• Follow Us on
Latest News

Home လာမည့္ေရြးေကာက္ပြဲ၌ ေဒသႏွင့္ တိုင္းျပည္အက်ိဳးကိုေဖာ္ေဆာင္ေပးမည့္သူမ်ားကို ေရြးခ်ယ္ရန္လိုေၾကာင္း တပ္ခ်ဳပ္ေျပာဆို

လာမည့္ေရြးေကာက္ပြဲ၌ ေဒသႏွင့္ တိုင္းျပည္အက်ိဳးကိုေဖာ္ေဆာင္ေပးမည့္သူမ်ားကို ေရြးခ်ယ္ရန္လိုေၾကာင္း တပ္ခ်ဳပ္ေျပာဆို

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၂၇
 
လာမည့္ေရြးေကာက္ပြဲ၌ ေဒသႏွင့္ တိုင္းျပည္အက်ိဳးကို ေဖာ္ေဆာင္ေပးမည့္သူမ်ားကို ေရြးခ်ယ္ၾကရန္ လိုအပ္ ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က ေျပာသည္။
 
ေလးရွီးၿမိဳ႕၊ လဟယ္ၿမိဳ႕ႏွင့္ ခႏၲီးၿမိဳ႕တို႔ရွိ ၿမိဳ႕မၿမိဳ႕ဖမ်ားႏွင့္ ဌာနဆိုင္ရာ၀န္ထမ္းမ်ားကို COVID-19 ေရာဂါကာ ကြယ္ထိန္းခ်ဳပ္ကုသေရး အေထာက္အကူျပဳပစၥည္းမ်ား ေပးအပ္ၿပီး သီးျခားေတြ႕ဆုံရာတြင္ တပ္ခ်ဳပ္က အထက္ ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
 
“မၾကာမီမွာ ပါတီစုံဒီမိုကေရစီေရြးေကာက္ပြဲက်င္းပျပဳလုပ္မွာျဖစ္ၿပီး ေရြးေကာက္ပြဲဟာ ဒီမိုကေရစီရဲ႕ အႏွစ္သာ ရပင္ျဖစ္တယ္၊ ေရြးခ်ယ္လိုက္တဲ့သူေတြဟာ ျပည္သူလူထုကို ကိုယ္စားျပဳမယ့္သူမ်ားျဖစ္တဲ့အတြက္ ေဒသနဲ႔ တိုင္းျပည္အက်ိဳးကို ေဖာ္ေဆာင္ေပးမယ့္သူေတြကို ေရြးခ်ယ္ၾကဖို႔ လိုအပ္တယ္” ဟု တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က ေျပာသည္။
 
ဆက္လက္ၿပီး ေျပာၾကားရာမွာ မိမိတို႔နိုင္ငံတြင္ ေဒသႏွင့္ တိုင္းရင္းသားအေရးကို အေျခခံသည့္ပါတီႏွင့္ နိုင္ငံေရးမူဝါဒကို အေျခခံသည့္ပါတီဟူ၍ ႏွစ္မ်ိဳးရွိၿပီး၊ မည္သို႔ပင္ရွိေစကာမူ မိမိေဒသကို အက်ိဳးျပဳနိုင္မည့္ သူမ်ားကိုသာ ေရြးခ်ယ္ၾကရမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က ဆိုသည္။
 
ဒီမိုကေရစီနိုင္ငံတစ္ခုတြင္ အၾကမ္းဖက္သည့္နည္းလမ္းမ်ားျဖင့္ အခြင့္အေရးေတာင္းဆိုျခင္းသည္ မသင့္ေလ်ာ္ သည့္လုပ္ရပ္မ်ားသာျဖစ္သည့္ အေျခအေနမ်ားႏွင့္ပတ္သက္၍ ေျပာၾကားရာမွာလည္း ေနရာမွာေတာ့ အားလုံး ရမည္မဟုတ္ေၾကာင္း၊ သို႔ေသာ္လည္းပဲ မွန္ကန္သည့္ ခ်ဥ္းကပ္မႈႏွင့္ မွန္ကန္သည့္လမ္းေၾကာင္းေပၚမွေနၿပီး မွန္မွန္ကန္ကန္ တိုးတက္ေအာင္ ေဆာင္ရြက္ရန္ အခြင့္အေရးရရန္၊ ရသည့္အခြင့္အေရး မဆုံး႐ူံးေအာင္ ေဒသခံ ျပည္သူလူထုက စဥ္းစားေဆာင္ရြက္ရန္လိုေၾကာင္း၊ မွန္မွန္ကန္ကန္ႏွင့္ အခြင့္အေရးကို အသုံးခ်နိုင္ရန္အတြက္ စဥ္းစာေဆာင္ရြက္ရန္ ကၽြန္ေတာ္တိုက္တြန္းေၾကာင္း ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ေျပာၾကားခဲ့သည္။
 
#PeopleMedia #စစ္ကိုင္းတိုင္းေဒသႀကီး #တပ္ခ်ဳပ္
 
(unicode)
လာမည့်ရွေးကောက်ပွဲ၌ ဒေသနှင့် တိုင်းပြည်အကျိုးကိုဖော်ဆောင်ပေးမည့်သူများကို ရွေးချယ်ရန်လိုကြောင်း တပ်ချုပ်ပြောဆို
…………………………………………………
 
ရန်ကုန်၊ အောက်တိုဘာ ၂၇
 
လာမည့်ရွေးကောက်ပွဲ၌ ဒေသနှင့် တိုင်းပြည်အကျိုးကို ဖော်ဆောင်ပေးမည့်သူများကို ရွေးချယ်ကြရန် လိုအပ် ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
 
လေးရှီးမြို့၊ လဟယ်မြို့နှင့် ခန္တီးမြို့တို့ရှိ မြို့မမြို့ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို COVID-19 ရောဂါကာ ကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်ပြီး သီးခြားတွေ့ဆုံရာတွင် တပ်ချုပ်က အထက် ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
 
“မကြာမီမှာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပပြုလုပ်မှာဖြစ်ပြီး ရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့ အနှစ်သာ ရပင်ဖြစ်တယ်၊ ရွေးချယ်လိုက်တဲ့သူတွေဟာ ပြည်သူလူထုကို ကိုယ်စားပြုမယ့်သူများဖြစ်တဲ့အတွက် ဒေသနဲ့ တိုင်းပြည်အကျိုးကို ဖော်ဆောင်ပေးမယ့်သူတွေကို ရွေးချယ်ကြဖို့ လိုအပ်တယ်” ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
 
ဆက်လက်ပြီး ပြောကြားရာမှာ မိမိတို့နိုင်ငံတွင် ဒေသနှင့် တိုင်းရင်းသားအရေးကို အခြေခံသည့်ပါတီနှင့် နိုင်ငံရေးမူဝါဒကို အခြေခံသည့်ပါတီဟူ၍ နှစ်မျိုးရှိပြီး၊ မည်သို့ပင်ရှိစေကာမူ မိမိဒေသကို အကျိုးပြုနိုင်မည့် သူများကိုသာ ရွေးချယ်ကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
 
ဒီမိုကရေစီနိုင်ငံတစ်ခုတွင် အကြမ်းဖက်သည့်နည်းလမ်းများဖြင့် အခွင့်အရေးတောင်းဆိုခြင်းသည် မသင့်လျော် သည့်လုပ်ရပ်များသာဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာမှာလည်း နေရာမှာတော့ အားလုံး ရမည်မဟုတ်ကြောင်း၊ သို့သော်လည်းပဲ မှန်ကန်သည့် ချဉ်းကပ်မှုနှင့် မှန်ကန်သည့်လမ်းကြောင်းပေါ်မှနေပြီး မှန်မှန်ကန်ကန် တိုးတက်အောင် ဆောင်ရွက်ရန် အခွင့်အရေးရရန်၊ ရသည့်အခွင့်အရေး မဆုံးရူံးအောင် ဒေသခံ ပြည်သူလူထုက စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ မှန်မှန်ကန်ကန်နှင့် အခွင့်အရေးကို အသုံးချနိုင်ရန်အတွက် စဉ်းစာဆောင်ရွက်ရန် ကျွန်တော်တိုက်တွန်းကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
 
#PeopleMedia #စစ်ကိုင်းတိုင်းဒေသကြီး #တပ်ချုပ်

Share this post