• Follow Us on
Latest News

Home မန္တလေးတိုင်း ကျန်းမာရေးဦးစီးဌာနရုံးအား PDF များမှ ဗုံးနှစ်ကြိမ် ဖောက်ခွဲသဖြင့် ကျန်းမာရေးဝန်ထမ်း (၅) ဦး ဒဏ်ရာရ

မန္တလေးတိုင်း ကျန်းမာရေးဦးစီးဌာနရုံးအား PDF များမှ ဗုံးနှစ်ကြိမ် ဖောက်ခွဲသဖြင့် ကျန်းမာရေးဝန်ထမ်း (၅) ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြိုနယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ လမ်း ၇၀၊ ၂၇×၂၈ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရုံးအား PDF အဖွဲဝင်များမှ ဗုံးနှစ်ကြိမ် ဖောက်ခွဲခဲ့သဖြင့် ကျန်းမာ ရေးဝန်ထမ်း (၅) ဦး ဒဏ်ရာရရှိခဲ့သည်။

 

သြဂုတ်လ (၃၁)ရက် မွန်းလွဲ (၁) နာရီခန့်က တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွါး ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲဝင်များမှ စစ်ဆေးနေစဉ် PDF အဖွဲဝင် နှစ်ဦးမှ ရုပ်ဆိုးဆိုင်ကယ်ဖြင့် ဝင်ရောက်လာပြီး ကျန်းမာရေးဦးစီးရုံး ဆင်ဝင်အောက်တွင် လက်ပစ်ဗုံး (၁) လုံး၊ ဆင်ဝင်အောက်၏ အနောက်ဘက်ကပ်လျက်ရှိ ဝင်စာ/ထွက်စာ ခန်းအတွင်းသို လက်ပစ်ဗုံး ၁ လုံးတိုဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်ဖောက်ခွဲမှုကြောင့် ကျန်းမာရေးဝန်ထမ်းများဖြစ်သည့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိမ်း လဲ့လဲ့ (၅၄) နှစ်တွင် ဦးခေါင်း ဗုံးစ ထိမှန်ဒဏ်ရာ (စိုးရိမ်ရ)၊ ရုပ်သံကျွမ်းကျင် (၄) ဒေါ်အေးအေးနွဲ (၆၃) နှစ်တွင် ဝဲ/ယာပေါင်၊ခြေသလုံး ဗုံးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)၊ နေ့စားဝန်ထမ်း ဒေါ်ယုဆွေဝင်း ၂၁ နှစ်တွင် ဝဲ/ယာခြေထောက်နှင့် ခြေဖဝါး ဗုံးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)၊ ရုံးအကူဝန်ထမ်း ဒေါ်ဝင်းခိုင် (၄၉)နှစ်တွင် ဝဲ ပေါင်နှင့် ဒူး ဗုံးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)၊ ရုံးအကူ ဒေါ်စိန်ထွေး (၅၉) နှစ်တွင် ဝဲခြေဖဝါး ဗုံးစထိမှန်ဒဏ်ရာ စသည့်ဒဏ်ရာများ ရရှိခဲ့ကြကြောင်း သိရသည်။

 

ယင်းနောက်တွင် ဗုံးဖြင့် လာရောက်ပစ်ခတ်သည့် PDF အဖွဲဝင်များသည် လမ်း (၇၀)အတိုင်း တောင်ဘက်သို မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရပြီး ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများအား တိုင်းကျန်းမာရေးရုံး မော်တော်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံးကြီးသို ပိုဆောင်ကုသမှုပေးထားကြောင်း သိရသည်။

 

#PeopleMedia


Share this post