• Follow Us on

Home အင္ဒိုနီးရွားနိုင္ငံက ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆး အလုံးေရ သန္း ၂၇၀ ေက်ာ္ ဝယ္ယူ

အင္ဒိုနီးရွားနိုင္ငံက ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆး အလုံးေရ သန္း ၂၇၀ ေက်ာ္ ဝယ္ယူ

Share this post

နိုင္ငံတကာ၊ ေအာက္တိုဘာ ၁၄

ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆး အလုံးေရ ၂၇၁ သန္းေက်ာ္ ေပးပို႔မည့္ကတိကဝတ္မ်ား ရရွိခဲ့ၿပီး ယခုႏွစ္ အကုန္တြင္ ဗိုင္းရပ္စ္ကာကြယ္ေဆး အလုံးေရ သန္း ၃၀ အဆင္သင့္ရရွိမည္ဟု ေမၽွာ္မွန္းပါေၾကာင္း အင္ဒိုနီးရွား အစိုးရက ေျပာၾကားသည္။

မွာယူထားေသာ ဗိုင္းရပ္စ္ကာကြယ္ေဆးမ်ားကို တ႐ုတ္ကုမၸဏီမ်ားျဖစ္သည့္ Cansino၊ Sinovac ႏွင့္ Sinopharm တို႔မွ ထုတ္လုပ္ေၾကာင္း အင္ဒိုနီးရွားနိုင္ငံ စီးပြားေရးျပန္လည္ေကာင္းမြန္ေရးႏွင့္ ကိုဗစ္-၁၉ ေရာဂါ တုံ႔ျပန္ေရးအဖြဲ႕ကို ဦးေဆာင္ရသည့္ စီးပြားေရးဝန္ႀကီး အဲလန္ဂါဟာတာတိုက ေျပာသည္။

ၿဗိတိန္ ေဆးဝါးကုမၸဏီ AstraZeneca ထံမွ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆး အလုံးေရ သန္း ၁၀၀ ဝယ္ယူေရး အစိုးရက ေဆာင္ရြက္ေနေၾကာင္း အဲလန္ဂါက ေျပာသည္။

“ကၽြန္ေတာ္တို႔ ဒီလအကုန္မွာ သေဘာတူညီခ်က္ရဲ့ ၅၀ ရာခိုင္ႏႈန္း ဒါမွမဟုတ္ ေဒၚလာ သန္း ၂၅၀ ခန္႔ လက္ငင္း ေပးေခ်မွွာျဖစ္ပါတယ္” ဟု ၄င္းက ေျပာသည္။

လက္ရွိအခ်ိန္တြင္ နိုင္ငံျခားေရးဝန္ႀကီး ရတ္နိုမာဆူဒီ၊ က်န္းမာေရးဝန္ႀကီး တီရာဝ္ေအဂတ္စ္ပူထရန္တိုႏွင့္ နိုင္ငံပိုင္လုပ္ငန္းမ်ားဝန္ႀကီး အဲရစ္သိုဟီးတို႔မွာ ဗိုင္းရပ္စ္ကာကြယ္ေဆး အလုံးေရ သန္း ၁၀၀ ဝယ္ယူရန္ ျပည္ ပသို႔ခရီးထြက္လ်က္ရွိေၾကာင္း ၄င္းက ေျပာသည္။

ျပည္ပမွ ဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား ဝယ္ယူမႈအျပင္ အစိုးရႏွင့္ ျပည္တြင္းေဆးကုမၸဏီ PT Bio Farma တို႔က ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးမ်ား လုပ္ေဆာင္လ်က္ရွိသည္။

က်န္းမာေရးလုပ္သားမ်ား၊ ေဆးဘက္အကူမ်ား၊ တပ္မေတာ္သားမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားကို ဗိုင္းရပ္စ္ ကာကြယ္ေဆး ဦးစားေပးထိုးေပးမည္ဟု ၄င္းကဆိုသည္။

ကိုးကား – ရိုက္တာ

Ref; Indonesia secures more than 200 million doses of COVID-19 vaccines

(unicode)
အင်ဒိုနီးရှားနိုင်ငံက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ သန်း ၂၇၀ ကျော် ဝယ်ယူ
…………………………………………………………….

နိုင်ငံတကာ၊ အောက်တိုဘာ ၁၄

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၂၇၁ သန်းကျော် ပေးပို့မည့်ကတိကဝတ်များ ရရှိခဲ့ပြီး ယခုနှစ် အကုန်တွင် ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၃၀ အဆင်သင့်ရရှိမည်ဟု မျှော်မှန်းပါကြောင်း အင်ဒိုနီးရှား အစိုးရက ပြောကြားသည်။

မှာယူထားသော ဗိုင်းရပ်စ်ကာကွယ်ဆေးများကို တရုတ်ကုမ္ပဏီများဖြစ်သည့် Cansino၊ Sinovac နှင့် Sinopharm တို့မှ ထုတ်လုပ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ စီးပွားရေးပြန်လည်ကောင်းမွန်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေးအဖွဲ့ကို ဦးဆောင်ရသည့် စီးပွားရေးဝန်ကြီး အဲလန်ဂါဟာတာတိုက ပြောသည်။

ဗြိတိန် ဆေးဝါးကုမ္ပဏီ AstraZeneca ထံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ဝယ်ယူရေး အစိုးရက ဆောင်ရွက်နေကြောင်း အဲလန်ဂါက ပြောသည်။

“ကျွန်တော်တို့ ဒီလအကုန်မှာ သဘောတူညီချက်ရဲ့ ၅၀ ရာခိုင်နှုန်း ဒါမှမဟုတ် ဒေါ်လာ သန်း ၂၅၀ ခန့် လက်ငင်း ပေးချေမှှာဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

လက်ရှိအချိန်တွင် နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ၊ ကျန်းမာရေးဝန်ကြီး တီရာဝ်အေဂတ်စ်ပူထရန်တိုနှင့် နိုင်ငံပိုင်လုပ်ငန်းများဝန်ကြီး အဲရစ်သိုဟီးတို့မှာ ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ဝယ်ယူရန် ပြည် ပသို့ခရီးထွက်လျက်ရှိကြောင်း ၄င်းက ပြောသည်။

ပြည်ပမှ ဗိုင်းရပ်စ်ကာကွယ်ဆေးများ ဝယ်ယူမှုအပြင် အစိုးရနှင့် ပြည်တွင်းဆေးကုမ္ပဏီ PT Bio Farma တို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လုပ်ဆောင်လျက်ရှိသည်။

ကျန်းမာရေးလုပ်သားများ၊ ဆေးဘက်အကူများ၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို ဗိုင်းရပ်စ် ကာကွယ်ဆေး ဦးစားပေးထိုးပေးမည်ဟု ၄င်းကဆိုသည်။

ကိုးကား – ရိုက်တာ

Ref; Indonesia secures more than 200 million doses of COVID-19 vaccines


Share this post