• Follow Us on
Latest News

Home သာသနာေရးဝန္ႀကီး(ေဟာင္း) ဦးဆန္းဆင့္ ေရၾကည္ၿမိဳ႕ျပည္ သူ႔လႊတ္ေတာ္ကုိယ္စားလွယ္အျဖစ္ ေရြး ေကာက္ခံမည္

သာသနာေရးဝန္ႀကီး(ေဟာင္း) ဦးဆန္းဆင့္ ေရၾကည္ၿမိဳ႕ျပည္ သူ႔လႊတ္ေတာ္ကုိယ္စားလွယ္အျဖစ္ ေရြး ေကာက္ခံမည္

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၁၇

သာသနာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး(ေဟာင္း) ဦးဆန္းဆင့္သည္ လာမည့္ေရြးေကာက္ပြဲ၌ ဧရာ ဝတီတုိင္းေဒသႀကီး ေရၾကည္ၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္အျဖစ္ ေရြးေကာက္ခံသြားမွာ ျဖစ္ပါတယ္။

လာမည့္ေရြးေကာက္ပြဲ၌ ေရၾကည္ၿမိဳ႕နယ္ မဲဆႏၵနယ္ေျမမ်ား၌ USDP ပါတီ၊ NLD ပါတီအပါအဝင္ အျခားေသာ ပါတီမ်ားကလည္း ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာျဖစ္ပါတယ္။

ဦးဆန္းဆင့္သည့္ ႏုိင္ငံေတာ္သမၼတ(ၿငိမ္း)ဦးသိန္းစိန္ အစုိးရလက္ထက္၌ ဧရာဝတီတုိင္းေဒသႀကီး တုိင္း လႊတ္ေတာ္ဥကၠ႒အျဖစ္ ေဆာင္ရြက္ခဲ့ပါတယ္။

လႊတ္ေတာ္ဥကၠ႒ တာဝန္ယူစဥ္ကာလ၌ အလုပ္သမားအေရး၊ လယ္သမားအေရး၊ အင္းကိစၥရပ္မ်ားကုိ ထိထိ ေရာက္ေရာက္ ေဆာင္ရြက္ႏုိင္ခဲ့ပါတယ္။

ဦးဆန္းဆင့္သည္ တုိင္းလႊတ္ေတာ္ဥကၠ႒ တာဝန္ယူစဥ္ကာလ၌ ဧရာဝတီတုိင္းဝန္ႀကီးခ်ဳပ္ ဦးသိန္းေအာင္ လႊတ္ေတာ္တြင္း၊ လႊတ္ေတာ္ျပင္ပပြတ္တုိက္မႈမ်ား ရွိခဲ့ပါတယ္။

အဆုိပါ ပြတ္တုိက္မ်ားေၾကာင့္ ဦးဆန္းဆင့္ကုိ ျပည္ေထာင္စုအစုိးရအဖြဲ႕ဝင္ သာသနာေရးဝန္ႀကီးအျဖစ္ ေျပာင္းေရြးတာဝန္ေပးအပ္ခဲ့ပါတယ္။

ထုိ႔ေနာက္ ေငြေၾကးအရႈပ္ေတာ္ပုံကိစၥရပ္အခ်ဳိ႕ေၾကာင့္ ေထာင္က်ခံခဲ့ရပါတယ္။

ဦးဆန္းဆင့္သည္ တပ္မေတာ္၌ ဒုတိယဗုိလ္ခ်ဳပ္ႀကီးတာဝန္အထိ ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။

Photo – credit

#PeopleMedia #ေရၾကည္ျမိဳ႕ #ဦးဆန္းဆင့္

(unicode)
သာသနာရေးဝန်ကြီး(ဟောင်း) ဦးဆန်းဆင့် ရေကြည်မြို့ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေး ကောက်ခံမည်
…………………………………………………

ရန်ကုန်၊ ဩဂုတ် – ၁၇

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ဟောင်း) ဦးဆန်းဆင့်သည် လာမည့်ရွေးကောက်ပွဲ၌ ဧရာ ဝတီတိုင်းဒေသကြီး ရေကြည်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံသွားမှာ ဖြစ်ပါတယ်။

လာမည့်ရွေးကောက်ပွဲ၌ ရေကြည်မြို့နယ် မဲဆန္ဒနယ်မြေများ၌ USDP ပါတီ၊ NLD ပါတီအပါအဝင် အခြားသော ပါတီများကလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ဦးဆန်းဆင့်သည့် နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် အစိုးရလက်ထက်၌ ဧရာဝတီတိုင်းဒေသကြီး တိုင်း လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလ၌ အလုပ်သမားအရေး၊ လယ်သမားအရေး၊ အင်းကိစ္စရပ်များကို ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဦးဆန်းဆင့်သည် တိုင်းလွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလ၌ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပပွတ်တိုက်မှုများ ရှိခဲ့ပါတယ်။

အဆိုပါ ပွတ်တိုက်များကြောင့် ဦးဆန်းဆင့်ကို ပြည်ထောင်စုအစိုးရအဖွဲ့ဝင် သာသနာရေးဝန်ကြီးအဖြစ် ပြောင်းရွေးတာဝန်ပေးအပ်ခဲ့ပါတယ်။

ထို့နောက် ငွေကြေးအရှုပ်တော်ပုံကိစ္စရပ်အချို့ကြောင့် ထောင်ကျခံခဲ့ရပါတယ်။

ဦးဆန်းဆင့်သည် တပ်မတော်၌ ဒုတိယဗိုလ်ချုပ်ကြီးတာဝန်အထိ ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

Photo – credit

#PeopleMedia #ရေကြည်မြို့ #ဦးဆန်းဆင့်


Share this post