• Follow Us on
Latest News

Home ကူးစက္မႈႏႈန္း ၁၀ ဆပိုျမန္သည့္ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲ မေလး႐ွားတြင္ေ တြ႕႐ွိ

ကူးစက္မႈႏႈန္း ၁၀ ဆပိုျမန္သည့္ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲ မေလး႐ွားတြင္ေ တြ႕႐ွိ

Share this post

ကြာလာလမ္ပူ၊ ၾသဂုတ္ ၁၇

မေလး႐ွားႏိုင္ငံတြင္ ကူးစက္မႈ ၁၀ ဆပိုျမန္သည့္သေႏၶေျပာင္းကို႐ိုနာဗိုင္းရပ္စ္အမ်ိဳးအစားေတြ႕႐ွိသည္။

ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ D614G သေႏၶေျပာင္းလဲမႈေတြ႕႐ွိၿပီးေနာက္ လူမႈအသိုက္အ၀န္းအေနျဖင့္ ပိုမိုဂ႐ု စိုက္ရမည္ျဖစ္ေၾကာင္း မေလး႐ွားက်န္းမာေရး၀န္ႀကီးဌာနၫႊန္ၾကားေရးမွဴခ်ဳပ္ ေနာ ဟီ႐ွမ္ အဗၺဒူလာက တနဂၤေႏြေန႔တြင္ သူ၏ Facebook စာမ်က္ႏွာမွတစ္ဆင့္ေျပာသည္။

မေလး႐ွားေဆးသုေတသနအင္စတီက်ဴက ႏိုင္ငံအတြင္း႐ွိေရာဂါအျပံဳလိုက္ကူးစက္ခံရသူ ၂ စုထဲမွကူးစက္ခံ ရသူ ၄ ေယာက္ကို သီးသန္႔ခြဲထားၿပီး ပံုမွန္စစ္ေဆးမႈမ်ားျပဳလုပ္ရာတြင္ ေတြ႕႐ွိခဲ့ျခင္းျဖစ္သည္။

D614G သေႏၶေျပာင္းလဲမႈကို ဇူလိုင္တြင္ သိပၸံပညာ႐ွင္မ်ား႐ွာေဖြေတြ႕႐ွိခဲ့ျခင္းျဖစ္ၿပီး လက္႐ွိကာကြယ္ေဆး သုေတသနလုပ္ငန္းမ်ားကို မေအာင္ျမင္ သို႔မဟုတ္ ေဆးမတိုးေစရန္ တြန္းအားျဖစ္သြားႏိုင္သည္ဟုလည္း ေဒါက္တာေနာဟီ႐ွမ္ကေျပာသည္။

အမ်ားျပည္သူအေနျဖင့္ ႀကိဳတင္ကာကြယ္ေရးအစီအမံမ်ားဆက္လက္လိုက္နာရန္ႏွင့္ လူခ်င္းခပ္ခြာခြာေနရန္၊ တစ္ကိုယ္ေရးက်န္းမာေရးအေလ့အက်င့္မ်ားက်င့္သံုးရန္ႏွင့္ ႏွာေခါင္းစည္းမ်ားတပ္ရန္စသည့္ အစီအမံမ်ား ေဆာင္႐ြက္ရန္လည္း အၾကံျပဳသည္။

တနဂၤေႏြေန႔က မေလး႐ွားတြင္ COVID-19 အတည္ျပဳလူနာ ၂၅ ေယာက္႐ွိခဲ့ၿပီး ၉ ေယာက္မွာ ျပည္တြင္း ကူးစက္မႈႏွင့္ ၁၆ ေယာက္မွာ ႏိုင္ငံျခားျပန္မ်ားျဖစ္သည္။

ထို႔ေၾကာင့္ မေလး႐ွားတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၉၂၀၀ ႐ွိလာၿပီး ကုသမႈခံယူေနရသူ ၂၁၆ ေယာက္႐ွိ ေနသည္။

ေသဆံုးသူ ၁၂၅ ေယာက္႐ွိေနသည္။

Ref : COVID-19 virus mutation that is ’10 times’ more infectious detected in Malaysia: Health director-general

#PeopleMedia

(unicode)
ကူးစက်မှုနှုန်း ၁၀ ဆပိုမြန်သည့်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ မလေးရှားတွင် ေတွ့ရှိ
…………………………………………

ကွာလာလမ်ပူ၊ ဩဂုတ် ၁၇

မလေးရှားနိုင်ငံတွင် ကူးစက်မှု ၁၀ ဆပိုမြန်သည့်သန္ဓေပြောင်းကိုရိုနာဗိုင်းရပ်စ်အမျိုးအစားတွေ့ရှိသည်။

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် D614G သန္ဓေပြောင်းလဲမှုတွေ့ရှိပြီးနောက် လူမှုအသိုက်အဝန်းအနေဖြင့် ပိုမိုဂရု စိုက်ရမည်ဖြစ်ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူချုပ် နော ဟီရှမ် အဗ္ဗဒူလာက တနင်္ဂနွေနေ့တွင် သူ၏ Facebook စာမျက်နှာမှတစ်ဆင့်ပြောသည်။

မလေးရှားဆေးသုတေသနအင်စတီကျူက နိုင်ငံအတွင်းရှိရောဂါအပြုံလိုက်ကူးစက်ခံရသူ ၂ စုထဲမှကူးစက်ခံ ရသူ ၄ ယောက်ကို သီးသန့်ခွဲထားပြီး ပုံမှန်စစ်ဆေးမှုများပြုလုပ်ရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

D614G သန္ဓေပြောင်းလဲမှုကို ဇူလိုင်တွင် သိပ္ပံပညာရှင်များရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိကာကွယ်ဆေး သုတေသနလုပ်ငန်းများကို မအောင်မြင် သို့မဟုတ် ဆေးမတိုးစေရန် တွန်းအားဖြစ်သွားနိုင်သည်ဟုလည်း ဒေါက်တာနောဟီရှမ်ကပြောသည်။

အများပြည်သူအနေဖြင့် ကြိုတင်ကာကွယ်ရေးအစီအမံများဆက်လက်လိုက်နာရန်နှင့် လူချင်းခပ်ခွာခွာနေရန်၊ တစ်ကိုယ်ရေးကျန်းမာရေးအလေ့အကျင့်များကျင့်သုံးရန်နှင့် နှာခေါင်းစည်းများတပ်ရန်စသည့် အစီအမံများ ဆောင်ရွက်ရန်လည်း အကြံပြုသည်။

တနင်္ဂနွေနေ့က မလေးရှားတွင် COVID-19 အတည်ပြုလူနာ ၂၅ ယောက်ရှိခဲ့ပြီး ၉ ယောက်မှာ ပြည်တွင်း ကူးစက်မှုနှင့် ၁၆ ယောက်မှာ နိုင်ငံခြားပြန်များဖြစ်သည်။

ထို့ကြောင့် မလေးရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၂၀၀ ရှိလာပြီး ကုသမှုခံယူနေရသူ ၂၁၆ ယောက်ရှိ နေသည်။

သေဆုံးသူ ၁၂၅ ယောက်ရှိနေသည်။

Ref : COVID-19 virus mutation that is ’10 times’ more infectious detected in Malaysia: Health director-general

#PeopleMedia


Share this post