• Follow Us on

Home ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ ဘင်္ဂလီဒုက္ခသည်အရေး တွေ့ဆုံဆွေးနွေးမည်

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ ဘင်္ဂလီဒုက္ခသည်အရေး တွေ့ဆုံဆွေးနွေးမည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၄

 

ဘင်္ဂလီဒုက္ခသည်တွေအခြေအနေနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက နှစ်နိုင်ငံ ညွှန်ကြားရေးမှူးချုပ် အဆင့်ကိုယ်စားလှယ်တွေ စက်တင်ဘာလ ၄ ရက်နေ့ (တနင်္လာနေ့) မှာ မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးသွား မှာဖြစ်ကြောင်း ဒါကာထရီဗျူးမှာ ရေးသားဖော်ပြထားပါတယ်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် မီယာမဒ်မိုင်နူကာဘီယာက ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းက ဘေးကင်းမှုနဲ့ လုံခြုံမှုတို့အတွက် အနောက်နိုင်ငံတွေက သံသယဖြစ်နေပေမဲ့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ တရုတ်နိုင်ငံတို့ကတော့ ဘင်္ဂလီဒုက္ခသည်တွေ နေရပ်ပြန်ပို့ဖို့ သင့်တော်မယ့်အချိန်ကို ကြိုးစားရှာဖွေလျက်ရှိနေစဉ်အတွင်းမှာ အခုလို နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှု ပေါ်ထွက်လာတာဖြစ်ပါတယ်။

 

“တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာ-တရုတ် သုံးနိုင်ငံကြိုးပမ်းဆောင်ရွက်မှုအရ ဘင်္ဂလီ ဒုက္ခသည်တွေရဲ့ နေရပ်ပြန်မယ့်အစီအစဉ်ဟာ လမ်းကြောင်းပေါ်ရောက်နေပြီဖြစ်ပါတယ်။ သူတို့တွေနေရပ်ပြန် ဖို့ သင့်တော်မယ့်အချိန်သတ်မှတ်ဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်။” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ပုဂ္ဂိုလ် ဆီဟီလီဆတ်ဘရင်က မကြာသေးခင်က ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 

၂၀၁၇ ခုနှစ်သြဂုတ်လမှာ မြန်မာနိုင်ငံက စစ်ဆင်ရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာကြ တဲ့ ဘင်္ဂလီဒုက္ခသည်တွေကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင် ငံ၊ မြန်မာနိုင်ငံတို့နဲ့အတူ တရုတ်နိုင်ငံဟာ ကြားဝင်စေ့စပ်ပေးရေး သုံးပွင့်ဆိုင်နိုင်ငံတစ်နိုင်ငံအဖြစ်ပါဝင်လာတာ ဖြစ်ပါတယ်။

 

နိုင်ငံသားအဖြစ်သတ်မှတ်ပေးဖို့နဲ့ ရခိုင်ပြည်နယ်အတွင်းဘေးကင်းလုံခြုံစွာနေထိုင်ခွင့်ရဖို့ အာမခံချက်မရှိတဲ့အ တွက် ဘင်္ဂလီဒုက္ခသည်တွေဟာ မြန်မာနိုင်ငံကို မပြန်တာလို့ ဆိုပါတယ်။

 

ဘင်္ဂလီဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ ကြိုးစားရာမှာ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို လေ့လာဖို့ ဘင်္ဂလီဒုက္ခသည်တချို့ဟာ မြန်မာနိုင်ငံတွင်းကို သွားရောက်လေ့လာခဲ့ကြပါတယ်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ ကနဦးအသုတ်စေလွှတ်ပေးမယ့် ဘင်္ဂလီဒုက္ခသည် ၃၀၀၀ စာရင်းကို မြန်မာနိုင်ငံကို ပေးပို့ထားတယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံတွင်းက အခြေအနေတွေဟာ ဘင်္ဂလီဒုက္ခသည်တွေ နေရပ်ပြန်ဖို့ သင့်တော်တဲ့အခြေအနေမဟုတ် သေးကြောင်း ကုသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အနောက်နိုင်ငံတွေကတော့ ဆက်လက်ပြောကြားနေဆဲဖြစ်ပါတယ်။

 

ဒါပေမဲ့ အခုပို့ဆောင်ဖို့ စီစဉ်နေတဲ့ နေရပ်ပြန်အစီအစဉ်ဟာ ဘင်္ဂလီဒုက္ခသည်တွေရဲ့ဆန္ဒအလျောက် ဘေးကင်း၊ လုံခြုံစွာ နေရပ်ပြန်မယ့်အစီအစဉ်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောပါတယ်။

 

Ref: Dhaka, Naypyidaw meeting on Rohingya Monday

 

#PeopleMedia


Share this post