• Follow Us on
Latest News

Home ပင်လယ်ပြင်တွင် သောင်တင်နေသည့် ရိုဟင်ဂျာလှေစီးဒုက္ခသည်များအား အင်ဒိုးနီးရှားလက်ခံမည်

ပင်လယ်ပြင်တွင် သောင်တင်နေသည့် ရိုဟင်ဂျာလှေစီးဒုက္ခသည်များအား အင်ဒိုးနီးရှားလက်ခံမည်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၃၀ (People Media)

 

ရိုဟင်ဂျာလှေစီးဒုက္ခသည်များအား ခိုလှုံခွင့်ပေးရန် လူမှုကူညီရေးအသင်းအဖွဲ့များက တောင်းဆိုခဲ့ပြီးနောက် အင်ဒိုနီးရှားကမ်းလွန်ပင်လယ်ပြင်တွင် ရိုဟင်ဂျာဒုက္ခသည်များတင်ဆောင်ထားပြီး သောင်တင်နေသည့်လှေ တစ်စီးအား ဆိပ်ကမ်းသို့ဝင်ရောက်ခွင့်ပေးမည်ဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရက ကြေညာလိုက်သည်။

 

လှေစီးဒုက္ခသည် ၁၂၀ ခန့်ကို အစားအစာ၊ ဆေးဝါးနှင့် သောက်ရေများထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ၎င်းတို့ကို ခိုလှုံခွင့်ပြုရန် နိုင်ငံတကာကတောင်းဆိုထားသော်လည်း အင်ဒိုနီးရှားနိုင်ငံတွင် ခိုလှုံခွင့်ပေးမည်မဟုတ်ကြောင်း ဆူမတ္တရားကျွန်းအနောက်ဘက်တွင်ရှိသော အာချေးပြည်နယ်မှ အာဏာပိုင်များက ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြောသည်။

 

“ဒီနေ့ အာချေးပြည်နယ် ဘိုင်ရန်မြို့အနီးမှာ သောင်တင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လူသားချင်းစာနာတဲ့ အနေနဲ့ ခိုလှုံခွင့်ပေးဖို့ အင်ဒိုနီးရှားအစိုးရက ဆုံးဖြတ်လိုက်ပါတယ်။ လှေပေါ်မှာ ဒုက္ခရောက်နေတဲ့ ဒုက္ခသည် တွေရဲ့ အရေးပေါ်အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။ လှေစီးဒုက္ခသည် အများစုက အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ပါတယ်။” ဟု အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ် ဦးဖြစ်သူ အာမက်ဝီဂျာယာက ဒီဇင်ဘာလ ၂၉ ရက်နေ့ ထုတ်ပြန်ချက်တွင်ပြောသည်။

 

ဒုက္ခသည်များတင်ဆောင်ထားသည့် သောင်တင်နေသော စက်လှေမှာ ရက်ပိုင်းအတွင်း နစ်မြုပ်တော့မည့်  အန္တရာယ်ရှိနေကြောင်း ရေလုပ်သားနှစ်ဦးက ရိုက်တာသတင်းဌာနသို့ ဗုဒ္ဓဟူးနေ့ကပြောသည်။

 

“စက်လှေမှာ ရေစိမ့်နေတဲ့နေရာက နှစ်နေရာရှိတယ်။ ပြီးတော့ စက်လှေထဲမှာလည်း ရေတွေက အများကြီးဝင် နေပြီဗျ။” ဟု ရေလုပ်သားတစ်ဦးကပြောသည်။ ရိုက်တာသတင်းဌာနကကြည့်လိုက်ရသော ဗီဒီယိုဖိုင်တစ်ခုတွင် သစ်သားရွက်လှေ၏ ကုန်းပတ်နှင့် လှေဝမ်းအတွင်း ဒုက္ခသည်အများအပြားစုပြုံနေသည်ကိုတွေ့ရသည်။

 

ဒုက္ခသည်များကို ကမ်းကပ်ခွင့်ပြုပြီး ခိုလှုံခွင့်ပေးလိုက်သည့် ဆုံးဖြတ်ချက်မှာ အံ့သြစရာမဟုတ်ကြောင်း ဝါရှင် တန်ရှိ အယ်ဂျာဇီးယားသတင်းဌာနမှ သတင်းထောက် ဂျက်ဆီကာက အင်ဒိုနီးရှားမြို့တော်ဂျကာတာမှ သတင်း ပေးပို့ထားသည်။

 

“အတိတ်ကာလတုန်းကလည်း အင်ဒိုနီးရှားအစိုးရဟာ အာချေးပြည်နယ်အနီး ပင်လယ်ပြင်ထဲက ဒုက္ခသည်တွေ ကိုလက်ခံထားခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း အင်ဒိုနီးရှားနိုင်ငံဟာ ဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂကွန်ဗန်းရှင်းမှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမဟုတ်တာကို မမေ့သင့်ပါဘူး။ ဆိုတော့ အင်ဒိုနီးရှားကို ဒုက္ခ သည်တွေအတွက် အမြဲတမ်းခိုလှုံခွင့်ရမယ့်နေရာတစ်ခုအနေနဲ့ မမှတ်ယူသင့်ပါဘူး။” ဟု ဝါရှင်တန်အခြေစိုက် အယ်ဂျာဇီးယားသတင်းဌာနကပြောသည်။

 

ရိုဟင်ဂျာများသည် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံတွင်း ဖိနှိပ်အကြမ်းဖက်မှုများကြောင့် ထွက်ပြေးလာကြသော လူဦးရေ ၇၀၀,၀၀၀ ကျော်သည့် မူဆလင်လူနည်းစု လူမျိုးနွယ်စုတစ်စုဖြစ်သည်။ လွန်ခဲ့သည့်နှစ်က မြန်မာနိုင်ငံ တွင်း ဖိနှိပ်မှုများကြောင့် ရိုဟင်ဂျာလူမျိုး ရာပေါင်းများစွာ အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

 

ဒုက္ခသည်ရောက်နေသော လှေကိုစွန့်ခွာ၍ ဒုက္ခသည်များကို ခိုလှုံခွင့်ပေးရန် အင်ဒိုနီးရှားအစိုးရက ဆုံးဖြတ်ခဲ့ ခြင်းမှာ လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေအတွက် အောင်ပွဲတစ်ရပ်ဖြစ်ကြောင်း ဂျကာတာမြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အန်းမေမန်းက အယ်ဂျာဇီးယားသတင်းဌာနကိုပြောသည်။

 

“အင်ဒိုနီးရှားအစိုးရကို ကျွန်မတို့ အထူးကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်။ တခြားဒုက္ခသည်လှေတွေနဲ့ ပတ် သက်ပြီး တခြားအစိုးရတွေဆောင်ရွက်ခဲ့တာ မမြင်ဖူးတဲ့ဆုံးဖြတ်ချက်မျိုးကို ချမှတ်လိုက်တာပဲဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။

 

Ref: Indonesia to accept dozens of Rohingya refugees stranded at sea

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: Indonesia to accept dozens of Rohingya refugees stranded at sea

 

#PeopleMedia


Share this post