• Follow Us on
Latest News

Home တရုတ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အစ္စလာမ်ဓလေ့ထုံးတမ်းနှင့်ညီညွတ်ကြောင်း အင်ဒိုနီးရှားဘာသာရေး ခေါင်းဆောင်များကြေညာ

တရုတ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အစ္စလာမ်ဓလေ့ထုံးတမ်းနှင့်ညီညွတ်ကြောင်း အင်ဒိုနီးရှားဘာသာရေး ခေါင်းဆောင်များကြေညာ

Share this post

ဂျာကာတာ၊ ဇန်နဝါရီ ၉

တရုတ်အစိုးရနောက်ခံရှိသည့် ဆင်နိုဗက်ဇီဝနည်းပညာကုမ္ပဏီကထုတ်လုပ်သည့်ကိုရိုနာဗိုင်းရပ်စ်ကာ ကွယ်ဆေး ကိုရိုနာဗက်သည် ဟာလာဟ်ဖြစ်ကြောင်း သို့မဟုတ် အစ္စလာမ်ဘာသာကခွင့်ပြုကြောင်း အင်ဒိုနီးရှားဘာသာရေးဆရာများကောင်စီက သောကြာနေ့တွင်အတည်ပြုသည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကိုအသုံးပြုပြီး ကာကွယ်ဆေးထိုးသည့်လုပ်ငန်းစဉ်များမစတင်မီ ရက်ပိုင်း အကြာတွင် အသိပေးလိုက်ခြင်းဖြစ်သည်။

ကမ္ဘာ့မွတ်ဆလင်အများဆုံးနိုင်ငံဖြစ်သည့်အင်ဒိုနီးရှားနိုင်ငံတွင် ကိုရိုနာဗက်ဆေး ၃ သန်းရှိနေပြီး ဗုဒ္ဓဟူးနေ့ တွင်စတင်အသုံးပြုမည်ဖြစ်ကာ သမ္မတ ဂျိုကို ဝီဒိုဒိုက ပထမဆုံးဆေးထိုးခံမည်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါနှင့်ရင်ဆိုင်နေရပြီး ကျန်းမာရေးနှင့်စီးပွားရေးအကြပ်အတည်းများကိုပြန်လည်ဖြေရှင်းမြှင့်တင်နိုင်ရန် ကာကွယ်ဆေးများကို အာဏာပိုင်များက အားကိုးနေသည်။

သောကြာနေ့တွင် ၃ ရက်ဆက်တိုက်အဖြစ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၁၀၀၀၀ ကျော်ခဲ့ပြီး စုစုပေါင်းအတည်ပြု လူနာ ၈၀၀၀၀၀ ကျော်ရှိကာ သေဆုံးသူ၂၃၇၅၃ ယောက်ရှိနေသည်။

လက်ရှိအချိန်အထိ ကိုရိုနာဗက်ကို အင်ဒိုနီးရှားအစားအစာနှင့်ဆေးဝါးအေဂျင်စီ (BPOM) ကအသိအမှတ် ပြုခြင်းမရှိသေးဘဲ အင်ဒိုနီးရှားနိုင်ငံတွင်စမ်းသပ်နေသည့်ရလဒ်များကိုမူတည်ပြီး ဗုဒ္ဓဟူးနေ့မတိုင်မီ စတင်ဆေးထိုးပေးမည်ဖြစ်သည်။

ကိုရိုနာဗက်သည် ၇၈ ရာခိုင်နှုန်းအစွမ်းထက်ပြီး စိုးရိမ်ရသည့်ကူးစက်မှုများမရှိကြောင်း ဘရာဇီးနိုင်ငံတွင် အကြီးအကျယ်စမ်းသပ်မှုရလဒ်များကိုမူတည်ပြီး သုတေသီများက ကြာသပတေးနေ့တွင်ပြောသည်။

Ref : Indonesian clerics declare Sinovac’s COVID-19 vaccine halal

#PeopleMedia

(unicode)
……………………………………………………









Ref : Indonesian clerics declare Sinovac’s COVID-19 vaccine halal

#PeopleMedia


Share this post