• Follow Us on
Latest News

Home အိန္ဒိယ-မြန်မာ နယ်စပ်ကို အာသံရိုင်ဖယ်အဖွဲ့ဝင်ရောက်စီးနင်းရာ လက်နက်ကြီး/ငယ်များ သိမ်းဆည်းရမိ

အိန္ဒိယ-မြန်မာ နယ်စပ်ကို အာသံရိုင်ဖယ်အဖွဲ့ဝင်ရောက်စီးနင်းရာ လက်နက်ကြီး/ငယ်များ သိမ်းဆည်းရမိ

Share this post

နိုင်ငံတကာ၊ မေ ၂

 

အိန္ဒိယ-မြန်မာ နယ်စပ်အနီး နာဂလန်းပြည်နယ် မွန်းခရိုင်အတွင်း သိမ်းဆည်းထားတဲ့ လက်နက်ခဲယမ်းအများ အပြားသိမ်းဆည်းထားတဲ့နေရာကို အိန္ဒိယအာသံရိုင်ဖယ်တပ်ရင်းက တနင်္လာနေ့ (ဧပြီ ၂၉ ရက်နေ့) မှာ ဝင် ရောက်စီးနင်းခဲ့ကြောင်း Times Of India မှာ ရေးသားဖော်ပြထားပါတယ်။

 

ထောက်လှမ်းရေးသတင်းအရ အဲဒီနေရာကို အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်တွေက မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းရှာ ဖွေရာ အမျိုးသားတစ်ဦးနဲ့အတူ ၈၁ မမ စိန်ပြောင်း ၁၁ လက်၊ ၁၀၆ မမ စိန်ပြောင်း ၄ လက်၊ ပစ္စတို ၁၀ လက်၊ လက်ကိုင်စကားပြောစက် ၁၉၈ လုံး၊ ဂြိုဟ်တုဖုန်း ၁ လုံး၊ Kenbo ဆိုင်ကယ်တစ်စီးနဲ့ Bolero ကားတစ်စီးကို သိမ်းဆည်းရရှိခဲ့ပါတယ်။

 

“နယ်စပ်ဒေသမှာ အခုလို လက်နက်ကြီးတွေ သိမ်းဆည်းရမိတာဟာ လက်နက်မှောင်ခိုမှုတွေကို နှိမ်နှင်းနေတဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့ရဲ့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။” လို့ အိန္ဒိယအရာရှိတစ်ဦးက ပြောပါတယ်။

 

“ဒီလိုဖမ်းမိတာဟာ ဒေသတွင်း ငြိမ်းချမ်းရေးကို ပျက်ပြားအောင်နှောင့်ယှက်ဖို့ ကြိုးပမ်းနေသူတွေအတွက် ကြီး မားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဖမ်းဆီးထားတဲ့လူတစ်ဦးနဲ့ သိမ်းဆည်းထားတဲ့ လက်နက်တွေကို နာဂလန်းရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်း အဆိုပါ အရာရှိက ပြောပါတယ်။

 

မြန်မာနိုင်ငံထဲမှာ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေတာကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ကိုလည်း ခြံစည်းရိုးကာဖို့ အိန္ဒိယအစိုးရက ဆောင်ရွက်နေပါတယ်။

 

Ref: Arms cache intercepted by Assam Rifles on Myanmar border: Times Of India

 

#PeopleMedia


Share this post