• Follow Us on
Latest News

Home S-400 ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ကို သတ္မွတ္အခ်ိန္တြင္ရ႐ွိမည္ဟု ႐ု႐ွားေျပာ

S-400 ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ကို သတ္မွတ္အခ်ိန္တြင္ရ႐ွိမည္ဟု ႐ု႐ွားေျပာ

Share this post

ၿပီးခဲ့တဲ့တစ္လက တ႐ုတ္ႏိုင္ငံဆီ ႐ု႐ွားထုတ္ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ S-400 ပို႔ေပးမယ့္အခ်ိန္ကို ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ႐ု႐ွားႏိုင္ငံက အခ်ိန္ေနာက္ဆုတ္ခဲ့ေပမဲ့ အိႏၵိယႏိုင္ငံကိုေတာ့ သတ္မွတ္ခ်ိန္အတိုင္းပို႔ေပးသြားမယ္လို႔ ႐ု႐ွားႏိုင္ငံဘက္ကေျပာပါတယ္။

၂၀၁၈ ခုႏွစ္မွာ S-400 ပထမအသုတ္ကိုရခဲ့တဲ့တ႐ုတ္ျပည္မႀကီးက ေနာက္ထပ္ပို႔မယ့္လက္နက္စနစ္ကို အခ်ိန္အတိအက်မေျပာဘဲ ႐ု႐ွားက ေနာက္ဆုတ္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ႏွစ္ႏိုင္ငံဆက္ဆံေရးေကာင္းတယ္လို႔ထင္ရေပမဲ့ တ႐ုတ္ျပည္မႀကီးက သူလွ်ိဳလုပ္ေနတယ္လို႔ ႐ု႐ွားသမၼတဗလာဒီမ်ာ ပူတင္ဘက္က စြပ္စြဲခဲ့ၿပီးတဲ့ေနာက္ ပို႔ေဆာင္မယ့္အခ်ိန္ကို ေနာက္ဆုတ္လိုက္တာပါ။

ဒါေပမဲ့ ႐ု႐ွားႏိုင္ငံဆိုင္ရာအိႏၵိယသံအမတ္ႀကီး Venkatesh Varma က အေမရိကန္ေဒၚလာသန္း ၅၄၃၀ တန္ဖိုးနဲ႔စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ပ်က္သြားမယ္ဆိုတဲ့ေကာလဟာလေတြကို ျငင္းဆိုထားပါတယ္။

“S-400 ေတြက သတ္မွတ္ခ်ိန္အတိုင္းေရာက္မွာပါ။ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ S-400 ေရာက္မယ့္အခ်ိန္အေပၚ သက္ေရာက္မႈ႐ွိမွာမဟုတ္ပါဘူး။” လို႔ ေျပာပါတယ္။

S-400 ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ဟာေတြအတြက္ အဆင့္အျမင့္ဆံုးလို႔ေျပာလို႔ရတဲ့အမ်ိဳးအစားျဖစ္ၿပီး ကီလိုမီတာ ၄၀၀ အကြာအေ၀းနဲ႔ အျမင့္ ၃၀ ကီလိုမီတာမွာ႐ွိတဲ့ပစ္မွတ္ေတြကို ေခ်မႈန္းႏိုင္ပါတယ္။

သတ္မွတ္ခ်ိန္အတိုင္းေရာက္မယ္ဆိုရင္ ပါကစၥတန္နဲ႔တ႐ုတ္တို႔ကိုရင္ဆိုင္ဖို႔ အိႏၵိယအတြက္ အင္အားေတာင့္တင္းသြားမွာပါ။

Ref : S-400 Deal: Unlike China, India Will Receive S-400 Air Defence Systems On Time – Russia

#PeopleMedia

(unicode)
S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ကို သတ်မှတ်အချိန်တွင်ရရှိမည်ဟု ရုရှားပြော
……………………………………………………

ပြီးခဲ့တဲ့တစ်လက တရုတ်နိုင်ငံဆီ ရုရှားထုတ်လေကြောင်းရန်ကာကွယ်ရေးစနစ် S-400 ပို့ပေးမယ့်အချိန်ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုရှားနိုင်ငံက အချိန်နောက်ဆုတ်ခဲ့ပေမဲ့ အိန္ဒိယနိုင်ငံကိုတော့ သတ်မှတ်ချိန်အတိုင်းပို့ပေးသွားမယ်လို့ ရုရှားနိုင်ငံဘက်ကပြောပါတယ်။

၂၀၁၈ ခုနှစ်မှာ S-400 ပထမအသုတ်ကိုရခဲ့တဲ့တရုတ်ပြည်မကြီးက နောက်ထပ်ပို့မယ့်လက်နက်စနစ်ကို အချိန်အတိအကျမပြောဘဲ ရုရှားက နောက်ဆုတ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးကောင်းတယ်လို့ထင်ရပေမဲ့ တရုတ်ပြည်မကြီးက သူလျှိုလုပ်နေတယ်လို့ ရုရှားသမ္မတဗလာဒီမျာ ပူတင်ဘက်က စွပ်စွဲခဲ့ပြီးတဲ့နောက် ပို့ဆောင်မယ့်အချိန်ကို နောက်ဆုတ်လိုက်တာပါ။

ဒါပေမဲ့ ရုရှားနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး Venkatesh Varma က အမေရိကန်ဒေါ်လာသန်း ၅၄၃၀ တန်ဖိုးနဲ့စာချုပ်ချုပ်ဆိုထားတဲ့စာချုပ်ပျက်သွားမယ်ဆိုတဲ့ကောလဟာလတွေကို ငြင်းဆိုထားပါတယ်။

“S-400 တွေက သတ်မှတ်ချိန်အတိုင်းရောက်မှာပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် S-400 ရောက်မယ့်အချိန်အပေါ် သက်ရောက်မှုရှိမှာမဟုတ်ပါဘူး။” လို့ ပြောပါတယ်။

S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာတွေအတွက် အဆင့်အမြင့်ဆုံးလို့ပြောလို့ရတဲ့အမျိုးအစားဖြစ်ပြီး ကီလိုမီတာ ၄၀၀ အကွာအဝေးနဲ့ အမြင့် ၃၀ ကီလိုမီတာမှာရှိတဲ့ပစ်မှတ်တွေကို ချေမှုန်းနိုင်ပါတယ်။

သတ်မှတ်ချိန်အတိုင်းရောက်မယ်ဆိုရင် ပါကစ္စတန်နဲ့တရုတ်တို့ကိုရင်ဆိုင်ဖို့ အိန္ဒိယအတွက် အင်အားတောင့်တင်းသွားမှာပါ။

Ref : S-400 Deal: Unlike China, India Will Receive S-400 Air Defence Systems On Time – Russia

#PeopleMedia


Share this post