• Follow Us on

Home COVID ကာလအတြင္း ေခ်းေငြအတိုးႏႈန္း အတင္းအၾကပ္မေကာက္ခံရန္ အေသးစားေငြေရးေၾကးေရး ေကာ္မတီမွ ထုတ္ျပန္

COVID ကာလအတြင္း ေခ်းေငြအတိုးႏႈန္း အတင္းအၾကပ္မေကာက္ခံရန္ အေသးစားေငြေရးေၾကးေရး ေကာ္မတီမွ ထုတ္ျပန္

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၁၄
 
အေသးစားေငြေရးေၾကးေရးအဖြဲ႕ေတြအေနႏွင့္ အသင္းသားမ်ားထံမွ ေခ်းေငြအတိုးႏွင့္ အရင္းအား အတင္း အၾကပ္မေကာက္ခံရန္ အေသးစားေငြေရးေၾကးေရး လုပ္ငန္းႀကီးၾကပ္မႈေကာ္မတီက ေအာက္တိုဘာ ၁၃ ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။
 
အဆိုပါထုတ္ျပန္ခ်က္တြင္ COVID ကာလအေျခေနမ်ားေၾကာင့္ အသင္း၀င္မ်ား၏ အသက္ေမြး၀မ္းေၾကာင္း လုပ္ငန္းမ်ားႏွင့္ စီးပြားေရးလုပ္ငန္းမ်ား လည္ပတ္နိုင္မႈအားနည္းျခင္းေၾကာင့္ အတိုးႏွင့္အရင္းကို အတင္း အၾကပ္ေကာက္ခံျခင္းမ်ိဳးမလုပ္ရန္ႏွင့္ ျပန္ၿပီးေပးဆက္နိုင္မည့္အခ်ိန္ကို ညႇိႏွိုင္းၿပီးမွသာလၽွင္ ေကာက္ခံ ၾကရန္ဟူ၍ ေဖာ္ျပပါရွိသည္။
 
ဆက္လက္ၿပီး တိုင္းႏွင့္ျပည္နယ္အလိုက္ ေဒသႏၲရအမိန႔္ေတြကို မလိုက္နာဘဲ အတည္းအၾကပ္ေငြေၾကး ေကာက္ခံမႈမ်ားလုပ္ေဆာင္ပါက အေသးစားေငြေရးေၾကးေရးစီမံခန႔္ခြဲေရးနည္းလမ္းမ်ားႏွင့္ အေရးယူ ေဆာင္ရြက္သြားမည္ျဖစ္သည္။
 
အလားတူ COVID ကာလအတြင္း အေသးစားေငြေရးေၾကးေရးလုပ္ငန္းမ်ားအေနႏွင့္ သက္ဆိုင္ရာ တိုင္းႏွင့္ ျပည္နယ္အလိုက္ ေဒသႏၲရအမိန႔္ေတြကို လိုက္နာေဆာင္ရြက္ရမည္ျဖစ္ၿပီး လူစုလူေဝးႏွင့္ေခ်းေငြထုတ္ျခင္း၊ ေကာက္ခံျခင္း၊ စုေငြလက္ခံျခင္း၊ အသင္း၀င္လက္ခံျခင္းႏွင့္ ေငြေၾကးအသိပညာေပးသည့္ လုပ္ငန္းစဥ္ေတြကို ဆိုင္းငံ့ထားရန္ ဧၿပီလ ၆ ရက္ေန႔က ျပည္ေထာင္စုအဆင့္အစိုးရအဖြဲ႕မွ ထုတ္ျပန္ခဲ့ၿပီးျဖစ္သည္။
 
ျမန္မာနိုင္ငံတြင္ အေသးစာေငြေရးေၾကးေရးအဖြဲ႕အစည္း(၁၉၃)ဖြဲ႕ဟာ တစ္နိုင္ငံလုံးအတိုင္းအတာႏွင့္ ၿမိဳ႕နယ္(၂၅၂) ၿမိဳ႕နယ္၊ ေက်းရြာေပါင္း(၃၀၀၀၀)ေက်ာ္မွာ အသင္းသားဦးေရ(၄.၆)သန္းေက်ာ္ကို ေငြေၾကး၀န္ေဆာင္မႈေပးေနေၾကာင္း အေသးစားေငြေရးေၾကးေရးလုပ္ငန္းႀကီးၾကပ္မႈေကာ္မတီမွ ထုတ္ျပန္ထားသည္။
 
ထိုကဲ့သို႔ ထုတ္ျပန္ခ်က္မ်ား ထုတ္ျပန္ခဲ့ေသာ္လည္း ပုဂၢလိကေခ်းေငြလုပ္ငန္းမ်ားမွ အခ်ိဳ႕ေနရာမ်ား၌ အတင္းအၾကပ္ဖိအားေပးေကာက္ခံမႈမ်ား ျပဳလုပ္ေနမႈမ်ားလည္းရွိသည္။
 
#PeopleMedia #COVID19 #ေခ်းေငြ #လူမႈဘဝ
 
(unicode)
COVID ကာလအတွင်း ချေးငွေအတိုးနှုန်း အတင်းအကြပ်မကောက်ခံရန် အသေးစားငွေရေးကြေးရေး ကော်မတီမှ ထုတ်ပြန်
……………………………………………………………
 
ရန်ကုန်၊ အောက်တိုဘာ ၁၄
 
အသေးစားငွေရေးကြေးရေးအဖွဲ့တွေအနေနှင့် အသင်းသားများထံမှ ချေးငွေအတိုးနှင့် အရင်းအား အတင်း အကြပ်မကောက်ခံရန် အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီက အောက်တိုဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
 
အဆိုပါထုတ်ပြန်ချက်တွင် COVID ကာလအခြေနေများကြောင့် အသင်းဝင်များ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်မှုအားနည်းခြင်းကြောင့် အတိုးနှင့်အရင်းကို အတင်း အကြပ်ကောက်ခံခြင်းမျိုးမလုပ်ရန်နှင့် ပြန်ပြီးပေးဆက်နိုင်မည့်အချိန်ကို ညှိနှိုင်းပြီးမှသာလျှင် ကောက်ခံ ကြရန်ဟူ၍ ဖော်ပြပါရှိသည်။
 
ဆက်လက်ပြီး တိုင်းနှင့်ပြည်နယ်အလိုက် ဒေသန္တရအမိန့်တွေကို မလိုက်နာဘဲ အတည်းအကြပ်ငွေကြေး ကောက်ခံမှုများလုပ်ဆောင်ပါက အသေးစားငွေရေးကြေးရေးစီမံခန့်ခွဲရေးနည်းလမ်းများနှင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
 
အလားတူ COVID ကာလအတွင်း အသေးစားငွေရေးကြေးရေးလုပ်ငန်းများအနေနှင့် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အလိုက် ဒေသန္တရအမိန့်တွေကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး လူစုလူဝေးနှင့်ချေးငွေထုတ်ခြင်း၊ ကောက်ခံခြင်း၊ စုငွေလက်ခံခြင်း၊ အသင်းဝင်လက်ခံခြင်းနှင့် ငွေကြေးအသိပညာပေးသည့် လုပ်ငန်းစဉ်တွေကို ဆိုင်းငံ့ထားရန် ဧပြီလ ၆ ရက်နေ့က ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့မှ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
 
မြန်မာနိုင်ငံတွင် အသေးစာငွေရေးကြေးရေးအဖွဲ့အစည်း(၁၉၃)ဖွဲ့ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် မြို့နယ်(၂၅၂) မြို့နယ်၊ ကျေးရွာပေါင်း(၃၀၀၀၀)ကျော်မှာ အသင်းသားဦးရေ(၄.၆)သန်းကျော်ကို ငွေကြေးဝန်ဆောင်မှုပေးနေကြောင်း အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ထားသည်။
 
ထိုကဲ့သို့ ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သော်လည်း ပုဂ္ဂလိကချေးငွေလုပ်ငန်းများမှ အချို့နေရာများ၌ အတင်းအကြပ်ဖိအားပေးကောက်ခံမှုများ ပြုလုပ်နေမှုများလည်းရှိသည်။
 
#PeopleMedia #COVID19 #ချေးငွေ #လူမှုဘဝ

Share this post