• Follow Us on

Home အီတလီ၊ ဂျပန်၊ တောင်ကိုရီးယားက RQ-4 Global Hawk ဒရုန်းတွေ ပြုပြင်ထိန်းသိမ်းဖို့ ဒေါ်လာ ၃၈၇ သန်း တန် ကန်ထရိုက်လုပ်ငန်း Northrop Grumman ကုမ္ပဏီကို အပ်နှံ

အီတလီ၊ ဂျပန်၊ တောင်ကိုရီးယားက RQ-4 Global Hawk ဒရုန်းတွေ ပြုပြင်ထိန်းသိမ်းဖို့ ဒေါ်လာ ၃၈၇ သန်း တန် ကန်ထရိုက်လုပ်ငန်း Northrop Grumman ကုမ္ပဏီကို အပ်နှံ

Share this post

နိုင်ငံတကာ၊ ဧပြီ ၃၀

 

အီတလီ၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ RQ-4 Global Hawk ဒရုန်းတွေ ပြုပြင်ထိန်းသိမ်းဖို့အတွက် Northrop Grumman (နော့သ်သရု ဂရူးမန်း) ကုမ္ပဏီကို ဒေါ်လာ ၃၈၇ သန်းတန် ကန်ထရိုက်လုပ်ငန်းတစ်ခု အပ်နှံလိုက်ကြောင်း The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။

 

အဲဒီကန်ထရိုက်စာချုပ်ဟာ တောင်ကိုရီးယား၊ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့နဲ့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) အစိုးရတွေအတွက် ပြည်ပနိုင်ငံများစစ်လက်နက်ပစ္စည်းရောင်းချရေးအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ် ရပ်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အခုကန်ထရိုက်စာချုပ်ဟာ ၂၀၂၅ ခုနှစ် ဧပြီလ မတိုင်ခင်အထိ အဆိုပါနိုင်ငံသုံးနိုင်ငံအတွက် လော်ဂျစ်စတစ် ထောက်ပံ့ရေးနဲ့ ပတ်သက်တယ်လို့ဆိုပါတယ်။

 

စာချုပ်ပါ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို တောင်ကိုရီးယားနိုင်ငံ ဆာချီယွန်လေတပ်စခန်းနဲ့ အိုဆန်လေ တပ်စခန်း၊ ဂျပန်နိုင်ငံ မီဆာဝါလေတပ်စခန်းနဲ့ အီတလီနိုင်ငံ ဆိုင်ဂိုနီနာ ရေတပ်ပိုင် လေတပ်စခန်းတို့မှာ ဆောင် ရွက်သွားမှာဖြစ်ပါတယ်။

 

Northrop Grumman ကုမ္ပဏီရဲ့ RQ-4 Global Hawk ဒရုန်းဟာ ထောက်လှမ်းရေး၊ စောင့်ကြည့်ထောက်လှမ်း ရေးနဲ့ ကင်းထောက် (ISR) တာဝန်တွေ ထမ်းဆောင်ဖို့အတွက် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ အမြင့်/တာဝေးပျံ ဒရုန်းအမျိုးအစားဖြစ်ပါတယ်။

 

ဒီဒရုန်းမှာ ဂြိုဟ်တုဓာတ်ပုံထောက်လှမ်းရေးစနစ်၊ ရေဒီယို/ရေဒါ ကြားဖြတ်ဖမ်းယူနိုင်တဲ့ထောက်လှမ်း ရေးစနစ် နဲ့ ရွေ့လျားပစ်မှတ်ရှာဖွေရေးဆင်ဆာတွေ တပ်ဆင်ထားတာကြောင့် RQ-4 Global Hawk ဒရုန်းဟာ အချိန်နဲ့ တပြေးညီ ထောက်လှမ်းရေးသတင်းတွေကို တောက်လျှောက်ထောက်ပံ့နိုင်ပါတယ်။

 

တစ်နာရီကို ရေမိုင် ၃၁၀ (တစ်နာရီ ၅၇၄ ကီလိုမီတာ/ ၃၅၆ မိုင်) ပျံသန်းနိုင်တဲ့ RQ-4 Global Hawk ဒရုန်းဟာ ရေမိုင် ၁၂,၃၀၀ မိုင် (၂၂,၇၈၀ ကီလိုမီတာ) အကွာအဝေးကို စစ်ဆင်ရေးသွားရောက်ဆောင်ရွက်နိုင်ပြီး နာရီ ပေါင်း ၃၀ ကျော် တစ်ဆက်တည်းပံျသန်းနိုင်ပါတယ်။

 

ကမ္ဘာတစ်ဝန်းအနေနဲ့ကြည့်ရင် RQ-4 Global Hawk မောင်းသူမဲ့လေယာဉ်တွေဟာ အီရတ်၊ အာဖဂန်နစ္စတန်နဲ့ မြောက်အာ ဖရိကနိုင်ငံတွေမှာ နာရီပေါင်း ၃၂၀၀၀၀ ကျော် ပျံသန်းပြီးပြီ ဖြစ်ပါတယ်။

 

ပင်လယ်နက်ကောင်းကင်ယံမှာ ရုရှားဂျက်တိုက်လေယာဉ်တစ်စင်းက အမေရိကန် Reaper ဒရုန်းတစ်စင်းကို ဝင်တိုက်ခဲ့ပြီးနောက်မှာ အမေရိကန်စစ်တပ်က ပြီးခဲ့တဲ့နှစ်မှာ RQ-4 Global Hawk ဒရုန်းပျံသန်းမှုကို သိသိသာ သာ လျှော့ချလာခဲ့ပါတယ်။

 

Ref: Northrop Awarded $387M Global Hawk Contract for Italy, Japan, Korea

 

#PeopleMedia


Share this post