• Follow Us on
Latest News

Home ရခိုင္ျပည္နယ္သို႔ ေဆးဝါးအေထာက္အကူျပဳစက္၊ ေဆးပစၥည္း ၁၃၄ မ်ဳိးႏွင့္ Oxygen Plant စက္ပစၥည္းတစ္စံု တပ္မေတာ္ေဆးကုသေရးအဖြဲ႕ႏွင့္အတူ တပ္မေတာ္မွသြားေရာက္လွဴဒါန္း

ရခိုင္ျပည္နယ္သို႔ ေဆးဝါးအေထာက္အကူျပဳစက္၊ ေဆးပစၥည္း ၁၃၄ မ်ဳိးႏွင့္ Oxygen Plant စက္ပစၥည္းတစ္စံု တပ္မေတာ္ေဆးကုသေရးအဖြဲ႕ႏွင့္အတူ တပ္မေတာ္မွသြားေရာက္လွဴဒါန္း

Share this post

ေနျပည္ေတာ္၊ ၾသဂုတ္ – ၂၆

ရခိုင္ျပည္နယ္သို႔ ေဆးဝါးအေထာက္အကူျပဳစက္၊ ေဆးပစၥည္း ၁၃၄ မ်ဳိးႏွင့္ Oxygen Plant စက္ပစၥည္းတစ္စံု တို႔အား တပ္မေတာ္ေဆးကုသေရးအဖြဲ႕ႏွင့္အတူ တပ္မေတာ္မွ သြားေရာက္လွဴဒါန္းခဲ့သည္။

အဆိုပါ ရခိုင္ျပည္နယ္အတြင္း COVID-19 ေရာဂါေတြ႕ရွိမႈ မ်ားျပားလာသည့္အတြက္ ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈကို ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသႏိုင္ေရးအတြက္ တပ္မေတာ္ေဆးကုသေရးအဖြဲ႕ႏွင့္အတူ ေဆးဝါး၊ ေဆးအေထာက္အကူျပဳစက္၊ ေဆးပစၥည္း ၁၃၄ မ်ဳိး၊ အသံုးအေဆာင္ပစၥည္းႏွင့္ စားေသာက္ကုန္မ်ဳိးစံုတို႔ကို ယေန႔ ေန႔လည္ပိုင္းတြင္ တပ္မေတာ္ေလယာဥ္ႏွစ္စီးျဖင့္ ဒုတိယအႀကိမ္ သြားေရာက္လွဴဒါန္းခဲ့ျခင္းျဖစ္သည္။

အလားတူပင္ Oxygen Plant စက္ပစၥည္းတစ္စံုသည္ တစ္ရက္လွ်င္ Oxygen Cylinder ေျခာက္လံုးအထိ ထုတ္ လုပ္ႏိုင္သည္။

#PeopleMedia #COVID #တပ္မေတာ္

(unicode)
ရခိုင်ပြည်နယ်သို့ ဆေးဝါးအထောက်အကူပြုစက်၊ ဆေးပစ္စည်း ၁၃၄ မျိုးနှင့် Oxygen Plant စက်ပစ္စည်းတစ်စုံ တပ်မတော်ဆေးကုသရေးအဖွဲ့နှင့်အတူ တပ်မတော်မှသွားရောက်လှူဒါန်း
………………………………………………………

နေပြည်တော်၊ ဩဂုတ် – ၂၆

ရခိုင်ပြည်နယ်သို့ ဆေးဝါးအထောက်အကူပြုစက်၊ ဆေးပစ္စည်း ၁၃၄ မျိုးနှင့် Oxygen Plant စက်ပစ္စည်းတစ်စုံ တို့အား တပ်မတော်ဆေးကုသရေးအဖွဲ့နှင့်အတူ တပ်မတော်မှ သွားရောက်လှူဒါန်းခဲ့သည်။

အဆိုပါ ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါတွေ့ရှိမှု များပြားလာသည့်အတွက် ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် တပ်မတော်ဆေးကုသရေးအဖွဲ့နှင့်အတူ ဆေးဝါး၊ ဆေးအထောက်အကူပြုစက်၊ ဆေးပစ္စည်း ၁၃၄ မျိုး၊ အသုံးအဆောင်ပစ္စည်းနှင့် စားသောက်ကုန်မျိုးစုံတို့ကို ယနေ့ နေ့လည်ပိုင်းတွင် တပ်မတော်လေယာဉ်နှစ်စီးဖြင့် ဒုတိယအကြိမ် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

အလားတူပင် Oxygen Plant စက်ပစ္စည်းတစ်စုံသည် တစ်ရက်လျှင် Oxygen Cylinder ခြောက်လုံးအထိ ထုတ် လုပ်နိုင်သည်။

#PeopleMedia #COVID #တပ်မတော်


Share this post