• Follow Us on
Latest News

Home တပ်မတော်မှ ၁၉ ကြိမ်မြောက် စိစစ်တွေ့ရှိခဲ့သည့် မဲမသမာမှုဖြစ်နိုင်သည့် အရေအတွက်စုစုပေါင်း ၇ သန်း ကျော်ရှိလာ

တပ်မတော်မှ ၁၉ ကြိမ်မြောက် စိစစ်တွေ့ရှိခဲ့သည့် မဲမသမာမှုဖြစ်နိုင်သည့် အရေအတွက်စုစုပေါင်း ၇ သန်း ကျော်ရှိလာ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
တပ်မတော်မှ ၁၉ ကြိမ်မြောက် မဲစာရင်းများကို စိစစ်ပြုလုပ်ခဲ့ရာ မြို့နယ်ပေါင်း ၂၉၂ မြို့နယ် စိစစ်အပြီးတွင် မဲမသမာမှုဖြစ်နိုင်သည့်အရေအတွက်စုစုပေါင်း ၇ သန်းကျော်ရှိကြောင်း တပ်မတော်ကထုတ်ပြန်ကြေညာ ခဲ့သည်။
အဆိုပါထုတ်ပြန်ခဲ့သည့် မဲစာရင်းတွင် မြို့နယ်ပေါင်း ၂၉၂ မြို့နယ် စိစစ်ပြီးစီးခဲ့ရာ တစ်ကြိမ်ထက်ပို၍ မဲပေး ခွင့်ရစေနိုင်သည့် ထပ်နေသောမဲစာရင်း ၂၇၆၆၃၉၄၊ မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၄၃၂၈၉၃၉၊ UEC မှ ထုတ်ပြန်ကြေညာသည့် မဲပေးခွင့်ရှိသူဦးရေမှာ ၃၅၃၄၂၁၄၂ ဖြစ်ပြီး တပ်မတော်မှစိစစ်တွေ့ရှိသည့် မဲပေးပိုင်ခွင့် ရှိသူဦးရေမှာ ၃၄၃၅၇၈၈၆ ဖြစ်သည်။
မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်းစုစုပေါင်း ၇၀၉၅၃၃၀ ဖြစ်ကြောင်း တပ်မတော်မှ ဇန်နဝါရီ ၁၅ ရက်နေ့တွင် ၁၉ ကြိမ်မြောက် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
တပ်မတော်မှ မဲမသမာမှုစိစစ်တွေ့ရှိသည့် မဲစာရင်းများကို ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကာလအလွန် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ပထမဆုံးအကြိမ်စတင်ထုတ်ပြန်ခဲ့ပြီး ယခု ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့တွင် ၁၉ ကြိမ် မြောက်ထုတ်ပြန်ခြင်းဖြစ်သည်။
အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုဝင်ဘာ ၁၀ ရက်နေ့၌ မဲဆန္ဒရှင်စုစုပေါင်း ၃၇၂၆၈၈၇၆ ထုတ်ပြန်ခဲ့သည်။
ထို့နောက် ဒီဇင်ဘာ ၂ရက်နေ့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၃၈၂၇၁၄၄၇ ဦးဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်မှု ပြုလုပ်ထားသည်။
#PeopleMedia #တပ်မတော် #2020electionresults
(unicode)
………………………………………………………………

Share this post