဟာ ရေရှည်မှာ စီးပွားရေးကို ထိခိုက်စေနိုင်တဲ့ ရည်မှန်းချက်ဘောင်အပြင်ဘက်ကို ကာလရှည်ကျော်လွန်နေ တာပဲဖြစ်ပါတယ်။” လို့ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။

 

Ref: Srettha defends wage hike plan as businesses voice concern

 

#PeopleMedia


Share this post