• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home ရွာငံမြို့နယ်တွင် PDF အကြမ်းဖက်သမားများက အရပ်သားနှစ်ဦးအား ဖမ်းဆီးချုပ်နှောင်၍ ဓားဖြင့် ထိုးခုတ် သတ်ဖြတ်

ရွာငံမြို့နယ်တွင် PDF အကြမ်းဖက်သမားများက အရပ်သားနှစ်ဦးအား ဖမ်းဆီးချုပ်နှောင်၍ ဓားဖြင့် ထိုးခုတ် သတ်ဖြတ်

Share this post

နေပြည်တော်၊ နို၀င်ဘာ ၁၉

 

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက  အရပ်သားနှစ်ဦးအား ဖမ်းဆီးချုပ်နှောင်၍ ဓားဖြင့် ထိုးခုတ် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၇ ရက် နံနက် ၁၂ နာရီ ၁၀ မိနစ်တွင် ရွာငံမြို့နယ်၊ ယုံတောင်ကျေးရွာနေ ဦးဌေးဝင်း(၆၁)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်ထွေးနု(ခ)မပူကြီး(၄၅)နှစ်တို့သည် ၎င်းတို့နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး ရောက်ရှိလာကာ ၎င်းတို့နှစ်ဦးအား နေအိမ်၏ အနောက်ဘက်တောထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လည်ပင်းနှင့် ရင်အုံတို့ကို ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

အလားတူ နိုဝင်ဘာ ၁၇ ရက်ညနေ ၅ နာရီ ၃၅ မိနစ်တွင် မုဒုံမြို့နယ်၊ ဝက်တဲကျေးရွာနေ ဦးမျိုးသူရအောင်(၃၆)နှစ်သည် ကျုံဖိုက်ကျေးရွာရှိ ၎င်းပိုင်ဒူးရင်းခြံမှ မုဒုံမြို့ဘက်သို့ မော်လမြိုင် – သံဖြူဇရပ်သွားကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် မုဒုံမြို့နယ်၊ မြို့မ(၂)ရပ်ကွက်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးအနီးအရောက် PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် မုဒုံမြို့နယ်ပြည်သူ့ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း သိရသည်။

 

#PeopleMedia


Share this post