• Follow Us on
Latest News

Home မိုက်ခရိုဆော့ဖ်က ထိုင်းနိုင်ငံမှာ ပထမဦးဆုံး data centre ဖွင့်လှစ်မည်

မိုက်ခရိုဆော့ဖ်က ထိုင်းနိုင်ငံမှာ ပထမဦးဆုံး data centre ဖွင့်လှစ်မည်

Share this post

နိုင်ငံတကာ၊ မေ ၂

 

မက်ခရိုဆော့ဖ်ကုမ္ပဏီဟာ cloud service ကို မြှင့်တင်နေစဉ်အတွင်း ထိုင်းနိုင်ငံမှာ ပထမဦးဆုံး ဒေသတွင်း သ တင်းအချက်အလက်စင်တာ (data centre) တစ်ခု ဖွင့်လှစ်သွားမှာဖြစ်ကြောင်း မေလ ၁ ရက်နေ့က ပြောကြား လိုက်ပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံမှာ AI နည်းပညာနဲ့ cloud နည်းပညာတွေမှာ ဒေါ်လာ ၁.၇ ဘီလျံ ရင်းနှီးမြှုပ်နှံမှာဖြစ်ကြောင်း မက်ခရိုဆော့ဖ်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် (CEO) ဆားတီးယားနတ်ဒယ်လ်လာက ကြေညာလိုက်ပြီးနောက် တစ်ရက်အကြာမှာ အခုသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

 

“ဒီဒေသတွင်း datacenter က မိုက်ခရိုဆော့ဖ်ကုမ္ပဏီရဲ့ လိုအပ်ချက်နဲ့အညီဖြည့်ဆည်းပေးနိုင်တဲ့ cloud service ကို မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်။” လို့ ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ထိုင်း data center ဟာ ဒေသတွင်း ဒစ်ဂျစ်တယ်စီးပွားရေးဗဟိုချက်မဖြစ်လာရမယ်ဆိုတဲ့ ထိုင်းနိုင်ငံရဲ့ ရည် မှန်းချက်နဲ့အညီ ဖြစ်ပေါ်လာတာဖြစ်ကြောင်း ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က ပြောပါတယ်။

 

“မိုက်ခရိုဆော့ဖ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ယှဉ်ပြိုင်မှုတွေကို မြင့်တက်လာစေတဲ့ ထိုင်းနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ပါတယ်။ ဒီစင်တာဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ကိုလည်း အထောက်အကူပြုသွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

၂၀၂၅ ခုနှစ် မတိုင်ခင် အရှေ့တောင်အာရှဒေသမှာ AI နည်းပညာအသုံးပြုနိုင်အောင် လူဦးရေ ၂.၅ သန်းကို လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ကြောင်း မက်ခရိုဆော့ဖ်ကုမ္ပဏီက ပြောပါတယ်။

 

Ref: Microsoft to open first regional data centre in Thailand

 

#PeopleMedia


Share this post