• Follow Us on
Latest News

Home မြန်မာနိုင်ငံကဆောင်ရွက်ဆဲဖြစ်သည့် သံမဏိထုတ်လုပ်ရေးလုပ်ငန်းကို ရုရှားနိုင်ငံမှ အကူအညီများပေးနေ

မြန်မာနိုင်ငံကဆောင်ရွက်ဆဲဖြစ်သည့် သံမဏိထုတ်လုပ်ရေးလုပ်ငန်းကို ရုရှားနိုင်ငံမှ အကူအညီများပေးနေ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၂

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Yekaterinburg မြို့၌ ကျင်းပမည့် (၁၃) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲသို့ တက် ရောက်ရန် ယမန်နေ့နံနက်ပိုင်းက Yekaterinburg မြို့သို့ ရောက်ရှိခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးသည် ယနေ့မွန်းလွဲပိုင်းတွင် Yekaterin-burg မြို့၌ ကျင်းပသည့် (၁၃) ကြိမ်မြောက် စက်မှု ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဘီလာရုဇ်၊ ကာဇက်စတန်၊ အာမေးနီးယား၊ ဂျာဂျစ်စတန်၊ ဥဇဘတ်ကစ်စ တန်၊ တာဂျစ်ကစ်စတန်၊ သီရိလင်္ကာ၊ အီသီယိုးပီးယား၊ ဇင်ဘာဘွေ၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံတို့မှ ဝန်ကြီးများ နှင့်အတူ တက်ရောက်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Sustainable Manufacturing Strategies of Renewal ခေါင်းစဉ်ဖြင့် ဆွေးနွေးသော Panel Discussion သို့ တက်ရောက်ပြီး Moderator က မေးမြန်းသည့် Building Economic Relations and Protecting your Own Manufacturer နှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံသားများ၏ သက်သာချောင်ချိရေးအတွက် ဦးတည်ကာ ပြည်တွင်း ထုတ် လုပ်မှုများကို တိုးမြှင့်ပြုလုပ်ဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုသည် ပြည်တွင်းသုံးစွဲရန် လုံလောက်သည့်အပြင် ပိုလျှံလာပါက အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့မှုများ ပြုလုပ်သွားနိုင် မည်ဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြေမျက်နှာသွင်ပြင်အနေအထား၊ သဘာ ဝသယံဇာတပေါကြွယ်မှု၊ အထူးအားဖြင့် သံရိုင်းများထုတ်ယူနိုင်မှုအခြေအနေ တူညီမှုများစွာရှိကြောင်း၊ ထို့ ကြောင့် သံမဏိထုတ်လုပ်ရေးသည်လည်း အလေးပေးဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ကြောင်း၊ မိမိတို့မြန်မာနိုင်ငံ က လက်ရှိဆောင်ရွက်ဆဲဖြစ်သည့် သံမဏိထုတ်လုပ်ရေးလုပ်ငန်းကို ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အကူအညီများ ပေးအပ်လျက်ရှိကြောင်း၊ သံမဏိစက်ရုံစီမံကိန်းတည် ဆောက်မှုလုပ်ငန်းများပြီးမြောက်၍ စတင်လည်ပတ်နိုင် ပါက ပြည်တွင်း သံမဏိလိုအပ်ချက်ကို ဖြည့်တင်းနိုင်မည်ဖြစ်ပြီး ပြည်ပမှ သံမဏိတင်သွင်းမှုများ လျှော့ချနိုင် မည်ဖြစ်ကြောင်း ပြောသည်။

 

မြန်မာနိုင်ငံအနေဖြင့်လည်း စဉ်ဆက်မပြတ်တိုးတက်နေသော စက်မှုနိုင်ငံအဖြစ်သို့ ပြောင်းလဲနိုင်ရေးအလေး ထားကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်တွင်းရှိ အခြေအနေ များသာမကဘဲ ပြည်ပအခြေအနေများ၏ လွှမ်းမိုးမှုများစွာရှိသည်ကိုလည်း ဖြည့်စွက်ပြောကြားလိုပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ လက်ရှိ ဆောင်ရွက်လျက်ရှိသည့် စက်မှုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များသည် မြန်မာနိုင် ငံအတွက်လည်း အထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဆွေးနွေးခဲ့ သည်။

 

#PeopleMedia


Share this post