• Follow Us on
Latest News

Home ရုရှားတိုက်ခိုက်မှုကို ရှောင်ရှားရန် ယူကရိန်းဒုံးကျည်စက်ရုံကို ပြည်ပနိုင်ငံကို ရွှေ့ပြောင်း

ရုရှားတိုက်ခိုက်မှုကို ရှောင်ရှားရန် ယူကရိန်းဒုံးကျည်စက်ရုံကို ပြည်ပနိုင်ငံကို ရွှေ့ပြောင်း

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၃၀

 

ယူကရိန်းနိုင်ငံက ဒုံးကျည်ထုတ်လုပ်ရေးစက်ရုံအစိတ်အပိုင်းတွေကို ရုရှားတပ်တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှု မခံရအောင် ပြည်ပနိုင်ငံကို ရွှေ့ပြောင်းခဲ့ကြောင်း ယူကရိန်းအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

 

လက်နက်တွေတပ်ဆင်နေတဲ့နေရာကို ရုရှားဒုံးကျည်တွေ လာရောက်ထိမှန်ခဲ့ပြီးနောက် အဲဒီစက်ရုံအစိတ်အ ပိုင်းတချို့ကို ရွှေ့ပြောင်းခဲ့တာဖြစ်ကြောင်း ယူကရိန်းနိုင်ငံ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ အ တွင်းရေးမှူး အိုလက်ဆီဒန်နီလဗ်က ပြောပါတယ်။

 

ဒါပေမဲ့ ရုရှားတွေ ဘယ်အချိန်/ ဘယ်နေရာကနေ တိုက်ခိုက်ခဲ့တယ်ဆိုတာကိုတော့ အိုလက်ဆီဒန်နီလဗ်က အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။

 

အလားတူပဲ ဒုံးကျည်စက်ရုံအသစ်ရဲ့တည်နေရာနဲ့ ဘယ်အချိန်မှာ စတင်ရွှေ့ပြောင်းခဲ့တယ်ဆိုတဲ့ သတင်းအ ချက်အလက်တွေကိုလည်း ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

 

“ဒါက လျှို့ဝှက်အစီအစဉ်ဖြစ်ပါတယ်။ ဘယ်လိုလုပ်နေတယ်ဆိုတာ ဘယ်သူကမှ ပြောမှာမဟုတ်ပါဘူး။” လို့ ဒန်နီလဗ်က ပြောပါတယ်။

 

ယူကရိန်းအစိုးရဟာ အနာဂတ်စစ်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ ၂၀၂၀ ပြည့်နှစ်ကတည်းက ကိုယ်ပိုင်ဒုံးကျည် တွေကို ထုတ်လုပ်နေခဲ့တာဖြစ်ကြောင်း ဒန်နီလဗ်က ပြောပါတယ်။

 

ယူကရိန်းထုတ်လုပ်ထားတဲ့လက်နက်တွေထဲက တချို့လက်နက်တွေဟာ မိုင် ၉၃၀ (၁၄၉၆ ကီလိုမီတာ) အထိ ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

 

ယူကရိန်းပြည်တွင်းထုတ် ဒုံးကျည်တစ်စင်းက ခရိုင်းမီးယားကျွန်းဆွယ်မှာရှိတဲ့ ရုရှားတွေရဲ့ S-400 လေကြောင်း ရန်ကာကွယ်ရေးဒုံးကျည်တစ်စင်းကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ပြီးခဲ့တဲ့လက ဒန်နီလဗ်က ပြောပါတယ်။

 

လာမယ့်လတွေမှာ အနောက်နိုင်ငံက စစ်လက်နက်ပစ္စည်းထောက်ပံ့မှုတွေလျော့ပါးလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှု ကြောင့် ယူကရိန်းနိုင်ငံဟာ လက်ရှိအချိန်မှာ စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုကို အရှိန်မြှင့်တင်ဆောင်ရွက်နေ တယ်လို့ ဆိုပါတယ်။

 

“ကျွန်တော်အမှန်အတိုင်းပြောပါ့မယ်။ သိပ်မကြာခင်မှာပဲ ရုရှားနိုင်ငံက တစ်စုံတစ်ယောက်ဟာ မီးလောင်ပျက်စီး သွားပါလိမ့်မယ်။ ကမ္ဘာ့ပြည်သူတွေ တိုက်ရိုက်ကြည့်ရှုနေတဲ့ မြင်ကွင်းအလယ်မှာပဲ မီးလောင်ပျက်စီးသွားပါလိမ့် မယ်။” လို့ ဒန်နီလဗ်က ပြောပါတယ်။

 

Ref: Ukraine Moves Missile Factory Abroad to Avoid Russian Strikes: Official

 

#PeopleMedia


Share this post