• Follow Us on
Latest News

Home ဒီမိုကရေစီညီလာခံတစ်ခုသို့ ထိုင်ဝမ်ကိုဖိတ်ကြားခဲ့သဖြင့် ဂျိုးဘိုင်ဒန်အမှားအယွင်းလုပ်ခဲ့ကြောင်း တရုတ်အစိုးရ စွပ်စွဲပြောဆို

ဒီမိုကရေစီညီလာခံတစ်ခုသို့ ထိုင်ဝမ်ကိုဖိတ်ကြားခဲ့သဖြင့် ဂျိုးဘိုင်ဒန်အမှားအယွင်းလုပ်ခဲ့ကြောင်း တရုတ်အစိုးရ စွပ်စွဲပြောဆို

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၄ (People Media)

 

ဒီမိုကရေစီနိုင်ငံ ၁၀၉ နိုင်ငံမှ အစိုးရများနှင့်အတူ ဒီမိုကရေစီညီလာခံတစ်ခုတက်ရောက်ရန် အမေရိကန်နိုင်ငံက ထိုင်ဝမ်နိုင်ငံကို ဖိတ်ကြားခဲ့ရာ ဂျိုးဘိုင်ဒန်အစိုးရသည် အမှားအယွင်းတစ်ခုလုပ်ခဲ့ကြောင်း တရုတ်အစိုးရကစွပ်စွဲ ပြောဆိုလိုက်သည်။

 

လာမည့်လတွင်ကျင်းပမည့် ဒီမိုကရေစီညီလာခံတစ်ခုတွင် ထိုင်ဝမ်နိုင်ငံကို တက်ရောက်မည့်နိုင်ငံများစာရင်းထဲ တွင်ထည့်ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၃ ရက်နေ့ကကြေညာခဲ့သည်။ ထိုင်ဝမ်သည် ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံတစ်ခုဖြစ်သော်လည်း တရုတ်အစိုးရက တရုတ်နိုင်ငံ၏ပြည်နယ်တစ်ခုအဖြစ်သတ်မှတ်ထားပြီး ထိုင်ဝမ်အစိုးရကို တရုတ်ပြည်မှခွဲထွက်ရန်ကြံစည်နေ သည့်အစိုးရဟု စွပ်စွဲပြောလိုလျက်ရှိသည်။

 

ယင်းအခမ်းအနားဖွင့်ပွဲကို တရုတ်နှင့် ရုရှားနိုင်ငံတို့က ဦးဆောင်သော အာဏာရှင်ဆန်သည့်အင်အားစုများကို ရင်ဆိုင်ရန်အတွက် အမေရိ ကန်နိုင်ငံက ကမ္ဘာ့ခေါင်းဆောင်နေရာကို ပြန်လည်ရယူမည်ဆိုသည့် ဂျိုးဘိုင်ဒန်၏ ကတိကဝတ်ကို စမ်းသပ်မှုအဖြစ် သတ်မှတ်ထားကြသည်။ အဆိုပါညီလာခံကို အွန်လိုင်းညီလာခံအဖြစ် ဒီဇင် ဘာလ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

 

အဆိုပါညီလာခံတွင် ထိုင်ဝမ်ပါဝင်နေခြင်းမှာ မှားယွင်းမှုတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် တရုတ်၏ ထိုင်ဝမ်ဒေသတို့ကြား မည်သည့်တရားဝင်ဆက်ဆံရေးကိုမဆို ဆန့်ကျင်ကန့်ကွက်ကြောင်း တရုတ် နိုင်ငံ၏ ထိုင်ဝမ်ရေးရာရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် ဇူဖန်လီယန်က နိုဝင်ဘာလ ၂၄ ရက်နေ့ကပြောသည်။

 

“ဒီရပ်တည်ချက်က ရှင်းလင်းပြီး တစ်သမတ်တည်းပါပဲ။ တရုတ်တစ်နိုင်ငံတည်းမူဝါဒနဲ့ တတိယအကြိမ်မြောက် တရုတ်/အမေရိကန်သဘောတူညီချက်ကို စွဲစွဲမြဲမြဲ လက်ကိုင်ထားဖို့ အမေရိကန်ကို ကျွန်တော်တို့ တိုက်တွန်း ပါတယ်။” ဟု ၎င်းကပြောသည်။

 

အမေရိကန်သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လက်ခံသော်လည်း ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ပြည်နယ် တစ်ခုဖြစ်ကြောင်းပြောဆိုချက်ကို အသိအမှတ်ပြုလက်ခံခြင်းမရှိပေ။

 

အစိုးရအာဏာရလာသည့်အချိန်ကတည်းက ဂျိုးဘိုင်ဒန်အစိုးရသည် ထိုင်ဝမ်ထက် တရုတ်ပြည်မကြီးကို လက်ခံ ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုလက်ခံကြောင်း ထပ်မံပြောကြားခဲ့ပြီးဖြစ်သော်လည်း ထိုင်ဝမ်ရေလက်ကြားရှိ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပြောင်းလဲစေရန် တစ်ဖက်သတ်ကြိုးပမ်းဆောင်ရွက်မှုမှန်သမျှကို ပြင်းပြင်းထန် ထန် ကန့်ကွက်ကြောင်း ပြောဆိုခဲ့သည်။

 

Ref: China accuses US of ‘mistake’ after Biden invites Taiwan to democracy summit

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 


 

Ref: China accuses US of ‘mistake’ after Biden invites Taiwan to democracy summit

 

#PeopleMedia


Share this post