• Follow Us on

Home ဂ်ပန္တြင္ စံခ်ိန္တင္စီးပြားေရးက်ဆင္းမႈေတြ႕ႀကံဳေန

ဂ်ပန္တြင္ စံခ်ိန္တင္စီးပြားေရးက်ဆင္းမႈေတြ႕ႀကံဳေန

Share this post

တိုက်ိဳ၊ ၾသဂုတ္ ၁၇

ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါကိုရင္ဆိုင္ေနရခ်ိန္ စံခ်ိန္တင္အျမန္ဆံုးစီးပြားေရးက်ဆင္းမႈကို ဂ်ပန္ႏိုင္ငံ ေတြ႕ႀကံဳေနရသည္။

ကမာၻ႔တတိယစီးပြားေရးအင္အားအႀကီးဆံုးႏိုင္ငံတြင္ ဧၿပီမွဇြန္အထိသံုးလအတြင္း ၿပီးခဲ့သည့္ႏွစ္အလားတူ ကာလထက္ စုေပါင္းျပည္တြင္းထုတ္ကုန္ ၇.၈ ရာခိုင္ႏႈန္းက်ဆင္းခဲ့ၿပီး ႏွစ္စဥ္ပမာဏထက္ ၂၇.၈ ရာခိုင္ႏႈန္း က်ဆင္းခဲ့သည္။

ကပ္ေရာဂါအၾကပ္အတည္းမတိုင္ခင္က ဂ်ပန္ႏိုင္ငံတြင္စီးပြားေရးတိုးတက္မႈက်ဆင္းျခင္းႏွင့္ရင္ဆိုင္ေနရသည္။

တနလၤာေန႔တြင္ထုတ္ျပန္သည့္ကိန္းဂဏန္းမ်ားသည္ ကမာၻတ၀န္းႏိုင္ငံမ်ားႀကံဳေတြ႕ေနရသည့္ ျပင္းထ န္ေသာဘ႑ာေရးဆိုးက်ိဳးသက္ေရာက္မႈကို သိသိသာသာျဖစ္ေနေၾကာင္းသတိေပးေနျခင္းျဖစ္သည္။

ကာလ ၂ ခုဆက္တိုက္စီးပြားေရးအၾကပ္ေတြ႕ခဲ့ၿပီးေနာက္ ယခုႏွစ္အေစာပိုင္းတြင္လည္း ဂ်ပန္တြင္ စီးပြားေရး က်ဆင္းမႈျဖစ္ေနသည္။

ဧၿပီမွဇြန္အထိေနာက္ဆံုးအခ်က္အလက္မ်ားသည္ ၁၉၈၀ ျပည့္ႏွစ္တြင္ ႏႈိင္းယွဥ္ႏိုင္သည့္ကိန္းဂဏန္း မ်ားစတင္ရခဲ့ၿပီးေနာက္ အႀကီးဆံုးက်ဆင္းမႈျဖစ္ေနၿပီး အကဲခတ္သူမ်ားေမွ်ာ္မွန္းထားသည္ထက္ အနည္းငယ္ပိုမိုက်ဆင္းေနသည္။

က်ဆင္းမႈေနာက္ကြယ္မွအဓိကအေၾကာင္းရင္းတစ္ခုမွာ ဂ်ပန္စီးပြားေရး၏တစ္၀က္ေက်ာ္႐ွိသည့္ ျပည္တြင္းစားသံုးမႈက်ဆင္းျခင္းျဖစ္ၿပီး ကမာၻ႔ကပ္ေရာဂါေၾကာင့္ ကမာၻ႔ကုန္သြယ္မႈထိခိုက္ခဲ့ၿပီးေနာက္ တင္ပို႔မႈလည္း သိသိသာသာက်ဆင္းခဲ့သည္။

ေနာက္ဆံုးရအခ်က္အလက္မ်ားသည္ ဂ်ပန္စီးပြားေရးကာလ ၃ ခုဆက္တိုက္က်ဆင္းျခင္းျဖစ္ၿပီး ၁၉၅၅ ခုႏွစ္ေနာက္ပိုင္း အဆိုးဆံုးျဖစ္သည္။

ယခုစီးပြားေရးက်ဆင္းမႈေၾကာင့္ ၂၀၁၉ ခုႏွစ္တြင္ တိုင္ဖြန္းမုန္တိုင္းဟာဂ်ီ႕ဘိႏွင့္အတူ ေရာင္းခြန္ ၁၀ ရာခိုင္ႏႈန္းတိုးႁမွင့္မႈေၾကာင့္သက္ေရာက္မႈမ်ားႏွင့္႐ုန္းကန္ေနရသည့္ဂ်ပန္စီးပြားေရးကို ေနာက္ထပ္ဖိအားေပးလိုက္ျခင္းျဖစ္သည္။

Ref : Coronavirus: Japan suffers its biggest economic slump on record

#PeopleMedia

(unicode)
ဂျပန်တွင် စံချိန်တင်စီးပွားရေးကျဆင်းမှုတွေ့ကြုံနေ
…………………………………………

တိုကျို၊ ဩဂုတ် ၁၇

ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကိုရင်ဆိုင်နေရချိန် စံချိန်တင်အမြန်ဆုံးစီးပွားရေးကျဆင်းမှုကို ဂျပန်နိုင်ငံ တွေ့ကြုံနေရသည်။

ကမ္ဘာ့တတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံတွင် ဧပြီမှဇွန်အထိသုံးလအတွင်း ပြီးခဲ့သည့်နှစ်အလားတူ ကာလထက် စုပေါင်းပြည်တွင်းထုတ်ကုန် ရ.၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး နှစ်စဉ်ပမာဏထက် ၂၇.၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ကပ်ရောဂါအကြပ်အတည်းမတိုင်ခင်က ဂျပန်နိုင်ငံတွင်စီးပွားရေးတိုးတက်မှုကျဆင်းခြင်းနှင့်ရင်ဆိုင်နေရသည်။

တနင်္လာနေ့တွင်ထုတ်ပြန်သည့်ကိန်းဂဏန်းများသည် ကမ္ဘာတဝန်းနိုင်ငံများကြုံတွေ့နေရသည့် ပြင်းထ န်သောဘဏ္ဍာရေးဆိုးကျိုးသက်ရောက်မှုကို သိသိသာသာဖြစ်နေကြောင်းသတိပေးနေခြင်းဖြစ်သည်။

ကာလ ၂ ခုဆက်တိုက်စီးပွားရေးအကြပ်တွေ့ခဲ့ပြီးနောက် ယခုနှစ်အစောပိုင်းတွင်လည်း ဂျပန်တွင် စီးပွားရေး ကျဆင်းမှုဖြစ်နေသည်။

ဧပြီမှဇွန်အထိနောက်ဆုံးအချက်အလက်များသည် ၁၉၈၀ ပြည့်နှစ်တွင် နှိုင်းယှဉ်နိုင်သည့်ကိန်းဂဏန်း များစတင်ရခဲ့ပြီးနောက် အကြီးဆုံးကျဆင်းမှုဖြစ်နေပြီး အကဲခတ်သူများမျှော်မှန်းထားသည်ထက် အနည်းငယ်ပိုမိုကျဆင်းနေသည်။

ကျဆင်းမှုနောက်ကွယ်မှအဓိကအကြောင်းရင်းတစ်ခုမှာ ဂျပန်စီးပွားရေး၏တစ်ဝက်ကျော်ရှိသည့် ပြည်တွင်းစားသုံးမှုကျဆင်းခြင်းဖြစ်ပြီး ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာ့ကုန်သွယ်မှုထိခိုက်ခဲ့ပြီးနောက် တင်ပို့မှုလည်း သိသိသာသာကျဆင်းခဲ့သည်။

နောက်ဆုံးရအချက်အလက်များသည် ဂျပန်စီးပွားရေးကာလ ၃ ခုဆက်တိုက်ကျဆင်းခြင်းဖြစ်ပြီး ၁၉၅၅ ခုနှစ်နောက်ပိုင်း အဆိုးဆုံးဖြစ်သည်။

ယခုစီးပွားရေးကျဆင်းမှုကြောင့် ၂၀၁၉ ခုနှစ်တွင် တိုင်ဖွန်းမုန်တိုင်းဟာဂျီ့ဘိနှင့်အတူ ရောင်းခွန် ၁၀ ရာခိုင်နှုန်းတိုးမြှင့်မှုကြောင့်သက်ရောက်မှုများနှင့်ရုန်းကန်နေရသည့်ဂျပန်စီးပွားရေးကို နောက်ထပ်ဖိအားပေးလိုက်ခြင်းဖြစ်သည်။

Ref : Coronavirus: Japan suffers its biggest economic slump on record

#PeopleMedia


Share this post