• Follow Us on
Latest News

Home ဝက်လက်မြို့နယ်၌ ရေသန့်ကား မီးရှို့ဖျက်ဆီးခံရပြီး ယာဉ်မောင်းဖြစ်သူနှင့် စက်ပြင်ဆရာတို့ကို PDF အဖွဲ့ သတ်ဖြတ်

ဝက်လက်မြို့နယ်၌ ရေသန့်ကား မီးရှို့ဖျက်ဆီးခံရပြီး ယာဉ်မောင်းဖြစ်သူနှင့် စက်ပြင်ဆရာတို့ကို PDF အဖွဲ့ သတ်ဖြတ်

Share this post

စစ်ကိုင်း၊ နိုဝင်ဘာ ၉ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားကျေးရွာအနီး၊ ဗျူဟာလမ်းမကြီးပေါ်၌ နိုဝင်ဘာ ၈ ရက်နေ့ မွန်းလွဲပိုင်းက မြင့်ရေသန့်စက်ရုံမှ ရေသန့်ပို့ဆောင်သည့်ယာဉ်သည် မီးရှို့ဖျက်ဆီးခံရပြီး ယာဉ်မောင်းဖြစ်သူနှင့် စက်ပြင်ဆရာတို့ကို လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။

 

ထိုကဲ့သို့ သတ်ဖြတ်လုပ်ကြံမှုသည် ၎င်းတို့၏ လက်ချက်ဖြစ်တယ်လို့ ဒေသခံ PDF အဖွဲ့တစ်ခုဖြစ်သည့် လျှပ်စီး ပျောက်ကြားအဖွဲ့(ဝက်လက်)က သတင်းထုတ်ပြန်မှုပြုခဲ့ပါတယ်။

 

ထိုနောက် အဆိုပါ ထုတ်ပြန်ချက်ကို ၎င်းတို့က ပြန်လည်ဖျက်ချခဲ့ပါတယ်။ “နယ်ဘက်မှာက ဒလန်လို့ အမည် တပ်ပြီး လုပ်ကြံနေကြတာ။ ယာဉ်မောင်းဖြစ်သူက အနီစစ်စစ်ပါဗျာ။ နောက်တစ်ယောက်က စက်ပြင်ဆရာပါ။ သူ့မှာ အမျိုးသမီးရှိတယ်။ မွေးခါနီးလို့ ပြောနေကြတယ်” လို့ ဒေသခံတစ်ဦးက People Media ကို ပြောပါ တယ်။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့သည် PDF အဖွဲ့များ လှုပ်ရှားနေသည့် မြို့နယ်တစ်ခုဖြစ်ပါတယ်။

 

Photo – Credit (မီးရှို့ဖျက်ဆီးခံရသည့် မြင့်ရေသန့်ယာဉ်)

 

#PeopleMedia #ဝက်လက်မြို့

 

(unicode)


…………………………………………………

 


 


 


 


 


 


 



Share this post