• Follow Us on
Latest News

Home တိုက်ပွဲအရှိန်မြင့်မားပြီး အန္တရာယ်များပြားလာတာကြောင့် လောက်ကိုင်မြို့ကနေ ဘေးကင်းလုံခြုံရာကို ထွက်ခွာသွားကြဖို့ တရုတ်နိုင်ငံသားတွေကို တရုတ်အစိုးရ တိုက်တွန်း

တိုက်ပွဲအရှိန်မြင့်မားပြီး အန္တရာယ်များပြားလာတာကြောင့် လောက်ကိုင်မြို့ကနေ ဘေးကင်းလုံခြုံရာကို ထွက်ခွာသွားကြဖို့ တရုတ်နိုင်ငံသားတွေကို တရုတ်အစိုးရ တိုက်တွန်း

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၉

 

တိုင်းရင်းသားလက်နက်ကိုင်သူပုန်တွေနဲ့ နစက တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲအရှိန်မြင့်မားလာပြီး အန္တရာယ်ပိုမို များပြားလာတာကြောင့် တရုတ်နိုင်ငံနယ်စပ်နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ကနေ ဘေးကင်းလုံခြုံရာကို ထွက်ခွာသွားကြဖို့ တရုတ်နိုင်ငံသားတွေကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြာသ ပတေးနေ့ (ဒီဇင်ဘာလ ၂၈ ရက်နေ့) က သတိပေးနှိုးဆော်ထားပါတယ်။

 

ရခိုင်သူပုန် AA ၊ ကိုးကန့်သူပုန် MNDAA နဲ့ တအောင်းပလောင်သူပုန် TNLA တို့ ပူးပေါင်းထားတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့က မြန်မာ့တပ်မတော်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် အောက်တိုဘာလကတည်းက မြန်မာ နိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်။

 

သူပုန်အုပ်စုတွေဟာ ရှမ်းမြောက်ဒေသက မြို့တချို့နဲ့ နယ်စပ်ဂိတ်တချို့ကို သိမ်းပိုက်ခဲ့တဲ့အတွက် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက နစက အစိုးအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်တယ်လု့ိ ဆန်းစစ်လေ့လာသူတွေ က ပြောပါတယ်။

 

တရုတ်နယ်စပ်မှာရှိပြီး လောင်းကစားလုပ်ငန်း၊ ပြည့်တန်ဆာလုပ်ငန်း၊ အွန်လိုင်းငွေကြေးလိမ်လည်မှု စတဲ့ နာ မည်ဆိုးတွေနဲ့ ကျော်ကြားနေတဲ့ ပြည်သူ့စစ်တွေထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ကိုး ကန့်သူပုန် MNDAA က သံန္နိဋ္ဌာန်ချထားတယ်လို့ ဆိုပါတယ်။

 

“မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသက လောက်ကိုင်မြိုှု့မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေ ပြီး အဲဒီဒေသမှာ သောင်တင်နေတဲ့ပြည်သူတွေအတွက် လုံခြုံရေးအခြေအနေက ပိုမိုဆိုးရွားလာနေပါတယ်။” လို့ တရုတ်သံရုံးက WeChat အကောင့်မှာ ရေးသားထားပါတယ်။

 

“လောက်ကိုင်ဒေသမှာရှိတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ အဲဒီနေရာကနေ ဘေးကင်းလုံခြုံရာကို တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာသွားကြဖို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက နောက်ထပ်တစ်ကြိမ် သတိပေးနှိုးဆော်လိုက်ပါ တယ်။” လို့ ဖော်ပြထားပါတယ်။

 

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ပတ်ဝန်းကျင်ကို မြန်မာ့တပ်မတော်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာ မြို့အစိတ်အပိုင်းတချို့ကို ထိမှန်ခဲ့ကြောင်း MNDAA အဖွဲ့နဲ့ ဆက်နွယ်တဲ့ မီဒီယာတွေက အခု သီတင်းပတ်ထဲမှာ ပြောပါတယ်။

 

မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကြား တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးပြီး ဆွေးနွေးပွဲတွေ ကျင်းပခဲ့ရာမှာ “ယာယီအပစ်အခတ်ရပ်စဲရေး” သဘောတူညီမှုရခဲ့ကြော်း တရုတ်အစိုးရက အခုလအစောပိုင်း က ပြောပါတယ်။ ဒါပေမဲ့ ရှမ်းမြောက်ဒေသတစ်ခွင်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး မကြာသေးခင်ကပဲ နောက်ထပ်မြို့နှစ် မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ပလောင်သူပုန် TNLA အဖွဲ့က ပြောပါတယ်။

 

တရုတ်အစိုးရဟာ မြန်မာနိုင်ငံ ရှမ်းမြောက်ဒေသက လက်နက်ကိုင်တိုင်းရင်းသားသူပုန်တွေနဲ့ ဆက်ဆံရေး ဆက်လက်ထိန်းသိမ်းထားကြောင်း၊ အဲဒီသူပုန်အုပ်စုထဲက တချို့ဟာ လူမျိုးရေး/ ယဉ်ကျေးမှုအရ တရုတ်နဲ့ နီးစပ်သလို ၎င်းတို့ထိန်းချုပ်ထားတဲ့နယ်မြေအတွင်းမှာလည်း တရုတ်ငွေကြေးနဲ့ တရုတ်ဖုန်းတွေကိုသာ အသုံး ပြုနေတာဖြစ်ကြောင်း ဆန်းစစ်လေ့လာသူတွေက ပြောပါတယ်။

 

တရုတ်နိုင်ငံဟာ မြန်မာ နစက အစိုးရကို အဓိကလက်နက်ထောက်ပံ့နေတဲ့နိုင်ငံဖြစ်တဲ့အပြင် မဟာမိတ် နိုင်ငံ တစ်နိုင်ငံလည်းဖြစ်ပေမဲ့ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားနေတယ်ဆိုတဲ့ မြန်မာနိုင်ငံထဲက အွန်လိုင်းငွေ ကြေးလိမ်လည်မှုဂိုဏ်းတွေကို နစက အစိုးရဘက်က နှိမ်နှင်းဖို့ ပျက်ကွက်ခဲ့တာနဲ့ပတ်သက်ပြီး မကြာသေးခင် လတွေအတွင်းကပဲ တရုတ်-မြန်မာ ဆက်ဆံရေး တင်းမာခဲ့ပါတယ်။

 

တရုတ်နိုင်ငံဟာ လက်နက်ကိုင်တိုင်းရင်းသားသူပုန်တွေကိုထောက်ပံ့နေတယ်လို့ စွပ်စွဲပြီး ပြီးခဲ့တဲ့လက မြန်မာ နိုင်ငံ ရန်ကုန်မြို့မှာ ကြုံရခဲတဲ့ တရုတ်အစိုးရဆန့်ကျင်ဆန္ဒပြပွဲတစ်ခုကို ဆောင်ရွက်ခဲ့ပါတယ်။

 

Ref: China Asks Citizens to Leave Myanmar Border District, Citing Security

 

#PeopleMedia


Share this post