• Follow Us on

Home ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်မှ အချုပ်သားနှစ်ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်မှ အချုပ်သားနှစ်ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၄ (People Media)

 

ကိုဗစ်ရောဂါဖြစ်ပွားမှုများပြားလျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်မှာ အချုပ်သား နှစ်ဦး ကိုဗစ်ရောဂါပိုး ကူးစက်ခံရကြောင်း ကန်ကြီးထောင့်မြို့နယ် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှ သိရပါတယ်။

 

“ကူးစက်ခံရတယ်ဆိုတာကတော့ ဟုတ်ပါတယ်၊ မနေ့က ၁၇ ယောက်ပိုးတွေ့တာရှိတယ်၊ အဲ့ဒီအထဲမှာ ကွမ်းခြံကုန်းကျေးရွာအုပ်စု ကျုဒရယ်က အချုပ်သားတစ်ဦးရယ် ဝါးဒူး အနောက်အုပ်စုက အချုပ်သား တစ်ဦးရယ်မှာ ပိုးတွေ့တာဖြစ်ပါတယ်” လို့ ကန်ကြီးထောင့်မြို့နယ် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ယခုရက်ပိုင်းအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်း အစိုးရဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီး ယခုတွင် အချုပ်သားများတွင်ပါ ရောဂါပိုးထပ်မံ တွေ့ ရှိခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် ဇူလိုင်လ ၁၂ ရက်နေ့က မြန်မာစီးပွားရေးဘဏ်မှ ဝန်ထမ်း ၁၀ ဦး၊ စည်ပင်ဝန်ထမ်း ၁ ဦး၊ မြေစာရင်းဝန်ထမ်း ၁ ဦး၊ အခွန်ဝန်ထမ်း ၁ ဦး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ဝန်ထမ်း ၁ ဦး အထိ ကူးစက်ခံထားရကြောင်း သိရပါတယ်။

 

#PeopleMedia #ကန်ကြီးထောင့်

 

(unicode)


………………………………………………………….

 


 


 


 


 


 


 


Share this post