• Follow Us on
Latest News

Home ရန်လိုသောတပ်ဖွဲ့များက လက်ဦးတိုက်ခိုက်မှုပြုလုပ်ရန် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေဟု မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်ပြော

ရန်လိုသောတပ်ဖွဲ့များက လက်ဦးတိုက်ခိုက်မှုပြုလုပ်ရန် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေဟု မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်ပြော

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၃၀ (People Media)

 

ရန်လိုသောတပ်ဖွဲ့များက ကျူးကျော်တိုက်ခိုက်မှုများပြုလုပ်ရန် စစ်ရေးလေ့ကျင့်မှုများ အရှိန်မြှင့်လုပ် ဆောင်နေကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားလိုက်သည်။

 

စစ်ဘက်ဆိုင်ရာတပ်မှူးများ၊ နိုင်ငံရေးအရာရှိများ၏ လေးရက်ကြာ အလုပ်ရုံဆွေးနွေးပွဲတစ်ခု၌ ကင်ဂျုံအန်က မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း အာဏာရအလုပ်သမားပါတီ၏ ရိုဒွန်ဆင်မွန် သတင်းစာက ယနေ့ ဖော်ပြခဲ့သည်။

 

မြောက်ကိုရီးယားနိုင်ငံအပေါ် လက်ဦးတိုက်ခိုက်မှုပြုလုပ်ရန် ရန်လိုသောတပ်ဖွဲ့များက စစ်ရေးစွမ်းပကားများ စနစ်တကျ တိုးမြှင့်နေကြောင်း ကင်ဂျုံအန်ကပြောသည်။

 

နှစ်စဉ် သြဂုတ်လအတွင်း ပြုလုပ်လေ့ရှိသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုနှင့်ပတ်သက်၍ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံကြား အသေးစိတ် ဆွေးနွေးမှုများပြုလုပ်ပြီးနောက် ကင်ဂျုံအန်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအစီအမံများ လုပ်ဆောင်ရာတွင် အကြီးတန်းတာဝန်ရှိသူအချို့ တာဝန်ကျေပြွန် ခြင်းမရှိကြောင်း ပြီးခဲ့သည့်လက ပါတီအစည်းအဝေးတစ်ခု၌ ကင်ဂျုံအန်က စွပ်စွဲခဲ့သည်။

 

ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကြပ်အတည်းကြောင့် စစ်ပွဲကာလထက်ဆိုးသော အခက်အခဲများ၊ ကြပ်တည်း မှုများ ဖြစ်စေခဲ့ကြောင်း ၎င်းက ဆိုသည်။

 

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး၊ ကုလသမဂ္ဂ၏ ဒဏ်ခတ်အရေးယူမှုများကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး အခက်အခဲများကြား ပါတီ၏မူဝါဒများဖော်ဆောင်ရန် ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

Ref; N.Korea says hostile forces are boosting drills

 

#PeopleMedia #EPN #international #မြောက်ကိုးရီးယား

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 

Ref; N.Korea says hostile forces are boosting drills

 



Share this post