• Follow Us on
Latest News

Home အရေးပေါ်လူနာများအတွက် တပ်မတော်ပိုင်လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြုနိုင်ရန် စီစဉ်

အရေးပေါ်လူနာများအတွက် တပ်မတော်ပိုင်လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြုနိုင်ရန် စီစဉ်

Share this post

မိုဇမ်ဘတ်နိုင်ငံမြောက်ပိုင်း ကာဘိုဒယ်လ်ဂါဒိုပြည်နယ်၌ အိုင်အက်စ်အဖွဲနှင့်ဆက်နွှယ်သော သောင်းကျန်းမှုများ ကူညီနှိမ်နင်းပေးရန် ရဝမ်ဒါနိုင်ငံက အင်အား ၁၀၀၀ ပါ ပထမအသုတ် တပ်ဖွဲတစ်ဖွဲ စေလွှတ်လိုက် ကြောင်း သိရသည်။

မိုဇမ်ဘတ်သမ္မတ ဖိလစ်ပီညူစီက ယခုနှစ် ဧပြီလတွင် ရဝမ်ဒါနိုင်ငံသို ခရီးစဉ်တစ်ခု လာရောက်ပြီး နောက် နှစ်နိုင်ငံ သဘောတူညီချက်အရ ရဝမ်ဒါ ကာကွယ်ရေးတပ်ဖွဲနှင့် ရဝမ်ဒါရဲတပ်ဖွဲဝင်များ စေလွှတ်ခြင်းဖြစ်သည်။

တိုက်ခိုက်ရေးနှင့် လုံခြုံရေးစစ်ဆင်ရေးများအပြင် တည်ငြိမ်ရေးနှင့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခြင်းဖြင့် မိုဇမ်ဘတ်နိုင်ငံသို ရဝမ်ဒါတပ်ဖွဲများ ဖြန့်ကြက်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက် တစ်ခုက ဖော်ပြသည်။

အိုင်အက်စ်အဖွဲနှင့် ချိတ်ဆက်မှုရှိသော စစ်သွေးကြွများ၏ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီး နောက် ရေနံပေါကြွယ်ဝသော အဆိုပါဒေသရှိ မတည်ငြိမ်မှုများကြောင့် ပြည်သူများထောင်နှင့်ချီ သတ်ဖြတ်ခံခဲ့ရ ပြီး အများအပြား နေရပ်စွန့်ခွာခဲ့ရသည်။

ဒေသတွင်း အကြမ်းဖက်မှုဝါဒနှင့် အစွန်းရောက်ဝါဒ တိုက်ဖျက်မည့် တပ်ဖွဲတစ်ဖွဲစေလွှတ်ရန် ဇွန်လအ တွင်း သဘောတူခဲ့သည့် တောင်ပိုင်းအာဖရိကဖွံဖြိုးရေး အသိုင်းအဝိုင်း (SADC) လက်အောက်ရှိ တပ်ဖွဲများနှင့် ရဝမ်ဒါတပ်ဖွဲများက ပူးပေါင်းမည်ဖြစ်သည်။

ယခုကဲ့သို တပ်ဖွဲများဖြန့်ကြက်မှုက ရဝမ်ဒါနှင့် မိုဇမ်ဘတ်နိုင်ငံကြား ကောင်းမွန်သော နှစ်နိုင်ငံဆက်ဆံ ရေးကို အခြေခံကြောင်း ရဝမ်ဒါအစိုးရက ပြောကြားသည်။

ကာဘိုဒယ်လ်ဂါဒိုဒေသ၌ အကြမ်းဖက်သောင်းကျန်းမှုများကြောင့် ပြည်သူ ၈၀၀၀၀၀ ကျော် အိုးအိမ်စွန့် ခွာခဲ့ရပြီး ဒေသတွင်းရှိ နိုင်ငံတကာကုမ္ပဏီများ၏ ဓာတ်ငွေ့စီမံကိန်းများကို ခြိမ်းခြောက်နေသည်။

Ref; Rwanda deploys 1,000 troops to north Mozambique

#PeopleMedia #EPN #international #မိုဇမ်ဘတ်


Share this post