• Follow Us on

Home နျူကလီးယားသယ်ဆောင်နိုင်တဲ့ ဒုံးကျည်တစ်စင်း ပြင်သစ်ဂျက်တိုက်လေယာဉ် စမ်းသပ်ပစ်ခတ်

နျူကလီးယားသယ်ဆောင်နိုင်တဲ့ ဒုံးကျည်တစ်စင်း ပြင်သစ်ဂျက်တိုက်လေယာဉ် စမ်းသပ်ပစ်ခတ်

Share this post

နိုင်ငံတကာ၊ မေ ၂၃

 

အဆင့်မြှင့်တင်ထားတဲ့ နျူကလီးယားလက်နက်သယ်ဆောင်နိုင်တဲ့ ဒုံးကျည်တစ်စင်းကို ပြင်သစ်ရာဖေးဂျက် တိုက်လေယာဉ်တစ်စင်းက ဗုဒ္ဓဟူးနေ့ (မေလ ၂၂ ရက်နေ့) က ပထမဦးဆုံးအကြိမ် စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဆီ ဘာစညားလီကောညူက ပြောပါတယ်။

 

“ASMPA-R ဒုံးကျည်ကို နျူကလီးယားလေကြောင်းတိုက်ခိုက်မှုအဖြစ် ထိပ်ဖူးမပါဘဲ လေယာဉ်တစ်စင်းကနေ ပစ်ခတ်ခဲ့ပါတယ်။” လို့ လီကောညူက ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 

ကာလရှည်စီမံထားတဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး တပ်ဖွဲ့အားလုံး၊ ကာကွယ်ရေးဝန်ကြီးဌာနအဖွဲ့အားလုံးနဲ့ ထုတ်လုပ်ရေးမိတ်ဖက်အဖွဲ့အစည်းအားလုံးကို ချီးကျူးဂုဏ်ပြုပါကြောင်း X လူမှုကွန်ရက်ပေါ်မှာလည်း ၎င်းက ရေးသားခဲ့ပါတယ်။

 

ယူကရိန်းနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ရုရှားနိုင်ငံရဲ့ တောင်ပိုင်းစစ်နယ်မြေမှာ ရုရှားနိုင်ငံက နျူကလီးယား စစ် ရေးလေ့ကျင့်မှု စတင်ဆောင်ရွက်ပြီးနောက် ပြင်သစ်နိုင်ငံက အခုလို နျူကလီးယားဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 

ပြင်သစ်ရေငုပ်သင်္ဘော အခြေပြုလက်နက်တွေနဲ့အတူ လေကြောင်းနျူကလီးယားတိုက်ခိုက်မှုစွမ်းရည်ကို ထိန်း သိမ်းသွားဖို့ှု ရည်ရွယ်ပြီး အခုလို စစ်ရေးလေ့ကျင့်မှုလုပ်ခဲ့တာဖြစ်ကြောင်း လီကောညူရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

ပြင်သစ်နိုင်ငံဟာ ၂၀၃၅ ခုနှစ်မတိုင်ခင် မျိုးဆက်သစ်လေကြောင်းအခြေပြုဒုံးကျည်တွေကို အဆင့်မြှင့်တင်ရေး အပါအဝင် နိုင်ငံရဲ့ နျူကလီးယားလက်နက်စွမ်းရည်တွေနဲ့ပတ်သက်ပြီး လာမယ့်နှစ်တွေမှာ စစ်ရေးအသုံးစရိတ် ကို ၁၃ ရာခိုင်နှုန်းတိုးမြှင့်သုံးစွဲသွားဖို့ စီစဉ်နေပါတယ်။

 

Ref: France Tests Updated Air-Launched Nuclear Missile

 

#PeopleMedia


Share this post