• Follow Us on
Latest News

Home အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံသို့ ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းလိုက်ပြီ

အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံသို့ ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းလိုက်ပြီ

Share this post

ရန်ကုန် မတ် ၁၂

မြန်မာနိုင်ငံ၌ တပ်မတော်၏ အာဏာထိန်းမှုဖြစ်ပွားပြီးနောက် မြန်မာအစိုးရက အကောင် အထည်ဖော် ဆောင်လျက်ရှိသော စီမံကိန်းများအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ငွေကြေးမတည်မှု ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

လူထုဆန္ဒဖော်ထုတ်မှုများအတွင်း ပြည်သူများ အသက်သေဆုံးမှုများ အပါအဝင် မြန်မာနိုင်ငံ၌ လတ်တ လောဖြစ်ပွားနေသည့် အခြေအနေများကို အလွန် စိုးရိမ်မိကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားလိုက်သည်။

ဖေဖော်ဝါရီလ ၁ ရက်မှစ၍ မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးရေးစီမံကိန်းများ၊ သဘောတူညီချက်သစ်များအတွက် ငွေ ကြေးထောက်ပံ့မှု ယာယီ ရပ်ဆိုင်းလိုက်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က ပြောသည်။

လျှပ်စစ်မီး၊ ရေနှင့် လမ်းမကြီးများကွန်ရက်ကဲ့သို့သော အခြေခံအဆောက်အအုံများအတွက် ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံခန့် အသုံးပြုခဲ့ကြောင်း အဆိုပါဘဏ်က ပြော သည်။

အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အခြား ငွေကြေးအဖွဲ့အစည်းများမှ ငွေကြေးထောက်ပံ့မှုက မြန်မာ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုအတွက် အရေးပါခဲ့ကြောင်း လေ့လာသူများက ပြောသည်။

အာရှဖွံ့ဖြိုးရေးဘဏ်၏ လုပ်ဆောင်ချက်က အာဏာထိန်းမှုပြုလုပ်ခဲ့သည့် မြန်မာ့တပ်မတော်အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ကြောင်း ၎င်းတို့က ဆိုသည်။

–ကိုးကား–အန်အိတ်ချ်ကေ
Ref; ADB suspends funding Myanmar govt. projects


Share this post