• Follow Us on
Latest News

Home တာချီလိတ်မြို့တွင် ငွေကျပ် ၆.၇ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ပွိုင့် ၂၂ ပြောင်းရှည် သေနတ် ၁ လတ်နှင့်အတူ ကျည် ၂၉၅ တောင့် ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် ငွေကျပ် ၆.၇ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ပွိုင့် ၂၂ ပြောင်းရှည် သေနတ် ၁ လတ်နှင့်အတူ ကျည် ၂၉၅ တောင့် ဖမ်းဆီးရမိ

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ – ၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊(၄) လမ်း၊ အမှတ်(၄/၁၅) ရှိ နေအိမ်မှ ငွေကျပ် ၆.၇ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ပွိုင့် ၂၂ ပြောင်းရှည် သေနတ် ၁ လတ်၊ ကျည် ၂၉၅ တောင့်တို့ကို ဇန်နဝါရီ ၃၀ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
 
ဖြစ်စဉ်မှာ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်တွင် ကျိုင်ဆမ်မွန်းအား ဖမ်းဆီးရမိပြီးနောက် စစ်ဆေးချက်အရ စိုင်းယီဝင်းနှင့် မနန်းနွဲ့ယဉ်တို့အား တွေ့ရှိပြီး နေအိမ်အတွင်းမှ အက်တက်စီပြား ၁.၄၁၅ သိန်းပြား၊ ဘိန်းဖြူ ၃၁.၅ ကီလို၊ အိုက်စ် ၁.၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆.၅ သိန်း၊ စိတ်ကြွရူးသွပ်ဆေးမှုန့် ၄၅ ကီလို၊ ကဖင်း ၅၅ ကီလို၊ မျောက်တံဆိပ် အနံ့ဆေးရည် ၂၀ ပုလင်း၊ ဘယ်နလင်အမှုန့် ၉ ကီလို၊ အနံ့မှုန့် ၂ ကီလို၊ တံဆိပ်မပါ မို ၃၅ ချောင်း၊ WY တံဆိပ်ပါ မို ၃၅ ချောင်း၊ မိုခေါင်း ၃၅ ခု၊ 999 တံဆိပ်ပါတံဆိပ်တုံး ၁ ခု၊ A စာတမ်းပါ တံဆိပ်တုံး ၁ တို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
 
အလားတူ မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသောဆက်စပ်ပစ္စည်းများနှင့် ပွိုင့် ၂၂ ပြောင်းရှည်သေနတ် ၁ လတ်နှင့် ကျည် ၂၉၅ တောင့်တို့ကို သိမ်းဆီးရမိကြောင်း သိရသည်။
 
ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့်အတူ ကျိုင်ဆမ်မွန်း (၂၈)နှစ်၊ နန်းနွဲ့ယဉ်(၃၉) နှစ်၊ စိုင်းယီဝင်း(၄၀) နှစ်တို့အား ထိုသုံးဦးတို့ကို ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
 
#PeopleMedia
 
(unicode)
……………………………………………………..
 
 
 
 
 
 
#PeopleMedia

Share this post