• Follow Us on
Latest News

Home စစ္ဘက္တြင္အသုံးျပဳမည့္ ေမာင္းသူမဲ့ေလယာဥ္မ်ား ထုတ္လုပ္ရန္ ေတာင္ကိုရီးယားႏိုင္ငံက ေဒၚလာ ၂ ဒသမ ၃ ဘီလီယံ ရင္းႏွီးျမဳပ္ႏွံမည္

စစ္ဘက္တြင္အသုံးျပဳမည့္ ေမာင္းသူမဲ့ေလယာဥ္မ်ား ထုတ္လုပ္ရန္ ေတာင္ကိုရီးယားႏိုင္ငံက ေဒၚလာ ၂ ဒသမ ၃ ဘီလီယံ ရင္းႏွီးျမဳပ္ႏွံမည္

Share this post

ႏိုင္ငံတကာ၊ စက္တင္ဘာ ၁၅

စစ္ဘက္မွအသုံးျပဳမည့္ ေမာင္းသူမဲ့ေလယာဉ္မ်ား ထုတ္လုပ္ရန္ လာမည့္ ၁၀ ႏွစ္အတြင္း အေမရိကန္ ေဒၚလာ ၂ ဒသမ ၃ ဘီလီယံႏွင့္ညီမွ်သည့္ ဝမ္ ၂ ဒသမ ၇ ထရီလီယံ ရင္းႏွီးျမဳပ္ႏွံရန္ ေတာင္ကိုရီးယားႏိုင္ငံက စီစဉ္ေနသည္ဟု စစ္လက္နက္ပစၥည္းဝယ္ယူေရးေအဂ်င္စီက ေျပာၾကားသည္။

စီမံခ်က္အရ ေတာင္ကိုရီးယားႏိုင္ငံက ေစာင့္ၾကပ္ျခင္းမွသည္ လက္ပစ္ဗုံးမ်ား၊ ႐ိုင္ဖယ္မ်ား ပစ္ခတ္ျခင္း အထိ မစ္ရွင္အမ်ိဳးမ်ိဳး လုပ္ေဆာင္ႏိုင္ေသာ ေမာင္းသူမဲ့ေလယာဉ္မ်ား ထုတ္လုပ္မည္ဟု ကာကြယ္ေရးပစၥည္း ဝယ္ယူမႈ စီမံခန္႔ခြဲေရးအဖြဲ႕၏ ေျပာၾကားခ်က္အရ သိရသည္။

ေမာင္းသူမဲ့ေလယာဉ္မ်ား၏ေအာက္ေျခ၌ ႐ိုင္ဖယ္တစ္လက္ႏွင့္ ေလာင္ခ်ာမ်ားတပ္ဆင္ကာ တိုက္ခိုက္ ေရး စမ္းသပ္လုပ္ေဆာင္ခ်က္မ်ား ေဆာင္ရြက္ေနေၾကာင္း အဆိုပါေအဂ်င္စီက ေျပာသည္။

၂၀၂၂ ခုႏွစ္မတိုင္မီ အေသးစား တိုက္ခိုက္ေရး ေမာင္းသူမဲ့ေလယာဉ္မ်ား ထုတ္လုပ္ေရးအတြက္ လိုအပ္ ေသာ နည္းပညာမ်ားရရွိေရး ေအဂ်င္စီက ၿပီးစီးေအာင္လုပ္ေဆာင္မည္ျဖစ္သည္။

တိုက္ခိုက္ေရး ေမာင္းသူမဲ့ေလယာဉ္မ်ား အမွန္တစ္ကယ္ ထုတ္လုပ္မႈက ေလးႏွစ္ၾကာျမင့္မည္ဟု ေမွ်ာ္ မွန္းရေၾကာင္း တာဝန္ရွိသူမ်ားက ေျပာသည္။

ကာကြယ္ေရးပစၥည္းဝယ္ယူမႈ စီမံခန္႔ခြဲေရးအဖြဲ႕သည္ ယမန္ေန႔က ေမာင္းသူမဲ့ေလယာဉ္ ထုတ္လုပ္ေရး ဆိုင္ရာ ႏွီးေႏွာဖလွယ္ပြဲတစ္ခု က်င္းပခဲ့ၿပီး ယူက်ဴ႕မွ တိုက္႐ိုက္ ထုတ္လႊင့္ျပသခဲ့သည္။

ကိုးကား – ယြန္ဟပ္

Ref; S. Korea to invest 2.7 bln won to develop drones for military use

#PeopleMedia

(unicode)
စစ်ဘက်တွင်အသုံးပြုမည့် မောင်းသူမဲ့လေယာဉ်များ ထုတ်လုပ်ရန် တောင်ကိုရီးယားနိုင်ငံက ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ရင်းနှီးမြုပ်နှံမည်
……………………………………………

နိုင်ငံတကာ၊ စက်တင်ဘာ ၁၅

စစ်ဘက်မှအသုံးပြုမည့် မောင်းသူမဲ့လေယာဉ်များ ထုတ်လုပ်ရန် လာမည့် ၁၀ နှစ်အတွင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံနှင့်ညီမျှသည့် ဝမ် ၂ ဒသမ ၇ ထရီလီယံ ရင်းနှီးမြုပ်နှံရန် တောင်ကိုရီးယားနိုင်ငံက စီစဉ်နေသည်ဟု စစ်လက်နက်ပစ္စည်းဝယ်ယူရေးအေဂျင်စီက ပြောကြားသည်။

စီမံချက်အရ တောင်ကိုရီးယားနိုင်ငံက စောင့်ကြပ်ခြင်းမှသည် လက်ပစ်ဗုံးများ၊ ရိုင်ဖယ်များ ပစ်ခတ်ခြင်း အထိ မစ်ရှင်အမျိုးမျိုး လုပ်ဆောင်နိုင်သော မောင်းသူမဲ့လေယာဉ်များ ထုတ်လုပ်မည်ဟု ကာကွယ်ရေးပစ္စည်း ဝယ်ယူမှု စီမံခန့်ခွဲရေးအဖွဲ့၏ ပြောကြားချက်အရ သိရသည်။

မောင်းသူမဲ့လေယာဉ်များ၏အောက်ခြေ၌ ရိုင်ဖယ်တစ်လက်နှင့် လောင်ချာများတပ်ဆင်ကာ တိုက်ခိုက် ရေး စမ်းသပ်လုပ်ဆောင်ချက်များ ဆောင်ရွက်နေကြောင်း အဆိုပါအေဂျင်စီက ပြောသည်။

၂၀၂၂ ခုနှစ်မတိုင်မီ အသေးစား တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ်များ ထုတ်လုပ်ရေးအတွက် လိုအပ် သော နည်းပညာများရရှိရေး အေဂျင်စီက ပြီးစီးအောင်လုပ်ဆောင်မည်ဖြစ်သည်။

တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ်များ အမှန်တစ်ကယ် ထုတ်လုပ်မှုက လေးနှစ်ကြာမြင့်မည်ဟု မျှော် မှန်းရကြောင်း တာဝန်ရှိသူများက ပြောသည်။

ကာကွယ်ရေးပစ္စည်းဝယ်ယူမှု စီမံခန့်ခွဲရေးအဖွဲ့သည် ယမန်နေ့က မောင်းသူမဲ့လေယာဉ် ထုတ်လုပ်ရေး ဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ခု ကျင်းပခဲ့ပြီး ယူကျူ့မှ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည်။

ကိုးကား – ယွန်ဟပ်

Ref; S. Korea to invest 2.7 bln won to develop drones for military use

#PeopleMedia


Share this post