• Follow Us on

Home ထိုင်းဝန်ကြီးချုပ်ဆရက်ထာ ပြင်သစ်၊ အီတလီနဲ့ ဂျပန်နိုင်ငံကို သွားရောက်မည်

ထိုင်းဝန်ကြီးချုပ်ဆရက်ထာ ပြင်သစ်၊ အီတလီနဲ့ ဂျပန်နိုင်ငံကို သွားရောက်မည်

Share this post

နိုင်ငံတကာ၊ မေ ၁၀

 

ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ဟာ မေလ ၁၅ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ပြင်သစ်နဲ့ အီတလီ၊ မေ လ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ဂျပန်နိုင်ငံတို့ကို သွားရောက်မှာဖြစ်ကြောင်း ၎င်းရဲ့ X လူမှုကွန်ရက်ပေါ် မှာ ရေးသားထားပါတယ်။

 

နိုင်ငံခြားခရီးစဉ်ရဲ့အဓိကရည်ရွယ်ချက်က ထိုင်းနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ သွားရောက်ဆွဲဆောင်စည်းရုံး မှာဖြစ်ပြီး နိုင်ငံရဲ့ စွမ်းအားအနုစား (soft power) ကို မြှင့်တင်ရင်း ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်းနဲ့ စွမ်းအင်လုပ် ငန်းတွေလို ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အားပေးမြှင့်တင်သွားဖို့ဖြစ်တယ်လို့ဆိုပါတယ်။

 

နှစ်နိုင်ငံ ပုဂ္ဂလိကအခန်းကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အဆင်ပြေချောမွေ့စေဖို့အတွက် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ထိုင်း-ပြင်သစ် စီးပွားရေးဖိုရမ်ကျင်းပစေချင်တယ်လို့ ဆိုပါတယ်။

 

အီတလီနိုင်ငံမှာတော့ ထိုင်းနိုင်ငံရဲ့ “Ignite Thailand 2025” မူဝါဒမှာ ချမှတ်ထားတဲ့ ရည်မှန်းချက်နဲ့အညီ အားသာတဲ့နယ်မြေတွေက ဆက်ဆံရေးတွေကို တိုးမြှင့်သွားဖို့ ဝန်ကြီးချုပ်ဆရက်ထာက ရည်မှန်းထားပါတယ်။

 

ဂျပန်နိုင်ငံမှာကျင်းပမယ့် နစ်ကီဖိုရမ်မှာ ထိုင်းဝန်ကြီးချုပ်တက်ရောက်သွားမှာဖြစ်ပြီး ဂျပန်ပုဂ္ဂိလကကဏ္ဍ အထူး သဖြင့် စားသောက်ကုန်လုပ်ငန်း၊ လော်ဂျစ်စတစ်နဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေက အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

“ဒီခရီးစဉ်ဟာ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ ထပ်မံလာရောက်ရင်းနှီးမြှုပ်နှံရေး တိုက်တွန်းအားပေးဖို့ အခွင့် အလမ်းကောင်းတစ်ခုဖြစ်ပါတယ်။” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

 

Ref: PM Srettha to visit France, Italy and Japan next week

 

#PeopleMedia


Share this post