• Follow Us on
Latest News

Home နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးရှိ စက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်စစ်ဆေး

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးရှိ စက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်စစ်ဆေး

Share this post

နေပြည်တော်၊ မေ ၉

 

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရုံးချုပ်မှ တာဝန်ရှိသူများပါဝင်သည့် စစ်ဆေးရေးအဖွဲ့များသည် ယမန်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ရှောင်တခင်စစ်ဆေးစဉ် ခွင့်ပြုထုတ်ပေးသည့် စက်သုံးဆီအမျိုးအစားနှင့် ပမာဏများအတိုင်း အရောင်း ဆိုင်သို့အမှန်ရောက်ရှိခြင်း ရှိ/မရှိ၊ သတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှန်ကန်မှု ရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျရောင်း ချခြင်း ရှိ/ မရှိ၊ မီးဘေးအန္တရာယ် ကာကွယ်ရေးကိစ္စရပ်များ ကြိုတင်ဆောင်ရွက်ထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပြီး အလားတူ ရှောင်တခင်စစ်ဆေးမှုများအား မကြာခဏဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post