• Follow Us on
Latest News

Home အမေရိကန်သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရဖူးသူတွေ ယူကရိန်းစစ်ပွဲဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ပါဝင်ပြီး အမေရိကန်အစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်

အမေရိကန်သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရဖူးသူတွေ ယူကရိန်းစစ်ပွဲဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ပါဝင်ပြီး အမေရိကန်အစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၀

 

ယူကရိန်းကို စစ်ရေးအထောက်အပံ့ပေးနေတာတွေကို ရပ်တန့်ပြီး သံတမန်ရေးဦးစားပေးဖြေရှင်းဖို့နဲ့ ပြည်တွင်း အခက်အခဲပြဿနာတွေကို ကိုင်တွယ်ဆောင်ရွက်နိုင်အောင် ကာကွယ်ရေးဘတ်ဂျက်ကိုလျှော့ချဖို့အတွက် နိုင် ငံရေးနယ်ပယ်စုံက ထင်ရှားတဲ့ဟောပြောဆွေးနွေးသူတွေနဲ့အတူ ရာနဲ့ချီတဲ့အမေရိကန်ပြည်သူတွေဟာ ဝါရှင် တန်ဒီစီမှာစုရုံးချီတက်ဆန္ဒပြပြီး တောင်းဆိုခဲ့ကြပါတယ်။

 

ယူကရိန်းစစ်ပွဲဖြစ်ပွားပြီး တစ်နှစ်နီးပါးအကြာ တနင်္ဂနွေနေ့ (ဖေဖော်ဝါရီလ ၁၉ ရက်) က လင်ကွန်းအထိမ်းအ မှတ်ရုပ်တုရှေ့မှာကျင်းပခဲ့တဲ့ စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ အမေရိကန်သမ္မတလောင်းအဖြစ် အမည်စာရင်းတင် သွင်းခံဖူးတဲ့သူ သုံးလေးယောက်အပါအဝင် ထင်ရှားကျော်ကြားတဲ့သူတွေ၊ ဂျာနယ်လစ်တွေနဲ့ နိုင်ငံရေးသမား တွေ အများအပြားပါဝင်ဆင်နွှဲခဲ့ပါတယ်။

 

“သမ္မတလောင်းပြိုင်ပွဲအတွက် အမည်စာရင်းတင်သွင်းခံခဲ့ရတဲ့ဘယ်သူကမှ ဒီစစ်အေးတိုက်ပွဲသစ်နဲ့ နျူကလီး ယားလက်နက်ပြိုင်ပွဲဖြစ်ပွားနိုင်တဲ့ အန္တရာယ်အကြောင်းကို မပြောချင်ပါဘူး။ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ကျွန်မ သတိပေးခဲ့တာတွေ အခုတကယ်ဖြစ်လာပါပြီ။ ကျွန်မတို့ အခုရုရှားနဲ့ တိုက်ခိုက်နေတဲ့ ကြားခံစစ်ပွဲဟာ အမေရိ ကန်ပြည်ထောင်စု၊ နေတိုးနဲ့ ရုရှားတို့ကြားက တိုက်ရိုက်စစ်ပွဲတစ်ခု အချိန်မရွေးဖြစ်လာနိုင်ပါတယ်။” လို့ အမေ ရိကန်ကွန်ဂရက်လွှတ်တော်အမတ်ဟောင်းလည်းဖြစ် သမ္မတလောင်းအမည်စာရင်းတင်သွင်းခံရသူလည်းဖြစ်ခဲ့ ဖူးတဲ့ တူဆီဂတ်ဘတ်ဒ်က တက်ရောက်လာတဲ့လူထုကို မိန့်ခွန်းပြောကြားတဲ့အထဲမှာ ထည့်သွင်းပြောကြားသွား ပါတယ်။

 

“နည်းနည်းပါးပါး ခွဲခြမ်းစိတ်ဖြာတတ်တဲ့အတွေးမျိုးရှိတဲ့သူဆိုရင် ဒီစစ်အေးတိုက်ပွဲကြီးဟာ နျူကလီးယားလက် နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံကြီးတစ်နိုင်ငံနဲ့ ချက်ချင်းစစ်မက်ဖြစ်ပွားနိုင်တဲ့ စစ်ပူတိုက်ပွဲကြီးအဖြစ် အချိန်မရွေး ပြောင်းလဲသွားနိုင်တယ်ဆိုတာ တွေးဆနိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ယူကရိန်းစစ်ပွဲကိုထောက်ပံ့ဖို့ သုံးစွဲနေရတဲ့ ဒေါ်လာဘီလျံ ၁၀၀ တောင် ပြည်တွင်းပြဿာပေါင်းများစွာကို လျော့ ကျသွားအောင်ဆောင်ရွက်နိုင်တဲ့အတွက် ပင်တဂွန်စစ်ဌာနချုပ်အတွက် ဘတ်ဂျက်တွေဖြတ်တောက်ဖို့ အစိမ်း ရောင်ပါတီ (Green Party) က သမ္မတလောင်းဖြစ်ခဲ့ဖူးသူ ဒေါက်တာဂျေးလ်စတိန်းက တောင်းဆိုလိုက်ပါတယ်။

 

“ဒီကြောက်မက်ဖွယ်ကောင်းတဲ့စစ်အစိုးစရိတ်ဟာ ပြည်တွင်းမှာ အသည်းအသန်လိုအပ်နေတဲ့ ရင်းမြစ်တွေကို စားသုံးနေတာဖြစ်ပါတယ်။ ကျန်းမာရေးအာမခံချက်မရှိလို့ နှစ်စဉ် ပြည်သူ ၇၀,၀၀၀ သေဆုံးနေတယ်။ အိုးမဲ့အိမ် မဲ့လူဦးရေ ငါးသိန်းဟာ လမ်းမတွေပေါ်မှာအိပ်နေရတယ်။ လူဦးရေ ၃၃ သန်းဟာ ပညာရေးစရိတ်အကြွေးတွေ တင်နေတယ်။ လူဦးရေ သန်း ၁၀၀ ဟာ ကျန်းမာရေးစရိတ်အကြွေးတွေတင်နေတယ်။ ၂၂ သန်းဟာ ဆင်းရဲမွဲ တေမှုဒဏ်ခံနေရတဲ့ ကလေးတွေဖြစ်တယ်။” လို့ ၎င်းက ထောက်ပြခဲ့ပါတယ်။

 

ကွန်ဂရက်လွှတ်တော်အမတ်ဟောင်းလည်းဖြစ်တဲ့အပြင် ၂၀၀၄ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်မှာ ဒီမိုကရက်တစ်သမ္မတ လောင်းအဖြစ်အမည်စာရင်းတင်သွင်းခံရဖို့ ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ဒန်းနစ်ကူဆီနစ်ချ်ကတော့ ပူလစ်ဇာဆုပိုင်ရှင် ဂျာ နယ်လစ်ဆီးမောဟက်ရှ်ရေးသားခဲ့တဲ့ တောင်းဆိုမှုတွေနဲ့ပတ်သက်လို့ အမေရိကန်အစိုးရက တာဝန်ခံရမှာဖြစ် ကြောင်း ပြောဆိုခဲ့ပါတယ်။

 

“Nord Stream ဂက်စ်ပိုက်လိုင်းကိုဖောက်ခွဲဖျက်ဆီးတဲ့အကြောင်းပြောရရင် ဆောင်းရာသီမှာ ဥရောပတလွှား လူဦးရေသန်းပေါင်းများစွာကိုအကာအကွယ်ပေးဖို့လိုအပ်တဲ့ စွမ်းအင်ရင်းမြစ်တွေကို တရားဥပဒေနဲ့မညီတ့၊ဲ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့မညီတဲ့ နည်းလမ်းတွေနဲ့ အမေရိကန်အစိုးရက ဖောက်ခွဲဖျက်ဆီးပစ်ခဲ့တယ်။” လို့ ၎င်းက ပြောဆိုခဲ့ပါတယ်။

 

အမေရိကန်အစိုးရရဲ့ပါရမီကတော့ မီဒီယာတွေကို ဝင်နှောက်ပူးသတ်ဖို့အတွက် သတင်းမှားနဲ့ သတင်းတုတွေ ကို ဖန်တီးထုတ်လုပ်ပြီး လူတွေကြားမှာ အကြောက်တရားတွေနဲ့ အမုန်းတရားတွေကို လှုံ့ဆော်ဖို့ အဲဒီသတင်း မှားသတင်းတုတွေကို လက်နက်တစ်ခုသဖွယ်အသုံးချနေတာပဲဖြစ်ကြောင်း၊ အဲဒီလိုဆောင်ရွက်တာဟာ ပြည် တွင်းက ပါတီစုံကြားမှာ တစ်ဖက်သတ်အစွန်းရောက်သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်လာအောင်လုပ်ဆောင် နေတာဖြစ်သလို ဒီမိုကရေစီရဲ့အနှစ်သာရတွေကို ပျက်စီးစေနိုင်တဲ့ လိမ်ညာမှုတွေ၊ လှည့်စားမှုတွေ၊ အမှန်တ ရားကိုမျက်ကွယ်ပြုပြီး မိမိမလိုလားတဲ့ဘက်ကိုအပြစ်ပုံချတဲ့လုပ်ရပ်တွေနဲ့ ကျူးကျော်ရန်စတာတွေ စတဲ့နည်း လမ်းတွေကတစ်ဆင့် သိပ်ရှေးရိုးဆန်လှတဲ့အမုန်းတရားတွေ ပြည်ပနိုင်ငံတွေမှာ ပျံ့နှံ့အောင် ဆောင်ရွက်နေ တာပဲဖြစ်ကြောင်း ဒန်းနစ်ကူဆီနစ်ချ်က ပြောပါတယ်။

 

ဝါရင့်ကွန်ဂရက်လွှတ်တော်အမတ်နဲ့ အမေရိကန်သမ္မတလောင်းပြိုင်ပွဲဝင်ခဲ့သူ ရွန်းပေါလ်ကတော့ စစ်ပွဲတွေရပ်ဖို့ အရိုးရှင်းဆုံးနည်းလမ်းကတော့ အမေရိကန်ဗဟိုဘဏ်ဆိုတဲ့ ပုဂ္ဂိလိကဘဏ်ကို ရှင်းလင်းပစ်ဖို့နဲ့ လူထုက ဆန္ဒ ပြုမဲမပေးဘဲနဲ့ စစ်ပွဲတွေဆီကို လူတွေမလွှတ်ဖို့ပဲဖြစ်ကြောင်း ပြောဆိုလိုက်တဲ့အခါ လက်ခုပ်သံ တသောသော ညံသွားပါတယ်။

 

“ပိုက်ဆံရိုက်ထုတ်လို့မရဘူးဆိုရင် ငွေတန်ဖိုးကျဆင်းအောင်လုပ်ပြီး၊ ပြည်သူ့ဘဏ္ဍာငွေတွေကိုခိုးပြီး၊ အလယ်အ လတ်လူတန်းစားတွေနဲ့ ဆင်းရဲသားတွေ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေကျဆင်းလာအောင်ပြုလုပ်ပြီး အခွန်အ ခတွေကောက်လို့မရဘူးပေါ့ဗျာ။ ဘာ့ကြောင့်လဲဆိုတော့ အခွန်ထမ်းပြည်သူတွေဟာ အဲဒီပြည်သူတွေဖြစ်နေလို့ ပါပဲ။ လူတွေဘာ့ကြောင့် စစ်ပွဲဆီသွားနေရသလဲ။ စစ်ပွဲဖြစ်သင့်တယ်လို့ ယူဆရင် ရွေးကောက်ပွဲကျင်းပလိုက် ဗျာ။ အဲဒီရွေးကောက်ပွဲကို အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်ကြားလူငယ်တွေကပဲ ဆောင်ရွက်ပလေ့စေဗျာ။ ဒီအရွယ် လူငယ်တွေပဲ စစ်ပွဲကို အများဆုံးသွားနေရတာမဟုတ်လား။” လို့ ရွန်းပေါလ်က ပြောပါတယ်။

 

Ref: Former US presidential candidates rally against ‘war machine’

 

#PeopleMedia

 

(unicode)


……………………………………………….

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Former US presidential candidates rally against ‘war machine’

 

#PeopleMedia


Share this post