• Follow Us on

Home ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးဆိုသည်မှာ နိုင်ငံသားအားလုံး၏တာဝန်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား

ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးဆိုသည်မှာ နိုင်ငံသားအားလုံး၏တာဝန်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၄

 

ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးဆိုသည်မှာ နိုင်ငံသားအားလုံး၏ တာဝန် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်း ထွန်း၏ ပြောကြားလိုက်သည်။

 

“ကျွန်တော်တိ့ ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့ နိုင်ငံတော်ကာကွယ်ရေးဆိုတာသည် နိုင်ငံသားအားလုံးရဲ့ တာဝန် ဖြစ်ပါတယ်။ ဒါကြောင့် မလို့ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းတွေမှာ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ၊ မိမိတို့တက်နိုင်သမျှ စိတ်၏အားပေးခြင်း၊ ကိုယ်၏အားပေးခြင်း၊ နှုတ်၏ အားပေးခြင်း ဒါတွေနဲ့အတူ ပြည် ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ကာကွယ် စောင့်ရှောက်သွားဖို့ တာဝန်ရှိကြောင်းနဲ့ စုစည်းညီညာစွာလုပ် ဆောင်သွားဖို့ လိုအပ်‌ကြောင်းပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။” ဟု ဗိုလ်ချုပ်ဇော်မင်း ထွန်း၏ ပြောကြားသည်။

 

ဇော်မင်းထွန်းက Nug၊ crph၊ pdf အမည်ခံအကြမ်းဖက်အဖွဲ့အေနေဖြင့် သူတို့အမြဲတမ်းပြောဆိုနေသည့် ဒီမိုကရေစီအရေး ဆိုတာထက် မြန်မာနိုင်ငံ အလုံးစုံပျက်သုန်းရေး သူတို့အာဏာရရှိရေးကို ဦးတည်ပြီး ဆောင် ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့မြန်မာပြည်သူလူထုလိုလားသည့် ပါတီစုံဒီမို ကရေစီစနစ်ဆိုသည်မှာ ပါးစပ်က နေပြီး ပြောရုံသက်သက်ပဲရှိကြောင်း၊ လက်တွေ့တွင် သူတို့သွားနေသည့် လုပ်ငန်းများသည် လူသတ်၊ မုဒိမ်း ကျင့်၊ ကျေးရွာများကိုမီးရှို့ ဖျက်စီး၊ ပြည်သူလူထုပိုင်အဆောက်အဦများ၊ လမ်းတံတားများကို ဖျက်တောက်ခြင်း များ၊ မိုင်းထောင်ဖောက်ခွဲခြင်းများ၊ ပြည်သူလူထုတစ်ရပ်လုံးနှင့် ဆိုင်သည့် လျှပ်စစ်တာဝါတိုင်များကို ချိုးခြင်း များ၊ ဆက်သွယ်ရေးတာဝါတိုင်များကိုချိုးခြင်းများ၊ လက်တွေ့တွင် ထိုအဖျက်လုပ်ငန်းများပဲ လုပ်ဆောင် နေခြင်းဖြစ်ကြောင်း၊ ယင်းအဖျက်သမားများ၏ ပါးစပ်က ထွက်သည့် ဒီမိုကရေစီဆိုသည့် စကားလုံးကို ယုံ စားမိပါက ထိုအဖျက်သမားများနှင့်အတူ ပျက်သုန်းသွားရမည်ဖြစ်ကြောင်းဖြင့်  ပြောကြားသည်။

 

#PeopleMedia


Share this post