• Follow Us on
Latest News

Home မဲမသမာမှုများနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီက UEC ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အာ ဏာပိုင်မေးစာချွန်တော် ထပ်မံတင်သွင်းမည်

မဲမသမာမှုများနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီက UEC ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အာ ဏာပိုင်မေးစာချွန်တော် ထပ်မံတင်သွင်းမည်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
၂၀၂၀ ရွေးကောက်ပွဲ၌ ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများ၊ ရွေးကောက်ပွဲအပေါ် UEC ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီက UEC ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အာဏာပိုင်မေးစာချွန်တော် ထပ်မံတင်သွင်းရန် စီစဉ်လျက်ရှိသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အာဏာပိုင်မေးစာချွန်တော် တင်သွင်းမှုကို လာမည့်ရက်ပိုင်းအတွင်း ဆောင်ရွက်သွားရန်စီစဉ်ထားကြောင်း ပြည်ခိုင်ဖြိုးပါတီ CEC အဖွဲ့ဝင် ဦးလှသိန်းက အတည်ပြုပြောဆိုသည်။
“ဆရာတို့ကတော့ ဆက်လုပ်မယ် ဒါပေမယ့် တရားက လက်ခံမှရမယ် ဟိုဘက်လက်ခံမှရမယ် တင်မှာကတော့ လာမယ့်အပတ်အတွင်းမှာ တင်ပြသွားမယ်” ဟု ပြည်ခိုင်ဖြိုးပါတီ CEC အဖွဲ့ ဝင် ဦးလှသိန်းက People Media ပြောသည်။
လက်ရှိအချိန်၌ တပ်မတော်အပါအဝင် ပြည်ခိုင်ဖြိုးပါတီသည် ၂၀၂၀ ရွေးကောက်ပွဲ၌ မဲမသမာမှု ဖြစ်ပေါ်နိုင် သည့် မဲစာရင်းများကို ထုတ်ပြန်လျက်ရှိသည်။
အလားတူ လာမည့် ဇန်နဝါရီ ၂၉ ရက်နေ့တွင် ပြည်ခိုင်ဖြိုးပါတီနှင့် စစ်ဥပဒေချူပ်(ငြိမ်း)ဦးစိုးမောင်တို့ တင်သွင်း ထားသည့် စာချွန်တော်ကို လက်ခံဆွေးနွေးရန် သင့်မသင့် ကြားနာရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စီစဉ်ထားသည်။
#PeopleMedia #USDP #စာချွန်တော်
(unicode)
…………………………………………………………


Share this post