• Follow Us on
Latest News

Home သုဝဏ္ဏဝတီမြို့တွင် မုန့်ဟင်းခါးစားပြီး မော်တော်ယာဉ်ဆီသို့ ပြန်လာသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံ ရ၍ သေဆုံး

သုဝဏ္ဏဝတီမြို့တွင် မုန့်ဟင်းခါးစားပြီး မော်တော်ယာဉ်ဆီသို့ ပြန်လာသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံ ရ၍ သေဆုံး

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၃၀

 

မွန်ပြည်နယ်၊ သထုံခရိုင်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်၊ တိုင်ကောက်လမ်းဝရှိ မုန့်ဟင်းခါးဆိုင်တွင် မုန့်ဟင်းခါးစားပြီး မော်တော်ယာဉ်ဆီသို့ ပြန်လာသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး သွားကြောင်း သိရသည်။

 

နိုဝင်ဘာလ ၃၀ ရက် နံနက် ၉ နာရီကျော်တွင် အမျိုးသားတစ်ဦးမှ မုန့်ဟင်းစားပြီး ၎င်း၏မော်တော်ယာဉ်ဆီသို့ လမ်းလျောက်လာစဉ် PDF နှစ်ဦးလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်တစ်စီးမှ ထိုအမျိုးသားဆီသို့ ရောက်ရှိ လာပြီး သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။

 

သေနတ်ပစ်ခတ်ခံရသည့် ဦးသန်းနိုင်မှာ ညာဘက်ရင်အုံ ကျည်ထိမှန်ပြီး ၎င်းကိုသိမ်ဆိပ်တိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post